မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 31 October 2013

မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်အပ်ပြီး



မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်အပ်ပြီး .. မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ
ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအေပါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုရင်န်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုစင်ီတီအဖွဲ့(MIDO)မှ သိရသည်။ ဖေ့စ်ဘွတ်တာဝ်ရနှိသူများအေနနှင့် မြန်မာနိုငင်ံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့်

NLD ပါတီဝင်အဖြစ်မှ အခြားပါတီဝင်အဖြစ် ၁၀ ရက်အတွင်း ၂ သုတ် ပြောင်းရွှေ့

NLD ပါတီဝင်အဖြစ်မှ အခြားပါတီဝင်အဖြစ် ၁၀ ရက်အတွင်း ၂ သုတ် ပြောင်းရွှေ့
====================================

NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အတွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ အောက်ခြေပါတီဝင်များကို လျစ်လျှူရှုထားမှု၊ ပါတီခေါင်းဆောင်ပိုင်းများမှ အာဏာရဖို့သာ လုပ်နေပြီး အောက်ခြေလိုအပ်ချက်ကို ဂရုမစိုက်မှု၊ ဗဟိုဦးစီးစနစ် လွန်ကဲမှု များကြောင့် NLD အပေါ် အယုံအကြည်မရှိတော့သဖြင့် နှုတ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

NLD ပါတီမှ နှုတ်ထွက်လာသူ အယောက် ၂၀ တွင်းမှ ခေါင်းဆောင် ဦးညီညီမြင့်အား အောင်မြေသာစံ ဒီမိုကရေက်တစ်ပါတီ၏ ဒုဥက္ကဌအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း သိရပြီး နောက်ထပ် လည်း မန်း NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း သည့် အောက်တိုဘာ ၂၀ ရက်နေ့မှ သတင်းအား www.myanmarexpress.net/2013/10/nld_21.html တွင် ဖတ်ရှုနိုင်ပါသည်။
 
http://www.myanmarexpress.net/2013/10/nld_31.html


NLD ပါတီဝင်အဖြစ်မှ အခြား ဒီမိုကရေစီ ပါတီတစ်ခုသို့ ၁၀ ရက်အတွင်း ၂ သုတ်ပြောင်းရွှေ့မှု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ် အနောက်ရပ်ကွက် လမ်း ၃၀ နှင့် ၉၁ လမ်းထောင့် ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရုံးသို့ အောင်မြေသာဇံမြို့နယ် NLD ပါတီမှ ၈ ဦးပြောင်းရွှေ့လာကြောင်း သိရသည်။ ယခုပြောင်းရွှေ့မှုသည် ၁၀ ရက်အတွင်း ဒုတိယအသုတ်ဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ၁၂ ဦးပြောင်းရွှေ့လာခဲ့ပြီးဖြစ်ကြေ
ာင်း သိရသည်။

NLD ပါတီမှ အောက်ခြေပါတီဝင်များကို လျစ်လျှူရှုထားမှု၊ ပါတီခေါင်းဆောင်ပိုင်းများမှ

ပုံတွေကို ပြု့ပြင်ရာမှာ အသုံးဝင်တဲ့ PhotoScape 3.6.5 နောက်ဆုံး update နှင့် အသုံးပြု့နည်း


  27 ရက်နေ့ကထွက်သွားတဲ့ update လေးပါ ။

ကျနော် လိုပဲ Photoshop မသုံးတက်တဲ့ သူငယ်ချင်းတွေအတွက် အရမ်းအဆင်ပြေပါတယ်

ဓါတ်ပုံဖြတ်ညှပ် ကပ်၊နာမည်ရေး စာရေး၊ Logo ဆွဲ ၊ မွေးနေ့ဖိတ်စာတွေ လောက်ကတော့

ကောင်းကောင်းလေးဆွဲ လို့ရတယ်။ အသုံးလိုမယ် ဆိုအောက်မှာဆွဲသွားလိုက်ပါ ခင်ဗျာ

Tuesday 29 October 2013

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ

 

အင်္ဂါနေ့၊ အောက်တိုဘာလ 29 ရက် 2013 ခုနှစ်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက်

ကျိုင်းတုံမှ တဆင့် တရုတ်ပြည်သို့ တရားမ၀င်ခိုးရောင်းရန် သယ်ဆောင်လာသည့် သစ် ၁၈ တန်ကျော် ဖမ်းဆီးရမိ

သတင်းရက်စွဲ: Tuesday, October 29, 2013 // , ,
၂၀၁၃ခုနှစ် အောက်တိုဘာလ ၂၈ရက်၊ နံနက် ၄နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ တဆင့် မိုင်းလားသို့  ကျွန်း နှင့် ပိတောက်သားများ တရားမ၀င်သယ်ဆာင်လာသော ကားနှစ်စီးအား ယန်းလှပူးပေါင်းဂိတ်၌ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


ကျိုင်းတုံမှ မိုင်းလားသို့  သစ်များအား တရားမ၀င်သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သစ်တောဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ လက်ထောက်ညွှန်ကြားရေးမှူး နှင့် မြို့နယ်ဦးစီးမှူးတို့ အပါအ၀င် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ
စောင့်ဆိုင်းနေကြစဉ် နံနက် ၄နာရီအချိန်ခန့်၌ သတင်းရရှိထားတာနှင့်အညီ ဖမ်းဆီးရမိတာဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော သစ်များတွင်

