မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 31 July 2013

ပြည်ထဲရေး ၀န်ကြီးဌာန ရေးဆွဲသည့် ဆိုက်ဘာ ရာဇ၀တ်မှု ဥပဒေကြမ်း လွှတ်တော် တင်မည်


   
 ဆိုက်ဘာ ရာဇ၀တ်မှု ဥပဒေကြမ်းကို  လွှတ်တော်သို့ တင်သွင်းရန်ရှိပြီး ယင်း ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်  ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက တာဝန်ယူ စိစစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ယခင် အစိုးရလက်ထက်က ဆက်သွယ်ရေး ဥပဒေတွင် ဆိုက်ဘာ ရာဇ၀တ်မှုများကို ခေါင်းစဉ်ခွဲ တခုအဖြစ် ထည့်သွင်း ထားရှိခဲ့မှ ဆိုက်ဘာ ရာဇ၀တ်မှု ဥပဒေကို ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၏ အတွင်းရေးမှူး ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက  ပြည်ထဲရေး ၀န်ကြီးဌာနက ရေးဆွဲလျက်ရှိသော ဆိုက်ဘာ ရာဇ၀တ်မှု ဥပဒေ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ သြဂုတ်လ ၁ ရက်နေ့ တွင်ပြုလုပ်မည်ဟု ဧရာဝတီသို့ ပြောသည်။
“ကိုယ်တို့ ကော်မတီက Cyber Crime Law အပါအ၀င် ဥပဒေ ၅၇ ခု ဆောင်ရွက်ဖို့ရှိတယ်။ လ၀က (လူဝင်မှုကြီးကြပ်ရေး) ဥပဒေ ၉ ခုရှိတယ်။ ပြည်ထဲရေးက ဥပဒေ ၄၇ ခု ရှိတယ်။ သြဂုတ် ၁ ရက်နေ့မှာ ကျနော်တို့ ကော်မတီနဲ့ လ၀က၊ ပြည်ထဲရေးဝန်ကြီးဌာနဲ့ တွေ့ဖို့ရှိတယ်။ အဲဒီအခါကျရင် Cyber Crime Law အကြောင်း ကျနော်

Tuesday 30 July 2013

Window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ


နည်းတွေကတော့အများကြီးရှိပါတယ်။ အလွယ်ဆုံးနည်းလေးတစ်ခုကိုအရင်စပြောပြပါ့မယ်။ ဒီနည်းကတော့အကူ Software တစ်ခုလိုပါတယ်။ အဲဒီဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းလိုက်ပါ။ ပြီးရင်အခွေဘမ်းလိုက်ပါ။ အောက်ကအဆင့်အတိုင်းဆက်လုပ်သွားပါ။

1. ဒီနေရာကနေ  Trinity Rescue Kit ကို Download လုပ်ယူလိုက်ပါ။
2. Download ပြီးလို့ iso ဖိုင်ရလာပြီဆိုရင် အဲ့ဒါကို bootable disk ဖြစ်အောင် iso burner ဒါမှမဟုတ် Nero တစ်ခုခုနှင့် အခွေ burn လိုက်ပါ . (Nero express ရှိတယ်ဆိုရင် iso ဖိုင်ကို Double click နှိပ်တာနဲ့ Burn ဖို့အတွက် အဆင့်ကို တန်းရောက်သွားမှာပါ)
3. ရတာတဲ့ အခွေကို CD room ထဲထည့်လိုက်ပါ ... မထည့်ချင် BIOS ထဲဝင်ပြီးတော့ 1st boot device ကို CD Room တော့ထားပေးဖို့လိုပါတယ်။
4. ပြီးတာနဲ့ စက်ကိုဖွင့်လိုက်ပါ . ရွေးခိုင်းတဲ့အဆင့် ရောက်လာပြီ ဆိုရင်အပေါ်ဆုံးက

Win.rar Password ကိုဖြေရအောင်

ဒီနေ့ကျွန်တော်လိုက်ရှာနေတဲ့ Win.rar Password ဖြေဖို့Softwareကောင်းကောင်းလိုက်ရှာရင်းနဲ့ အွန်လိုင်းConvertလေးတစ်ခုတွေ့လို့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းလည်းကောင်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ် ပြီးပါပြီ။အောက်ကနည်းလေးအတိုင်း စမ်းသပ်ပြီးလုပ်ကြည့်လိုက်ပါ။ လွယ်ပါတယ်ခင်ဗျာ။
 
(၁)  အရင်ဆုံးအနေနဲ့ ONLINE CONVERT.COM  ကိုသွားလိုက်ပါခင်ဗျာ။

(၂)  နောက်ပြီးရင် BROWSE နေရာမှာ မိမိပြောင်းချင်တဲ

Kaspersky Key ထည့်နည်းလေး


ပထမဆုံး Kaspersky 2012 နဲ့ ကီးတွေကို ဒီမှာ ယူပါ။ ပြီးရင် ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်လိုက်ပါ။ အထဲမှာတွေ့ရတဲ့ Kaspersky 2012 ကိုကလစ်နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ အောက်မှတွေ့ရတဲ့အတိုင်း ဖိုင်ကိုဖြန့်ပါလိမ့်မယ်။ အောက်မှာပုံတွေကိုကြည့်ပါ။
 