ဒီသူတွေ မကြီးပွား မချမ်းသာလျှင် ဘယ်သူတွေ ---------- ရှိမလဲ

 

အုပ်ချုပ်ရေးအာဏာဖြင့် ဘာသာ-သာသနာစော်ကား၊ ဒီသူတွေ မကြီးပွား
မချမ်းသာလျှင် ဘယ်သူတွေ ---------- ရှိမလဲ
         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခေတ်အဆက်ဆက်မှ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး
ပုဂ္ဂလိက  မီးလင်းရေးကော်မတီအဖွဲ့အစည်းပါဝင်သူအားလုံး မြို့နေလူထုများ လျှပ်စစ်မီးသုံးစွဲလိုလျှင် အသုံးပြုသူ
ထံမှ မည်သည့်ရပ်ကွက်တွင်နေထိုင်သည်ဖြစ်စေ ဘတ် (၈၅၀၀ ) ကောက်ခံပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့
ကျပ်(၇၀၀၀၀)၊ကျပ်ခုနှစ်သောင်းသာပေးသွင်းရပါသည်၊  ထိုကောက်ခံပြီးရသည့်ခြားနားငွေများ ဘယ်သူ့ဆီရောက်
သွားပါသနည်း၊  သုံးစွဲမီတာတစ်ယူနစ်လျှင်(၆)ဘတ်နှုန်းဖြင့် ပေးဆောင်နေရပါသည်၊ ပေးဆောင်နေရသောဈေးနှုန်း
မှာ ကြီးမားနေပါသည်၊ ပိုလျှံသော အမြတ်ငွေများမှာ

Monday 28 October 2013

ဖိုးလပြည့်တို့အုပ်စုကိုဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ်

သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။

ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။


သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။
သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ http://burma.irrawaddy.org/news/2013/10/21/49834.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

သူရိယအလင်းဂျာနယ်တိုက်ကို ပြီးခဲ့တဲ့ ဆယ်ရက်လောက်က လူအုပ်တအုပ် ရောက်လာတယ်၊ ပစ္စည်းတွေ သယ်သွားတယ်၊
သယ်သွားတာကတော့ သူရိယအလင်း နောက်ဆုံးထုတ် စောင်ရေ ၇၀၀၊ ကွန်ပျူတာ ၁၄ လုံးရဲ့ အဓိကအစိတ်အပိုင်းတွေလို့ ဆိုတယ်။

အဲဒီလူအုပ်ရဲ့ခေါင်းဆောင်က ဖိုးလပြည့် ဖြစ်ပါတယ် တဲ့။

"ဖိုးလပြည့် ဆိုသူက ဂျာနယ်တိုက်ထဲကို မ၀င်ပါဘူး။ ကားပေါ်က

မိုးစက်ဝိုင်နောက်ဆုံးအခြေအနေ သတင်း Update

မိုးစက်ဝိုင်နောက်ဆုံးအခြေအနေ သတင်း Update 
Saturday, October 26, 2013

စက္ကန့်တိုင်းမိနစ်တိုင်းမှာ Contestants တွေကြားထဲမှာ ဘယ်သူ ဗိုလ်စွဲနိုင်မလဲ ခန့်မှန်းခြေတွေထွက်လာပြီးတဲ့အခါမှာ အောက်ပါအတိုင်းအဖြေကိုတွေ့ရပါတယ် ။ 

မိနစ် ၂၀ တိုင်းမှာ ဆုရနိုင်ခြေကို ခန့်မှန်းပေးထားတဲ့ 20minutes.es ကတော့ ပုံမှာပြထားတဲ့အတိုင်းမြန်မာက မိုးစက်ဝိုင်က Miss Universe 2013 အတွက်ပထမနေရာကနေ ရေပန်းစားလို့နေပါတယ် ။ 

အဲဒီဆိုက်မှာလည်း ကိုယ်နှစ်သက်တဲ့လူကို Point 1 to 5 ပေးလို့ရအောင်စီစဉ်ပေးထားပါတယ် မြန်မာက 11773 points နဲ့ဗိုလ်စွဲလို့နေပါတယ် ။ ဒုတိယကတော့ Nicaragua ကဖြစ်ပြီးတတိယကတော့ Dominican Republic ကဖြစ်ပါတယ် ။ 

http://listas.20minutos.es/lista/miss-universe-2013-contestants-miss-universo-2013-candidatas-342619/

သက်တန့်ချို


 
စက္ကန့်တိုင်းမိနစ်တိုင်းမှာ Contestants တွေကြားထဲမှာ ဘယ်သူ ဗိုလ်စွဲနိုင်မလဲ ခန့်မှန်းခြေတွေထွက်လာပြီးတဲ့အခါမှာ အောက်ပါအတိုင်းအဖြေကိုတွေ့ရပါတယ် ။

မိနစ် ၂၀ တိုင်းမှာ ဆုရနိုင်ခြေကို ခန့်မှန်းပေးထားတဲ့ 20minutes.es ကတော့ ပုံမှာပြထားတဲ့အတိုင်းမြန်မာက မိုးစက်ဝိုင်က Miss Universe 2013 အတွက်ပထမနေရာကနေ ရေပန်းစားလို့နေပါတယ် ။