ဖိုင်တွေကိုဖြည်ပြီးရင်တော့ Welcome Box ကျလာပါမယ်။ Next ကိုနှိပါပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ လိုင်စင်သဘောတူညီမှုတောင်းပါလိမ့်မယ်။ I Agree ပေးလိုက်ပါ။ အောက်မှာကြည့်ပါ။
ပြီးရင်တော့ Install လုပ်ဖို့

သူရဦးရွှေမန်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကရာထူး လွှဲပြောင်းရယူမည်

 
သူရဦးရွှေမန်း ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယကရာထူး လွှဲပြောင်းရယူမည်

နေပြည်တော်၊ ဇူလိုင် ၂၉

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသ ည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ရာထူး လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အခမ်းအနားဖြင့် လက်ခံမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု ဝန်ကြီး များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားပြီး တက်ရောက်ခြင်း ရှိ မရှိ ကိုမူ လွှတ်တော် သို့ အကြောင်းပြန်ထားခြင်း မရှိသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတော် သမ္မတအဖြစ် တာဝန် ထမ်းဆောင်နိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့က ဒုတိယအကြိမ် ပြောကြား ထားသည်။

ပြည်ထောင်စု လွှတ်တော် လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် နာယကအဖြစ် တာဝန်ထမ်းဆောင်မည့် သူရဦးရွှေမန်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြီး သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပေးသွားမည် ဖြစ်ကာ လက်ရှိတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်နေကြောင်း ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပထမ ၂ နှစ်ခွဲ သက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက် ရမည်ဖြစ်ပြီး လက်ကျန် သက်တမ်း ၂ နှစ်ခွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည် ဖြစ်သည်။

ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော် နာယက ရာထူးကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထမ်းဆောင်နေသည်။


 Credit The Voice Weekly

နေပြည်တော်၊ ဇူလိုင် ၂၉

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသ ည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ရာထူး လွှဲပြောင်း ရယူမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သူရ ဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်

အင်တာနက်လိုင်း မကောင်းလည်း Facebook မြန်မြန်သုံးမယ်



အင်တာနက် လိုင်းမကောင်းလို့ Facebook ပေါ် တက်မရဘူးလို့ ဆိုကြ ပါတယ်။ ရပါတယ်။ ဖြစ်အောင်လုပ်ရင်ရပါတယ်။ သို့ပေမယ့် အောက်ပါ လခ့်များကို အသုံးပြုဖို့တော့ လိုအပ်ပါတယ်။

မိုဘိုင်းဗားရှင်း m

မိုဘိုင်းဗားရှင်းပါ။ Facebook က မိုဘိုင်း Platform အတွက် ထုတ်ထားတဲ့ Facebook ဖြစ်ပေမယ့် Desktop PC တွေမှာလည်း အသုံးပြုလို့ ရပါတယ်။ m.facebook.com လို့ရိုက်လိုက်ရင် Width သေးသေးနဲ့ News Feed တွေကို အလွယ်တကူ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ Status တွေ၊ ပုံတွေလည်း တင်လို့ ရပါတယ်။

https://lite.facebook.com/

https://touch.facebook.com/

touch က Tablet ဗားရှင်း ဖြစ်ပါတယ်။ သူနဲ့လည်း Facebook ကို အလွယ် တကူ ဝင်နိုင်ပြီး News Feed တွေဖတ်မယ်။ Status တွေတင်မယ်။ ပုံတွေ

Monday 29 July 2013

တကောက်ကောက်လိုက်နေတဲ့ မြန်မာ့ထောက်လှမ်းရေး



  မြန်မာပြည်မှာ ထောက်လှမ်းရေးတွေ ဘယ်လောက် လှုပ်ရှားနေသလဲ။ လောလောဆယ်တော့ အဖွဲ့ ၂ ခု ရှိနေပါတယ်။
 စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့၊ ပြီးတော့ .... SB လို့ ခေါ်တဲ့ နာမည်ကြီး ရဲထောက်လှမ်းရေးအဖွဲ့။

ဒါက ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖော်ပြထားတဲ့ http://www.irrawaddy.org/archives/40886
In Burma, Internal Spy Network Lives On ဆောင်းပါးမှာ ရေးထားပါတယ်။

သိပ်မကြာသေးခင်  AP သတင်းသမားတွေ
မိတ္ထီလာ သွားတုန်းကတော့ စောင့်ကြည့်ထောက်လှမ်းသူတွေက နေရာတကာမှာ ရှိနေတယ်၊ နောက်ကနေလည်း ဆိုင်ကယ်နဲ့ လိုက်တာ ခံရပါတယ်။
သမ္မတရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကတော့ - SB တွေက စာနယ်ဇင်းသမားတွေကို   စောင့်ကြည့်တာတွေ မလုပ်တော့ပါဘူး တဲ့။
သို့သော်လည်း

Sunday 28 July 2013

အမျိုးသားတွေကတော့ လူပျိုစစ်စစ် ဖြစ်ဖို့ မလိုတာ ဘာကြောင့်လဲ


 "အမျိုးသမီးတွေက ဘုရားစေတီတွေကို သွားခွင့်ရှိတယ်၊ ဒါပေမယ့် ဘုရား ပရ၀ုဏ်ထဲက တချို့နေရာတွေကို သွားခွင့် မရကြဘူး။
ဘုရား ပရ၀ုဏ်အတွင်း လူတွေထိုင်နိုင်တဲ့ အုတ်တံတိုင်း ဓာတ်ပုံကို မြင်ဖူးတယ်၊ အဲဒီမှာ ဆိုင်းဘုတ်နီကြီးနဲ့ ရေးထားတယ် ... အမျိုးသမီး မထိုင်ရ လို့။ ဒါပေမယ့် အုတ်တံတိုင်းပေါ်မှာ ခွေးတကောင် အိပ်နေတယ်။ ဒီတော့ အမျိုးသမီးတွေဟာ ခွေးလောက်မှ တန်ဖိုး မရှိတော့ဘူးလား"


 မထားထား (ဓာတ်ပုံ - SAMANTHA MICHAELS / THE IRRAWADDY)


ဒီအကြောင်း နဲ့ အမျိုးသမီးရေးရာတွေကို ပြောထားတာကတော့ ဧရာဝတီ ပင်မ စာမျက်နှာက အင်တာဗျူးတခုမှာ ဖြစ်ပါတယ်။

ဖြေဆိုတဲ့သူက အခရာ အမျိုးသမီးအဖွဲ့က မထားထား ဖြစ်ပါတယ်။

အင်တာဗျူး ခေါင်းစဉ်က Why Don’t Men Need to Be Virgins? - အမျိုးသားတွေ

နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ်

post-image


ဒီပို့စ်ကတော့ ကျွန်တော် တော်တော်ညံ့ခဲ့ကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်ပို့စ်ပါ

ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် အွန်လိုင်းပေါ်က
နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာဝက်ဆိုဒ်တွေ
 နိုင်ငံခြားဝက်ဆိုဒ်တွေထဲမှာပဲ အချိန်ကုန်နေလေ့ ရှိတဲ့လူတစ်ယောက်ပါ

အဲဒီလို နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်

အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး




Share လုပ်ပေးပါတယ်နည်းပညာပိုင်းတွေထဲမှာ Programming Language အချို့နဲ့ ဆော့ဝဲ Cracking အပိုင်း HTML Template အပိုင်းတွေကို အလေးပြုပြီး

Saturday 27 July 2013

ထင်းရူးမြိုင် ဆရာ တော် ဦးက၀ိစာရ ကို ထောင်ဒဏ် ချမှတ်


DSC03294
 
ဆေးတက္ကသိုလ် ဆောက် ဖို့  အတွက် ဘုန်းကြီး ကျောင်း မြေ ကို အာဏာပိုင် တွေ က
သိမ်းဆည်းထား တာ ကို ဆန္ဒ ပြ ဖို့  စီစဉ် နေ စဉ် မှာ အတင်း အကျပ် လူ ၀တ် လဲ ပြီး
တရား စွဲ ဆို ခံ ရတဲ့ ရှမ်း ပြည် နယ် တောင် ကြီး က ထင်း ရူး မြိုင် ဆရာ တော် ကို
တောင် ကြီး တရား ရုံး က ထောင် ဒဏ် တစ်နှစ် ခွဲ ချ မှတ် လိုက် ပါတယ်။
ပြီးခဲ့ တဲ့ မေ လ က ထင်းရူး မြိုင် ကျောင်းတိုက် က ကျောင်းတိုက် မှာ ပဥာန်း ပွဲ ကျင်း
ပနေ ချိန် မှာ သံဃာ တွေ ကို စစ်ကား နဲ့  ခေါ်ဆောင် သွား ပြီး အခြား ဘုန်းကြီး ကျောင်း
တစ် ခု ကို ပို့  ဆောင် ခဲ့ ပါတယ်။ ကျန် နေ ခဲ့ တဲ့ ကိုရင် တွေ ကို အတင်း အကျပ် လူ
ဝတ် လဲ စေပြီး ဦးက၀ိစာရ ကို တော့ လူဝတ် နဲ့  တောင် ကြီးထောင်

Friday 26 July 2013

လက်သည်းနဲ့ပတ်သတ်တာပြောပေးနိုင်မယ့် apk (မိန်းကလေးသီးသန့်)


nail-art-photo5
nailart-icon
ကဲ။ ဒီတစ်ခါတော့ မိန်းကလေးတွေအတွက် အထူးရှယ်တင်ပေးပါတယ်။ ကျွန်တော်ခုလက်ရှိတွေ့တဲ့ version က 1.2 ပါ။ ခု ဒီ လက်သည်းအရောင်တွေ လှပအောင် ပြင်နည်းတွေကို Android ဖုန်းရှိသူတိုင်းအတွက် ကောင်းမှာပါ။ မမကြီးတို့ လက်သည်းတွေနဲ့ ကိုက်ညီမယ့် ဒီဇိုင်းတွေလည်း အဲ့ဒီအထဲမှာ အများကြီးထည့်ထားပါတယ်။ ဒီနည်းလမ်းတွေဖတ်လိုက်တာနဲ့တင် Aroma တို့ လက်သည်းပြင်ဆိုင်တွေကို ငွေကြေးအများကြီးကုန်ပြီးသွားစရာမလိုတော့