အဲဒီဆိုက်မှာလည်း

Sunday 27 October 2013

android ဖုန်းနှင့်  ဓါတ်ပုံရိုက်နေကြသူများအတွက်


android ဖုန်းနှင့်  ဓါတ်ပုံရိုက်နေကြသူများ ဒါကိုဆောင်ထားလိုက်ပါ။ မိမိတို့ ရဲ့ ဓါတ်ပုံတွေကိုလိုသလိုအရည်အသွေးပြည့် ဝတဲ့  photo တစ်ခုဖြစ်အောင်ဒီကောင်လေးနဲ့ ချိန်လို့ ရပါတယ်။ ( 3D ပုံတွေတောင်ဖန်တီးလို့ ရပါတယ် )မူရင်း PLAY STORE မှာ ဆိုရင် ( 7$ ) ဒေါ်လာလောက်ပေးရပါတယ်။ကဲနောက်မှကျအောင်ဆွဲချင်သပဆိုရင်တော

Friday 25 October 2013

'' ရွှေမော်ဓေါ စေတီ တော်ကြီး ရွှေ ဘယ်လောက်ချချ ဘာကြောင့် မည်းသွားရတာလည်း။''

'' ရွှေမော်ဓေါ စေတီ တော်ကြီး ရွှေ ဘယ်လောက်ချချ ဘာကြောင့် မည်းသွားရတာလည်း။''

ဒီအကြောင်းကို မပြောခင် တစ်ခုလောက် ၀န်ခံထားပါရစေ။ မောဓေါရှင်စေတီတော် နဲ့ ပက်သက်ပီး အကိုးအကားရှာဖွေတဲ့အခါ မှာကျမ်းကိုးကားရှိသလို ပါးစပ်သမိုင်းအရ ဗဟုသုတ ဖြစ်အောင် ကျွန်တော့် အဘိုးအဘွားများ ကိုမေးခဲ့ ဖူးတာတွေ ကိုပြန် ပြောပြချင်းဖြစ်ပါတယ်။
   
  ဗသုသုတအဖြစ် မောဓေါရှင်မှာ ဌာပနာထားတဲ့ အရာတွေ ကို ပြောပြပါ့မယ်။(ကျမ်းကိုး-၀ိကိပိဒိယ)

စေတီတော်ကြီးတွင်ဌာပနာတိုက်ပေါင်း ၁၄၅ တိုက်ပြုသည်။ (၁)။ရွှေသွန်း ဆင်းတု ၃၆ဆူ။ (၂)ရွှေ ခတ်ဆင်းတု ၁၆၈ဆူ (၃)ငွေသွန်းဆင်းတု ၃၄၅၁ ဆူ(၄) ငွေခတ်ဆင်းတု ၃၇၅၁ဆူ (၅) ခဲဆင်းတု ၁၉၃၆၁ဆူ (၆)နံသာဆင်းတု ၃၀ ဆူ (၇) ကျောက်ဆင်းတု ၈၃၂၉၁ဆူ  (၈) မြေဆင်းတု ၁၅၇ဆူ  (၉) ဖန်ဆင်းတု ၇ ဆူ  (၁၀) ပန်းပေါင်းဆင်းတု ၂ဆူ (၁၁) ဆင်ဆွယ်ဆင်းတု  ၁၄ဆူ (၁၂)ပယင်းဆင်းတု ၁၀၆ဆူ (၁၃) မြဆင်းတု ၁ဆူ  (၁၄) မိုးကြိုးဆင်းတု ၂ဆူ (၁၅)သစ် ဆင်းတု  ၃၄ဆူ (၁၆)ကရမက်ဆင်းတု ၆ ဆူ (၁၇) ပြသားသေဆင်းတု ၆ဆူ  (၁၈) ကြေးဆင်းတု  ၁၉၈၃ ဆူ(၁၉)ကျောက်စိမ်းဆင်းတု ၉ဆူ။
(၂၀) ရွှေအုပ် ၂၅ ချပ် (၂၁) ငွေအုပ် ၂၅ ချပ် (၂၂)ခဲအုပ် ၅၆၂ ချပ် (၂၃) ကြေးအုပ် ၄၃၆ ချပ် (၂၄)အင်္ဂတေအုပ် ၈၂၉ ချပ် (၂၅) သန်တာကျောက် ၃၇ လုံး (၂၆) ရာဇူးကျောက် ၇၁၉ (၂၇) ရွှေလက်စွပ် ၅၂ ကွင်း (၂၈) ငွေ လက်စွပ် ၃၂၄ ကွင်း 
(၂၉) ဘုရားရဟန်းဓါတ်တော် ၁၁၂၄၁ ဆူ ကို မြေအောက် ဌာပနာတိုက်မှာ ငှာပနာတော် မူပါတယ်။မြေပြင်နှင့်အညီ အင်္ဂတေ ထု ၂ ပေ ၄ လက်မ နဲ့ ပိတ်ပါတယ်။ ဘိုးတော် ဘုရားလက်ထက်တော် မှာပါ။