မစုံစမ်းပဲနဲ့ရမ်း သမ်းလိုရာ ဆွဲပြီးရေးသားခြင်း


ယနေ့ထွက်ရှိလာသော သံတော်ဆင့် ဂျာနယ်ရဲ့မျက်နှာဖုံးသတင်းမှာ သံလျင်နည်းပညာပါချုပ် နှုတ်ထွက် တဲ့သတင်းဖတ်လိုက်ရပါတယ်။ အွန်လိုင်းမှာနံမည်ကြီးနေတဲ့ TU စုံတွဲ ရဲ့ movie ကို projector နဲ့ထိုးပြလို ပါ တဲ့။ ကျွန်တော် တော်တော်လေး ကိုအံသြသွားပြီး ဂျာနယ်အတွင်းပိုင်း မှာပါတဲ့ သတင်းကို ဖတ်ကြည့် လိုက်မိတယ်။ အဲဒါမှာ ကျွန်တော်သိလိုက်ရပါတယ် တော်တော်အသုံးမကျတဲ့ ဂျာနယ်ပါလားဆို တာသိလိုက် ရပါတယ်။ ဘာလိုလည်းဆိုတော့ စပြီး ခေါင်းစီး တက်ထားကတည်း GTCတဲ့ အထဲမှာရေးထား တော့ နည်းပညာတက္ကသိုလ်တဲ့

Thursday 25 July 2013

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်းအပိုင်း 1 2 3


၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက်ပိုင်းမှာ နျူကလီးယား လက်နက်ထုတ် လုပ်ဖို့အတွက် မြောက်ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို စတင်ခဲ့တာဘဲဖြစ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။ စီမံကိန်းအတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို

မြန်မာအစိုးရ ဒုဝန်ကြီးများ နုတ်ထွက်ခွင့်ပြု

မြန်မာအစိုးရအဖွဲ့အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ဒု ၀န်ကြီးတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုတဲ့အမိန့်ထွက်လာသလို ဒုဝန်ကြီး တာဝန်ထမ်းဆောင်မိန့်ပေးတာလည်း ပါဝင်ပါတယ်။ 



ပညာရေး ဒုန်ကြီး ဦးအေးကြူ၊ ရထားပို့ဆောင်ရေးဝန်ကြီး သူရ ဦးသောင်းလွင်တို့ကို

ဝန်ကြီးဌာနများ ဘတ်ဂျက်ငွေစာရင်း မှားယွင်းမှု အရေးယူရန် လွှတ်တော် နည်းလမ်းရှာ

အစိုးရ၀န်ကြီးဌာနများက အသုံးစရိတ် ဘတ်ဂျက် ငွေစာရင်းများ တင်ပြ တောင်းခံရာတွင် မှားယွင်းမှု၊ လိုအပ်သည်ထက် ပိုမို ငွေတောင်းခံမှု၊ ပိုလျှံငွေများကို အချိန်မီ ပြန်လည် မပေးသွင်းမှုများကို အရေးယူဆောင်ရွက်ရန် အထူး လိုအပ်လျက် ရှိပြီး ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အရေးယူနိုင်မည့် နည်းလမ်းများ ရှာဖွေ နေကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အရအသုံးစာရင်းအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတရပ် ပြည်ထောင်စု လွှတ်တော်သို့  ဇူလိုင်လဆန်းပိုင်းတွင် တင်ပြလာခဲ့ပြီး ယင်း တင်ပြချက်တွင် အစိုးရ၀န်ကြီးဌာနများ၏ ငွေစာရင်းမှားယွင်းမှု၊ လိုအပ်သည်ထက် ပိုမို ငွေတောင်းခံမှု၊ ပိုလျှံငွေများကို သတ်မှတ်ရက်အတိုင်း ပြန်လည် အပ်နှံခြင်းမပြုဘဲ နောက်ကျ အပ်နှံမှုများရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ နှင့် အစိုးရ၀န်ကြီးဌာနများလက်အောက်ရှိ ဗဟိုအဖွဲ့အစည်းများ၏ ရငွေ၊ သုံးငွေများကို မစစ်ဆေးနိုင်ခဲ့ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ပြည်သူ့ဘဏ္ဍာငွေ ရသုံးစာရင်းများနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးဌာနများ၏

Wednesday 24 July 2013

ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊

 အင်မတန်ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမပြောနဲ့၊ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေလောက်ကို မမြန်ပဲ အလွန်နှေးတဲ့ မြန်မာ့အင်တာနက်ဟာ လူတွေအပြောမှာ လိပ်ကို ကြိုးတုတ်လွှတ်လိုက် သလိုပဲ လို့ ပြောစမှတ် ပြုကြပါတယ်။ 


ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊ ဓာတ်ပုံ- thetechjournal.com

အခု မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေကို အသိပေးလိုက်တာကြောင့် ကြိုးတုတ်လွှတ်လိုက်တဲ့ လိပ် အပြေးနှုန်း ထက် ပိုနှေးရပါတော့မယ်။ 
ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းမှာ ချို့ယွင်းမှု ဖြစ်ပွားခဲ့ လို့ နိုင်ငံတကာ တယ်လီဖုန်း ခေါ်ဆို မှုနဲ့ အင်တာနက် တွေကို မပြတ်တောက်ရုံသက်သက်ပဲ ထိမ်းပြီးချိတ်ဆက်ပေးထားတယ်တဲ့။ 
ဒီလိုမျိုး အင်တာနက် ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း

အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအြေ ကာင်း


အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စ
တန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ အာဖဂန်နိုင်ငံ ဟင်ဒုကတ်ရှ် တောင်တန်း၏ တောင်ဘက်အရပ်ဒေသများတွင် ဗုဒ္ဓဘာသာသည် ထိုစဉ်ကများစွာ စည်ပင်ဝပြောခဲ့သည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။ သမိုင်းဆိုင်ရာ သက်သေအထောက်အထားများအရ အာဖဂန်နစ္စတန်တွင် အစ္စလာမ်ဝါဒ မထွန်းကားမီ (ခရဏ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၅ ခု)ကပင် ဗုဒ္ဓဘာသာ အခြေတည်ခဲ့ကြောင်း သုတေသီတို့က သုံးသပ်ကြသည်။ ထိုသို့ စောစီးစွာ အခြေတည်ခဲ့သော ဗုဒ္ဓသာသနာမှာ အေဒီ ၇ ရာစုတွင် စတင်မှေးမှိန်လာခဲ့ပြီး၊ အေဒီ ၁၁ ရာစုတွင် လုံးဝ ကွယ်ပျောက်ချုပ်ငြိမ်း သွားခဲ့လေသည်။ ဤဒေသမှာ တရုတ်တို့၏

အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း


အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၁)
အခုတလော မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေ နှင့်ပါတ်သက်လို့ ပြီး ခဲ့ တဲ့ တနင်္ဂနွေ နေ့ ညနေက မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခုကို မြေးဖြစ်သူ နေရွှေသွေးအောင် အပါအ၀င် မိသားစု နဲ့ အတူ ကြည့်ရှုအပြီး မှာ သတိလစ် မေ့ မျော သွား ခဲ့ ပြီး တနင်္လာ နေ့  ညနေမှာ သတိ ပြန်လည် လာ က နောက်နေ့  တွေ မှာတော့ သတိမရ တစ်ချက် ရတစ် ချက် ဖြစ်နေပြီး အခု ထက်ထိ အိပ်ရာ ထက် လဲ နေဆဲ ရှိကြောင်း ဆိုတဲ့သတင်းကို ကြားသိခဲ့ရပါတယ်။ အာဏာရှင်ကြီး ဗိုလ်ချုပ်သန်းရွှေနှင့်ပါတ်သက်လို့ လေ့လာသိရှိခဲ့ရ သလောက် ကို အကျဉ်းချုံး တင်ပြချင်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေက မြန်မာပြည်အထက်ပိုင်းက

Sunday 21 July 2013

၂၀၁၄ ခုနစ် သန်းခေါင်စာရင်းကို "ဝ"မှာပါ ကောက်ယူမည်

၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက် ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ "၀" အထူးဒေသ အပါဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ စာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။
 "ဝ" ဒေသတင် မကပါဘူး။ကျွန်တော်က စောစောက ပြောသလို သန်းခေါင်းစာရင်းက တစ်နိုင်ငံလုံး ကောက်မှာ။မတ်လ ၁၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်နေ့အထိ၊သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည်