 ကျွန်တော် ငယ်ငယ်က ခဏခဏ မေးဖူးတယ် ရွှေမော်ဓေါ စေတီတော်ကြီး ဘာကြောင့် မည်းမည်းနေရတာလည်း လို့။ ကျွန်တော် အဘိုးအဘွားတွေ က ပြောပြတာပါ။ ရွှေမောဓေါ ကုန်းတော် ဖြစ်တဲ့ သုဒသ၁န ကုန်းတော် ပေါ်မှာ အရင်က မှော်ကန်ကြီးရှိတယ်တဲ့ အဲမှော်ကန်ကြီးကို ဖို့ပြီးတော့ ရွှေမော်ဓေါ စေတီတော် ကြီးကို တည်ထားခြင်းဖြစ်ပါတယ်တဲ့။ ပြောရရင်တော့ ကုန်းတော်ပေါ်မှာ မှော်တွေ နဲ့ ဖုန်းနေတဲ့ စိမ့်စမ်းတွေ ရှိတယ်။ အဲနေရာကို မြေတွေ ဖို့ပြီးတည်ခဲ့ တယ်။ဒါ့ကြောင့် စေတီတော်အတွင်း မှ ရေခိုးရေငွေ တွေ အေးစိမ့်တဲ့ ဓါတ်ကြောင့် မောဓေါ ရှင်စေတီတော်ကြီး ရွှေဘယ်လောက်ချချ ရေညှိ တွေ တက်တက်နေရတာပါ။ ရွှေတိဂုံစေတီတော်ကြီး နဲ့ ယှဉ်ရင် မောဓေါရှင် စေတီတော်ကြီး အမြဲ ရေညှိတွေ တက်နေတာကို သိကြမှာပါ။ အဲကန် ကို အစွဲပြုပြီး ရွှေမော်ဓေါ(၀ါ) ရွှေမှော်တော လို့ ခေါ်ကြ ခြင်းပါ ခင်ဗျာ။ (ပါးစပ် သမိုင်း)

မျိုးမင်းမိုး(ပဲခူး အင်းဝင်သား)


ဒီအကြောင်းကို မပြောခင် တစ်ခုလောက် ၀န်ခံထားပါရစေ။ မောဓေါရှင်စေတီတော် နဲ့ ပက်သက်ပီး အကိုးအကားရှာဖွေတဲ့အခါ မှာကျမ်းကိုးကားရှိသလို ပါးစပ်သမိုင်းအရ ဗဟုသုတ ဖြစ်အောင် ကျွန်တော့် အဘိုးအဘွားများ ကိုမေးခဲ့ ဖူးတာတွေ ကိုပြန် ပြောပြချင်းဖြစ်ပါတယ်။
ဗသုသုတအဖြစ် မောဓေါရှင်မှာ ဌာပနာထားတဲ့ အရာတွေ ကို ပြောပြပါ့မယ်။(ကျမ်းကိုး-၀ိကိပိ
ဒိယ)
စေတီတော်ကြီးတွင်ဌာပနာတိုက်ပေါင်း ၁၄၅ တိုက်ပြုသည်။ (၁)။ရွှေသွန်း ဆင်းတု ၃၆ဆူ။ (၂)ရွှေ ခတ်ဆင်းတု ၁၆၈ဆူ (၃)ငွေသွန်းဆင်းတု ၃၄၅၁ ဆူ(၄) ငွေခတ်ဆင်းတု ၃၇၅၁ဆူ (၅) ခဲဆင်းတု ၁၉၃၆၁ဆူ (၆)နံသာဆင်းတု ၃၀ ဆူ (၇) ကျောက်ဆင်းတု ၈၃၂၉၁ဆူ (၈) မြေဆင်းတု ၁၅၇ဆူ (၉) ဖန်ဆင်းတု ၇ ဆူ (၁၀) ပန်းပေါင်းဆင်းတု ၂ဆူ (၁၁) ဆင်ဆွယ်ဆင်းတု ၁၄ဆူ (၁၂)ပယင်းဆင်းတု ၁၀၆ဆူ (၁၃) မြဆင်းတု ၁ဆူ (၁၄) မိုးကြိုးဆင်းတု ၂ဆူ (၁၅)သစ် ဆင်းတု ၃၄ဆူ (၁၆)ကရမက်ဆင်းတု ၆ ဆူ (၁၇) ပြသားသေဆင်းတု ၆ဆူ

ဗုံးစွန့်ကျင်း သို့မဟုတ် ဉာဏ်ကြီးရှင်တို့ ဖန်တီးမှု

အောမင်္ဂလာ အဝေးပြေး ကားဝန်းမှာတွေ့ရတဲ့ ဗုံးစွန့်ကျင်း ဆိုတဲ့ ဖေ့စ်ဘုတ် က ဒီနေရာမှာ တင်ထားတဲ့ ဓာတ်ပုံကို မြင်တော့ အတွေးဆန့်မိဖြစ်တယ်။ ဒီဓာတ်ပုံကိုမြင်ပြီး ဉာဏ်ကြီးရှင်တို့ရဲ့ ဖန်တီးမှု လို့ ပြောရမ လားပါဘဲ။ 

တလော ဗုံးတွေပေါက်၊ ဗုံးတွေတွေ့နဲ့ လူအများလည်း ဗုံးလန့်ကြ၊ စိုးရိမ်ကြနဲ့ လူတွေလည်း မသွားရဲ၊ မလာရဲ နဲ့ ဖြစ်ခဲ့ကြတယ်။ 
အခု ဒီလို ဗုံးစွန့်ကျင်းထဲကို သံသယဖြစ်ဖွယ် ဗုံး ဆိုတဲ့ အရာကြီးကို ပြည်သူတွေက ယူသယ်သွားပြီး စွန့်ရ မယ့် သဘော ဖြစ်နေတယ်။  ဘယ်လောက် အန္တရာယ်များလိုက်မလဲ ဆိုတာ