Saturday 20 July 2013

သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ်

အော်...သမ္မတကြီး....သမ္မတကြီး.....
နိုင်ငံခြားတိုင်းပြည်တွေကို ချစ်ကြည်ရေးခရီးတွေသွားလေသမျှ...
သူ့ကိုယ်ကျိုးအတွက်တစ်ခုမှ မပါခဲ့ရှာဘူး.....
ပုခက်ထဲကကလေးငကယ်လေးကနေ....
သက်ကြီးရွယ်အို ဘိုးဘွားတွေအထိ စဉ်းစားပြီး
ကောင်းကျိုးရှာ တောင်းဆိုပေးခဲ့ရှာတယ်...။
အလုပ်လုပ်နိုင်သူမှန်သမျှ အလုပ်အကိုင်
အခွင့်အလမ်းတွေရစေဖို့....
ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ ဖိတ်ခေါ်ဆိုတာတောင်မှ
အနာဂတ်အတွက်ရည်မျှော်ပြီး နည်းပညာ၊
လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေမယ့်
လုပ်ငန်းတွေကိုအလေးပေးဖိတ်ခေါ်ခဲ့တယ်...။
ရှေးနှစ်ပေါင်းများစွာကတည်းက တိုင်းပြည်မှာ
အတူမှီတင်းနေထိုင်ကြတဲ့ မတူညီတဲ့ဘာသာဝင်တွေ
အချင်းချင်းအေးချမ်း ညီညွတ်စွာအတူ
ယှဉ်တွဲနေထိုင်နိုင်ဖို့အရေး သူ....အလေးပေးဆောင်ရွက်ခဲ့တယ်...။
တိုင်းရင်းသားအဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိစေဖို့
မနေမနားကြိုးစားခဲ့ရှာတယ်...။
ပညာရေး၊ကျန်းမာရေး၊ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး....စတဲ့...စတဲ့
ဘာအရေး ညာအရေးတစ်ခုတလေမှမကျန်ရလေအောင်
နိုင်ငံသူ၊နိုင်ငံသားတွေအတွက် သူ...ရိုးသားစွာကြိုးစား
ဆောင်ရွက်ခဲ့တယ်...။
သူလုပ်ခဲ့သမျှ၊ရပ်တည်ခဲ့သမျှ၊ပေးဆပ်မှုတွေအားလုံး
ကိုယ်ကျိုးအပါ အတ္တမာနကင်းခဲ့တယ်...။
၂၀၁၅သမ္မတဖြစ်ရေးတစ်ခွန်းမှ မပါခဲ့ဘူး...။
နောင်တက်လာမယ့် အစိုးရသစ်အတွက်
ကောင်းမွန်တဲ့အခြေခံတွေ ချန်ထားဖို့အရေးကြိုးစားပေးရှာတဲ့ သမ္မတကြီး...။
အော်...လူထဲကလူဆိုတော့လည်း လောကဓံတရားမရှောင်လွဲနိုင်ရှာဘူးပေါ့...။
ချီးမွမ်းသူတွေရှိသလို ကဲ့ရဲ့ပြစ်တင်နေတဲ့သူတွေလည်းဒုနဲ့ဒေးပေါ့....။
ဘယ်သူတွေဘယ်လိုပြောပြော.....
ကမ္ဘာမှာ မြန်မာဟေ့လို့ ပြန်လည်ဝင့်ကြွားနိုင်ဖို့၊
အတိတ်သမိုင်းဟောင်းအရိပ်မည်းတွေခြေဖျက်
အနာဂတ်လှစေဖို့အရေးကြိုးစားဆောင်ရွက်နေတဲ့သမ္မတကြီးအတွက် ကျွန်တော်တို့တတွေအမြဲတမ်းဂုဏ်ယူလျက်ပါ...။ ။
(Lin Yone)
= ၊ x ၊ = ၊ x ၊= ၊ x ၊ = ၊ x ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊ + ၊ = ၊
Saturday, 20 July 2013 သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာကို ဗြိတိန် လက်နက် ဝယ်ယူခွင့်ပြု ဥရောပ သမဂ္ဂ (အီးယူ) က ပိတ်ပင် ထားသည့်ကြားမှ မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ၅သန်း(ယူရို ၃ ဒသမ ၃ သန်း) တန်ဖိုးရှိ လက်နက်များ တင်သွင်းခွင့် လိုင်စင် ဥရောပသမဂ္ဂ အဖွဲ့ဝင် ဗြိတိန်အစိုးရ က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပေးအပ် လိုက်ကြောင်း ဗြိတိန် အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ ဗြိတိန် အစိုးရက ဇူလိုင်လ ၁၇ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ တန်ဖိုးရှိ လက်နက်

Huiwei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြောကြား

 

Saturday, July 20, 2013

ဆစ်ဒနီ၊ ဇူလိုင် ၁၉

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။
အမေရိကန် စီအိုင်အေ အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က Australian Financial Review သို့ ပြောကြားရာတွင် တရုတ်သည် အနောက်နိုင်ငံများအပေါ် အကန့်အသတ်မဲ့ သူလျှို လုပ်လျက် ရှိကြောင်း၊ ယင်းသို့ ပြုလုပ်ရန် တရုတ် တယ်လီကွန်း ကုမ္ပဏီဖြစ်သော ဟွာဝေးသည် တရုတ် အစိုးရ ကို သတင်း အချက်အလက်များ ပေးနေသည်ဟု

Friday 19 July 2013

အန်ဒီအက်ဖ်ပါတီဝင် ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

 

Friday, July 19, 2013

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ရဲ့ ကချင်ပြည်နယ် စည်းရုံးရေး တာဝန်ခံ လယ်သိမ်းခံရသူတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်နေ့ညနေပိုင်းမှာ နေအိမ်ကနေ ဖမ်းဆီးသွားပါတယ်။
မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းက ဒေါ်ဘောက်ဂျာကို အမှု ၃ ခုနဲ့ တရားစွဲဆို ထားတယ်လို့  အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“၂၀၁၁ ခုတုန်းက တရားခံပြေးပေါ့ အဲဒီအမှုနဲ့ ဖမ်းထားတယ်။ သူက လျှောက်ပြေးနေတာကိုး။ နောက် စစ်ကောင်စီကနေပြီးတော့ စွဲချက်ပေါ့ ပုဒ်မ ၄၁ နဲ့ စွဲထားပါတယ်။ နောက်

ထိုင်းနိုင်ငံ ဖိုးသူတော် ဦးဆောင်သည့်ထိုင်း ပြည်သူများ တာချီလိတ်မြို့တွင် ဘာသာရေးအလှူ လာရောက်လုပ်ဆောင်ခဲ့ခြင်း။

       

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာ အောင်ဇေယျာသီရိ

ဘုန်းတော်ကြီးကျောင်းသို့ထိုင်းနိုင်ငံဖယောင်းမြို့ ဖိုးသူတော် အာကျန်ခုန်းစံနှစ်ထိုင်းဆုန် မှဦးဆောင်