စီးပွားကူးသန်း အရာရှိ ၃ဝ ရာထူး တိုးပေးမှု မသမာမှုများရှိဟုဆို

 Friday, October 25, 2013

စီးပွားကူးသန်း သင်တန်းဖွင့်ပွဲ မြင်ကွင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်အောက်ရှိ ဌာနခွဲများတွင် လစ်လပ်လျက်ရှိသော အရာရှိရာထူး ၃၀ အတွက် ၀န်ထမ်းများ ရာထူး တိုး
ပေးရာတွင် တရားမျှတမှု မရှိဘဲ မသမာမှု များရှိနေကြောင်း သတင်းရရှိသည်။ 
သမ္မတ ဦးသိန်းစိန်က မတ်လ ၂၉ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၂ ဦး၊ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ၆ ဦးအပါအ၀င် နယ်စပ် ကုန်သွယ်ရေးဝန်ထမ်း အချို့ကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို

Wednesday 23 October 2013

မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌကို သမ္မတက နုတ်ထွက်ခွင့်ပြု


Thursday, October 24, 2013
သမ္မတ ဦးသိန်းစိန်က ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းညိန်းကို အောက်တိုဘာလ ၂၃ ရက်စွဲနဲ့ လက်မှတ်ရေး ထိုးပြီး ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပါတယ်။ ဒီအကြောင်း သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားတာကို ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၇ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်  ၄  ရက်
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။

                                                                                                             (ပုံ)သိန်းစိန်       
                                                                                                           နိုင်ငံတော်သမ္မတ       
                                                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Internet Download Manager ရဲ့ Download Speed ကိုမြန်သွားအောင် HACK လုပ်ကြစို့

 
 
လူတိုင်းမှာလည်း Internet Download Manager ရှိပါတယ်။ မရှိရင်တော့ ဒီမှာ ရယူလိုက်ပါ။ ဒီတစ်ခါတော့ မိတ်ဆွေများ တောင်းဆိုချက်အရ Internet Download Manager ရဲ့ Download Speed ကို Hack ရအောင်ဗျာ။ သင့် စက်မထိခိုက်ပါဘူး။ နည်းတွေက ၄နည်း၊ ၅နည်းလောက်ထည့်ပေးထားပါတယ်။ များတဲ့အတွက် ကျွန်တော် Ebook ချုပ်ပြီး

အလုပ်လက်မဲ့ဖြစ်မှုနှုန်း ချိန်ကိုက်ဗုံး တလုံးလိုပဲဟု ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေတာဟာ ချိန်ကိုက်ဗုံးတလုံးလို ဖြစ်နေတယ်လို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ဥရောပ နိုင်ငံခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံမှာ ကျင်ပတဲ့ ဆက်ခါရော့(Sakharov) ဆုချီးမြင့်ပွဲ အခမ်းအနား အပြီး အောက်တိုဘာလ ၂၂ ရက်နေ့က ဥရောပ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌနဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “တနိုင်ငံလုံးမှာ အလုပ်လက်မဲ့နှုန်း အရမ်းမြင့်မားနေပါတယ်။ အထူးသဖြင့် လူငယ်တွေက အလုပ်လက်မဲ့

Tuesday 22 October 2013

ကျောက်ခက်ပန်းဆွဲများနှင့် ထမ်းဆမ်းလိုဏ်ဂူတော်

 




မိုးအကုန် ဆောင်းအကူး တောင်ကြီးမြို့ နံနက်ခင်း၏ အအေးဓာတ်သည် မြေပြန့်ပိုင်းနေသူ တို့အဖို့ ခိုက်ခိုက်တုန်အောင် အေးစေသည်။ နံနက်ခင်းရောင်နီသည် အအေးဓာတ်ကို ဖယ်ရှားနိုင်စွမ်း မရှိ။ တောင်ကြီး-ဟိုပုံး အဝေးပြေးလမ်းမကြီးတွင် မှန်လုံလိုင်းယာဉ် များက အရှိန်ခပ်ပြင်းပြင်း မောင်းနှင်လျက် ရှိကြသည်။ ဆိုင်ကယ်မောင်းသူ တို့ကလည်း လီဗာတင်ရင်း တဗျင်းဗျင်း…။

ညို့မှိုင်းမှိုင်း တောင်တန်းများပေါ်တွင် စိမ်းစိုနေသော တောင်ယာစိုက်ခင်း များကလည်း လှေကားထစ် သဖွယ်။ လယ်ယာကွင်းပြင်များတွင် နှမ်းပန်းများ ကလည်း ရွှေကတ္တီပါ အလား ဝါဝါဝင်းဝင်း။
ပအို့ဝ်ဝတ်စုံ ဝတ်ဆင်ထားသော အဘွားအို တစ်ဦးက ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော သနပ်ဖက်ရွက်များကို ပလိုင်းခြင်းတွင် အပြည့်ထည့်၍

Lamborghini နှစ် ၅၀ ပြည့်စီတန်းလှည့်လည်ပွဲ

Lamborghini နှစ် ၅၀ ပြည့်စီတန်းလှည့်လည်ပွဲ

ပြီးခဲ့တဲ့ မေလက အီတလီမှာ ကမ္ဘာကျော်တဲ့ စီတန်းလှည့်လည်ပွဲကြီး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယင်းကတော့ Lamborghini စီတန်းလှည့်လည်ပွဲပဲ ဖြစ်ပါတယ်။

စုစုပေါင်း Lamborghini စူပါပြိုင်ကား အစီး ၃၅၀ ပါဝင်ပြီး အီတလီ မီလန် မြို့ ကနေ ရောမမြို့ အထိ မောင်းနှင်ခဲ့ကြပါတယ်။ Lamborghini တို့ ကုမ္မဏီစတင်တည်ထောင်ရာကနေ ယနေ့တိုင် ခေတ်အဆက်ဆက် ထုတ်လုပ် လာတဲ့ မော်ဒယ်စုံကားများ ပါဝင်ပါတယ်။

အီတလီရဲ့  ဂုဏ်ပုဒ်တစ်ခုအနေနဲ့ အသတ်မှတ်ခံရတဲ့ Lamborghini ဟာ ငွေကြေးအကြပ်တည်းကာလက အီတလီအစိုးရရဲ့  ထောက်ပံ့မှု ရရှိခဲ့ပါတယ်။ ဒါကြောင့် ကားထုတ်လုပ်မှု သိသိသာသာ လျော့နည်းသွားခြင်း မရှိပဲ နှစ်အနည်းငယ်အတွင်း ရောင်းချရ တဲ့ အစီးရေပြန်တက်ခဲ့ပါတယ်။

ယခုဟာ Lamborghini နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စီတန်းလှည့် လည်ခြင်း ဖြစ်ပြီး ဒေသခံ အာဏာပိုင်များ ကြိုဆိုခဲ့ကြပြီး ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/TdKihmi-9tg

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/europe/38401-50th-year-lamborghini-parade

.

ပြီးခဲ့တဲ့ မေလက အီတလီမှာ ကမ္ဘာကျော်တဲ့ စီတန်းလှည့်လည်ပွဲကြီး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယင်းကတော့ Lamborghini စီတန်းလှည့်လည်ပွဲပဲ ဖြစ်ပါတယ်။

စုစုပေါင်း Lamborghini စူပါပြိုင်ကား အစီး ၃၅၀ ပါဝင်ပြီး အီတလီ မီလန် မြို့ ကနေ ရောမမြို့ အထိ မောင်းနှင်ခဲ့ကြပါတယ်။ Lamborghini တို့ ကုမ္မဏီစတင်တည်ထောင်ရာကနေ ယနေ့တိုင် ခေတ်အဆက်ဆက် ထုတ်လုပ် လာတဲ့

အင်တာနက်မလိုသည့် လုပ်ငန်းလိပ်စာရှာဖွေစနစ် အခမဲ့ရယူနိုင်

အင်တာနက်မလိုသည့် လုပ်ငန်းလိပ်စာရှာဖွေစနစ် အခမဲ့ရယူနိုင်
Tuesday, October 22, 2013 

လုပ်ငန်းလိပ်စာတစ်သိန်းကျော်ကို အင်တာနက်မလိုပဲ ရှာဖွေအသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အသစ်Brilliant Directory ကို အခမဲ့စတင်ရ ယူနိုင်ပြီဖြစ်ကြောင်း Giga Gates ကုမ္ပဏီမှ သိရသည်။

အဆိုပါလိပ်စာများကို ဖော်ပြရာတွင် မြေပုံများဖြင့်တိကျစွာဖော်ပြပေးနိုင်
မည်ဖြစ်ပြီး ဘတ်(စ်)ကားလမ်းညွှန်များ၊ ယာဉ်သွားလမ်းကြောင်း များကိုပါ ဖော်ပြပေးမည်ဟု သိရသည်။

၎င်းကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် ရည်ရွယ် ထုတ်လုပ်ခြင်းဖြစ်ပြီး အခမဲ့ရယူလိုသူများအနေနှင့် http://cdn1.brilliantmyanmar.com/brilliant-oct-2013.apk တွင် ရယူနိုင်မည်ဖြစ်သည်။

သုတလင်း
Popular Myanmar News Journal


လုပ်ငန်းလိပ်စာတစ်သိန်းကျော်ကို အင်တာနက်မလိုပဲ ရှာဖွေအသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အသစ်Brilliant Directory ကို အခမဲ့စတင်ရ ယူနိုင်ပြီဖြစ်ကြောင်း Giga Gates ကုမ္ပဏီမှ သိရသည်။

အဆိုပါလိပ်စာများကို ဖော်ပြရာတွင် မြေပုံများဖြင့်တိကျစွာဖော်ပြပေးနိုင်
မည်ဖြစ်ပြီး ဘတ်(စ်)ကားလမ်းညွှန်များ၊ ယာဉ်သွားလမ်းကြောင်း

Monday 21 October 2013

မဇ္ဈိမလူမှုကူညီရေး အသင်းမှ ဆိုင်းငံ့ဝတ်စုံ စတင် အကောင်အထည်ဖော်

တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း မှ မရှိနွမ်းပါးသူများနှင့် အ၀တ်အစားလိုအပ်နေသူများအတွက် ဖြည့်စွမ်းပေးနိုင်ရန် အထူးရည်ရွယ်ကာ ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု စတင်ခြင်း အခမ်းအနားအား ဖွင့်ပွဲအဖြစ် ၂၀.၁၀.၂၀၁၃ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ရာ စေတနာရှင် အလှူရှင်များမှ မိမိတို့ မ၀တ်တော့သည်ဖြစ်သော အ၀တ်များကို ဆိုင်းငံ့ဝတ်စုံများအဖြစ် လာရောက် လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ တက်ရောက် အားပေးခဲ့သည်။

ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု  ဖွင့်ပွဲအခမ်းအနားအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်း နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ မှ ဖွင့်ပွဲပြုလုပ်ရခြင်းနှင့် ဆိုင်းငံ့ဝတ်စုံ လက်ခံ/လှူဒါန်းပေးမှု ကိစ္စနှင့် ပတ်သက်၍ "ဆိုင်းငံ့ဝတ်စုံ ဖြစ်ပေါ်လာပုံမှာ

ဗေဒင်ဆရာမတစ်ဦး ဆွဲကြိုးချ၍ မိမိကိုယ်ကို အဆုံးစီရင်


တိုက်ကြီးမြို့တွင် အမျိုးသမီးဗေဒင် ဆရာမတစ်ဦး အောက်တိုဘာ ၁၉ ရက်က မိမိကိုယ်ကို ဆွဲကြိုးချပြီး အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ယင်းနေ့ နံနက် ၈ နာရီခွဲအချိန်က အိုးတန်းရပ်ကွက်၊ ဇေယျာသီရိ(၄)လမ်းရှိ အမှတ်မရှိနေအိမ်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းအရမြို့နယ်ရဲစခန်းက သွားရောက်စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် သေဆုံးနေသူမှာ ဗေဒင်ဆရာမဖြစ်သည့် မသီတာထွေး (၄၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
၎င်းသည် အမြင့်ရှစ်ပေခန့်ရှိ နေအိမ်အနောက်ထုတ်တန်းတွင် အရှည်ခုနစ်ပေရှိသည့်

လေးဖြူ၏ “ဒိုင်ယာရီ” သီချင်းသစ်ကို အွန်လိုင်းမှ ရောင်းချမည်

လေးဖြူ၏ “ဒိုင်ယာရီ” တေးသီချင်းသစ်ကို #Myanmar Music Store ၌ အောက်တိုဘာ ၂၇ ရက်တွင် စတင်ရောင်းချ မည်ဖြစ်သည်။ ယင်းသီချင်းအား Myanmar Music Store ၏ ဖွင့်ပွဲအနေဖြင့် ရောင်းချခြင်းလည်းဖြစ်သည်။

ယင်းသီချင်းကို တေးရေးအသစ် ဟန်ဆိုင်းက ရေးဖွဲ့ခဲ့ပြီး Slow Rock အမျိုးအစားတေးသီချင်းဖြစ်ကာ PTL စတူဒီယို တွင် အသံသွင်းယူထားခြင်းဖြစ်သည်။ ယင်းသီချင်းနှင့်ပတ်သက်ပြီး Myanmar Music Store မှ ဒေါက်တာကိုကိုလွင် (Iron Cross တေးထုတ်လုပ်ရေး)က “လေးဖြူ သီချင်းကို Myanmar Music Store ဖွင့်ပွဲအနေနဲ့ ပထမဆုံးရောင်းတာပါ။ လေးဖြူထွက်လာမယ့် အခွေထဲက

Sunday 20 October 2013

သူရိယအလင်း သတင်းဂျာနယ်တိုက်ကို ဝင်ရောက်သိမ်းဆည်းခံရ


 


ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်း၊ မြန်မာ့ကျောက်မျက်ရတနာ ပြခန်း မျက်နှာချင်းဆိုင်ရှိ သူရိယအလင်း သတင်းဂျာနယ်တိုက်ကို အောက်တိုဘာလ ၁၈ရက်နေ့ည ၁၂နာရီခန့်က နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့် အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သားနှင့် အပေါင်းအပါများက ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသွားကြောင်း ၎င်းသတင်းဂျာနယ်တိုက်တွင် ညအိပ် တာဝန်ကျသူများထံမှ သိရသည်။
ယင်းဂျာနယ်တိုက်သို့ ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းခံရခြင်းမှာ သူရိယအလင်း သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁၂)ပါ စစ်သူရဲ ဗလမင်းထင်ရေးသားသော မော်စကိုမှာ သာသာမယ့်’လ’ ဆောင်းပါးနှင့် ထောင်သူရဲ ဘအုပ်ရေးသားသော ‘မြင်းခွာတစ်ချက်ပေါက်ရင် မီးတဟုန်ဟုန်းတောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ’ ဆောင်းပါးများကြောင့် ဖြစ်သည်ဟု ၎င်းဂျာနယ်

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်

မောင်းသူမဲ့ လေယာဉ်အား လေဆာဖြင့် ပစ်ချပြခဲ့သည့် အမေရိကန်ရေတပ်
Monday, October 21, 2013

ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။

မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေး လိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ ရှုံးသွားရပါတယ်။

အမေရိကန်စစ်တပ်ဟာ လေဆာတွေကို စစ်လက်နက်အဖြစ် စမ်းသပ်နေတာ အချိန်အတန် ကြာနေပါပြီ။ လေတပ်ကလည်း အနာဂတ်မှာ ယင်းတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲလေယာဉ်မှာ လေဆာလက်နက်တွေနဲ့ အစားထိုးဖို့ ရည်ရွယ်ထားသလို မောင်းသူမဲ့ လေယာဉ်တွေအတွက် လောင်စာ အဖြစ်လည်း အသုံးပြုဖို့ စမ်းသပ်နေပါတယ်။ ဒါဆိုရင် ရေတပ်ကကော။