ပြီး ဘုန်းတော်ကြီးများ ထိုင်းပြည်သူ(၂၂၀)ဦးသည် (၁၅-၇-၂၀၁၃)ရက်နေ့      နံနက်တွင် ထိုင်းနိုင်ငံ

မယ်ဆိုင်မြို့မှတဆင့် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တာချီလိတ်မြို့သို့လာရောက်ခဲ့ပါသည်။
 
  အဆိုပါဖိုးသူတော် အာကျန်းခုန်းစံနှစ်ထိုင်းဆုန် နှင့်အဖွဲ့အား တာချီလိတ်မြို့တွင် ကျောင်းဂေါပက
အဖွဲ့ဝင်များဖြစ်သည့် ဦးသိန်းထွန်း၊ဦးသန်းဇော်၊ ဦးမောင်ဌေး တို့နှင့်အတူမေတ္တာရှင်(သာရေး/နာရေး)
အသင်းဥက္ကဌ ဦးဘိုစံ၊ ဒု-ဥက္ကဌ ဦးအောင်အောင်၊အတွင်းရေးမှူးဦးကျော်စွာဝင်း၊တွဲဖက်အတွင်းရေးမှူး
ဦးကျော်ဆွေ၊  ကော်မတီဝင်များဖြစ်သည့်  ဦးအောင်ဝင်း၊  ဦးဂျီဝမ်း၊ ဦးဖိုးရွှေ၊  ဦးခိုင်ဇော်၊   ဦးတင်မြင့်၊
ဒေါ်ရွှေစင်ခက် တို့မှ ဦးဆောင်သည့် ဆပ်ကော်မတီများ၊အသင်းဝင်(၄၀)ဦးတို့မှ      ခရီးဦးကြိုဆိုကာ
ကားများဖြင့် အောင်ဇေယျာသီရိ ကျောင်းသို့သွားရောက်ကာ  ဖိုးသူတော် ဦးဆောင်သည့်ထိုင်းအဖွဲ့မှ
အောက်ပါလှူဘွယ်များကို

Thursday 18 July 2013

စာရေးဆရာကြီး ဒဂုန်တာရာအာဇာနည်နေ့ဟောပြေားချက်

 (ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင် ကြီးများနှင့် တွေ့ဆုံ ဆက်ဆံခဲ့ဖူးသော စာရေး ဆရာကြီး ဒဂုန်တာရာအား ဧရာဝတီ စာတည်း ကိုစိုးက အာဇာနည်နေ့နှင့် ပတ်သက်သော အမှတ်တရ များကို မေးမြန်းခဲ့ပါသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် နေထိုင်လျက် ရှိသည့် ဆရာကြီး ဒဂုန်တာရာကို ၂၀၁၀ ပြည့်နှစ်တွင် ဆက်သွယ် မေးမြန်းချက်မှ ပြန်လည် ကောက်နုတ် ဖော်ပြခြင်း ဖြစ် ပါသည်။) 

စာရေးဆရာကြီး ဒဂုန်တာရာ (ဓာတ်ပုံ – ဧရာဝတီ)


ကျနော်က အခု အသက် ၉၂ ထဲ ရောက်ပြီ။ အဲဒီ အာဇာနည်နေ့ပေါ့ဗျာ။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်၊ အဲဒီတုန်းက ကျနော်လည်း ငယ် သေးတယ်။ 
ကျနော်က တက္ကသိုလ် သမဂ္ဂမှာ အမှုဆောင် ၂ နှစ် ဆက်တိုက်ဖြစ်ခဲ့ သေးတယ်။ စစ်မဖြစ်ခင်ပေါ့ဗျာ၊ ၁၉၃၉ – ၄၀၊ အဲဒီတုန်းက ဥက္ကဌ က ကိုလှရွှေ၊ အာဏာရှင် လှရွှေ၊ အဲဒီတုန်းက အာဏာရှင်ဆိုတဲ့ စကားလုံးက အကောင်းဗျ၊ ကောင်းတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ 
အဲဒီနှစ်တွေက ကျနော်က နေ့ကျောင်းသား နေခဲ့တယ်၊ ကျောင်းဆောင် ဘ၀ကတော့ ကျနော် စစ်ကိုင်းကျောင်း ဆောင်၊ ဟို တုန်းက အင်းဝ ၊ စစ်ကိုင်း၊ ပင်းယ ၊ ပဲခူး ဆိုပြီး ကျောင်းဆောင်တွေရှိတယ်၊ တက္ကသိုလ်ကိုတော့ ကျောင်းတိုက်လို့ ခေါ်တယ်၊ ကျနော်တို့က

Wednesday 17 July 2013

ဘွဲ့လက်မှတ်တုဖြင့် Work Permit လျှောက်ထားသူ မြန်မာ ၂၀ ကျော် စင်ကာပူ အစိုးရ အရေးယူ


Thursday, July 18, 2013

 
ရန်ကုန်၊ ဇူလိုင် ၁၇

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထား သူ မြန်မာနိုင်ငံသား ၂၁ဦးကို စင်ကာပူနိုင်ငံ အစိုးရက ဇူလိုင်လ ၁၇ရက်နေ့ တွင် အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) ထုတ်ပြန်ချက်ကို ကိုးကားကာ စင်ကာပူ သတင်း ဌာနများက ဖော်ပြ သည်။
အလုပ် လုပ်ခွင့် (Work Permit) လာရောက် လျှောက်ထားသည့် နိုင်ငံခြား သား ၂၅ဦးအနက် မြန်မာ ၂၁ဦး ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင် နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း၊ ယင်းနိုင်ငံခြားသား ၂၅ဦးအနက် ၂၀ဦးကို ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချခဲ့ပြီး ငါးဦးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ ဒဏ် ရိုက်ခဲ့ကာ ဒဏ်ငွေ မဆောင်လိုပါက ရက် ၂၀ ထောင်ဒဏ် ကျခံရမည်ဖြစ်ကြောင်း အဆိုပါ သတင်း ဌာနများတွင် ဖော်ပြသည်။
အဆိုပါ နိုင်ငံခြားသား ၂၅ဦးမှာ ၂၀၁၂ခုနှစ်အတွင်း အလုပ် လုပ်ကိုင်ခွင့်

ဒေလီမြို့တော် ရဲတပ်ဖွဲ့ ပစ္စတို ၉၉ လက် သိမ်းဆည်းရမိ

နယူးဒေလီ   ဇူလိုင်   ၁၇
အိန္ဒိယနိုင်ငံ ဒေလီမြို့တော် ရဲတပ်ဖွဲ့သည် နယူးဒေလီမြို့ အနီးတစ်ဝိုက်တွင် လှုပ်ရှားနေသော  ဒုစရိုက်ဂိုဏ်းများ အတွက် ရည်ရွယ် သယ်ဆောင်လာသော ပစ္စတို ၉၉ လက်ကို သိမ်းဆည်း
ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါ လက်နက်များကို မီရှရာနှင့် ဖီရော့ဇ် အလမ်ဆိုသူတို့က မော်တော် ကားတစ်စီး၏

Sunday 14 July 2013

I-Phone က လူသတ်လိုက်ပြီ


တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို

ကျပ်သိန်း ၁၄ဝဝ ဖိုး မူးယစ်ဆေးများ တောင်ကြီးမြို့မှာ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာရှိတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအိမ်ကို တစ်လလောက် ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။
"သတင်းရတာတော့ကြာပြီပေါ့ ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁ လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့

Friday 12 July 2013

တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီးယား ၆ဝ ကျော်ကို သူပုန်တွေဖမ်းထား

 

 မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ဒုက္ခသည် ၆၄ ယောက်ကို ရှမ်းပြည်နယ်တောင်ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဖက် မိုင် ၅ဝ ဝန်းကျင်လောက်မှာ ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲထားတယ်လို့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကင်မ်ဟီတေး (Kim Hee-Tae) ဆိုသူက ဒီနေ့ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ သူတို့ကို အဓမ္မအလုပ်ခိုင်းစေနေသလို၊ လွှတ်ပေးဖို့တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅ ထောင် ပြန်ပေးငွေတောင်းနေတယ်လို့လဲ မစ္စတာတေးကို ကိုးကားပြီး ကိုရီးယားနေ့စဉ်သတင်းစာ Yonhap က ဒီကနေ့ရေးပါတယ်။

မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံကိုဖြတ်ပြီး ရှမ်းပြည်နယ်အစပ်ကတဆင့် ထိုင်းနိုင်ငံကို ထွက်ပြေးလာလေ့ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကျွန်ပြုခိုင်းစေခံရမှုတွေကို လေ့လာနေတဲ့ တောင်ကိုရီးယား လူမှုရေးအဖွဲ့တစ်ဖွဲ့ဆီကနေတဆင့် သိရှိတာဖြစ်တယ်လို့လဲ

Thursday 11 July 2013

အဂ်ါဂြိုလ်ပေါ်မှ အမျိုးသမီးသည် မြန်မာဖြစ်ကြောင်း အခိုင်အမာပြောပြီ


  • အမေရိကန်နိုင်ငံ NASA အာကာသလေ့လာေ၇းဌာနမှ အဂ်ါဂြိုလ်လေ့လာရေးအတွက် လွှတ်တင်ထားသော ကျူရီယိုစီတီလေ့လာရေးယာဉ်မှ ပြန်လည်ပေးပို့လိုက်သော၊ Facebook, Twitter အစရှိသည့် လူမှုကွန်ရက် ၀က်ဆိုက်များတွင် ပျံ့နှံ့နေသော ဓါတ်ပုံ (ပူးတွဲပါပုံ)တွင် ပါရှိသည့် အမျိုးသမီးသည် မြန်မာအမျိုးသမီးဖြစ်ကြောင်း ဦးအောင် (အတွင်းေ၇းမှူး) (Myanmar Waitzar Association) မှ ယနေ့
    အခိုင်အမာ ဖွင့်ချပြောဆိုလိုက်သည်။
    မနုကျယ်ဓမ္မသတ်ကို စီရင်ရေးသားခဲ့သည့် မနုစာရီမင်းသမီးသည်
    ဟန်လင်း၊ သရေခေတ္တရာ စသည့် ပျူနိုင်ငံများ ထွန်းကားခဲ့စဉ်က ပုပ္ပါးနယ်တ၀ိုက်တွင် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သည့် အင်အားကြီးမားသော