အမေရိကန် ရေတပ်ကတော့ လေဆာလက်နက် စမ်းသပ်မှုအပိုင်းတွင် ဦးဆောင်နေပြီး ယင်းတို့၏ Laser Weapons System (LaWS) ဟာ အတော်လေးကို ခရီးရောက်နေပြီ ဖြစ်ပါတယ်။

ယခု ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုဟာ ယခင်တွေ့ဖူးသမျှ စမ်းသပ်မှုတွေထဲမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလို့ ပြောလို့ရတဲ့ပြီး လေဆာ ၆ ခုကို ပေါင်းစပ်ပြီး လွန်စွာမှ တိကျပြီးပြင်းထန်တဲ့ လေဆာလက်နက်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကိုယ်တိုင်ပဲ အောက်ပါလင့်ခ်မှတဆင့် ကြည့်ရှုပြီး ဆုံးဖြတ်ကြပါ။

http://youtu.be/OmoldX1wKYQ

Myanmar Consumer Guide

Monday, October 21, 2013

ကြားလိုက်ရတာတော့ ခေတ်ရှေ့ပြေး သိပ္ပံရုပ်ရှင် ဆန်ဆန်ပါပဲ။ ဒါပေမယ့် လေဆာတွေဟာ အနာဂတ်ရဲ့ လက်နက်တွေဆိုတာ ငြင်းလို့ မရတော့ပါဘူး။


မောင်းသူမဲ့ လေယာဉ်တွေ (Drones) ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါဆိုရင် အနာဂတ်ရဲ့ အဓိက စစ်လက်နက်ပစ္စည်း ၂ ခုကို ထိပ်တိုက်တွေ့ပေး လိုက်ရင် ဘာဖြစ်လာမလဲ။ စိတ်မကောင်းစရာပါပဲ။ ယခု ပြိုင်ပွဲမှာတော့ drone ဟာ မရှုမလှ

ကျပ်သိန်း ၉၀၀ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းဘတ်ငွေစက္ကူ အတုများ ဖမ်းဆီးရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲသတင်း



အောက်တိုဘာလ ၂၀ရက်၊ ည ၆နာရီ ၄၅ မိနစ်အချိန်က တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပါလျှံ(၁)ရပ်ကွက်၌  မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျပ်သိန်းပေါင်း ၉၀၀ ခန့်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ တန် ငွေစက္ကူအတုများအား ဖမ်းဆီးရမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိရသူ ဦးဆန်းxxxx အား မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ကွင်းဆက်ဖော်ထုတ်နိုင်ရန်အတွက် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။


ထိုသို့ စစ်ဆေးမေးမြန်းရာတွင် တရားခံဖြစ်သူ ဦးဆန်းxxxx မှ ၎င်းထံမှ သိမ်းဆည်းရမိသည့် အိုက်စ်(ရေခဲ)များမှာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ "နွဲ့လင်းထွန်း"မိုတယ်တွင် တည်းခိုနေထိုင်လျက်ရှိသူ အိုက်xxxx မှ လာရောက်ပို့ဆောင်ပေးထားသော

samsung galaxy ace 3 ကိုမြန်မာစာပါမှန်အောင် root လုပ်ရပြီ


 
 samsung galaxy ace 3 ကိုလုပ်နည်းလေးပါခင်ဗျာ။samsung galaxy ace 3  လေးတွေလည်းမဆိုးဘူးဗျ မြန်မာစာရော root အတွက်ပါလုံးဝစိတ်ချစေရမယ်နော်။
တစ်နေရာတည်းနဲ့ တစ်ထိုင်တည်းနဲ့ 10 မိနစ်လောက်အတွင်းမှာ သင့် ကို မြန်မာစာမှန်ကန်ပြီး
error ကင်းတဲ့ ဖုန်းတလုံးကိုသင်ပိုင်ဆိုင်နိုင်ပါပြီ။တကယ်တော့  root လုပ်တာမခက်ပါဘူး ဒါပေမယ့် 
မိမိရဲ့ ပထမဦးဆုံးအတွေ့ အကြုံ နဲ့ တော့ မစွန့် စားစေခြင်ဘူး အခုလို 100 % အာမခံထားရင်တော့  စိတ်ဝင်စားစရာပဲနော်

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

 
Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ

samsung galaxy win gt 18552 ကိုကွန်ပျူတာမလို root လုပ်နိုင်ပြီ

samsung galaxy  win gt 18552 ကိုအလွယ်တစ်ကူ root နိုင်ကြပါပြီ။
မေးထဲကမေးထားတဲ့ ညီလေးkyaw htay အတွက်ပါ နောက်လူတွေလည်း ကွန်ပျူတာမလိုပဲ အလွယ်တစ်ကူ root ချင်ရင်သုံးလို့ ရပါတယ်။ဒီကောင်လေးက ကွန်ပျူတာမလိုပဲအသုံးပြုလို့ ရပါတယ်ခင်ဗျာ။တစ်ခြား ဖုန်းအမျိုးအစားတော်တော်များများကိုလည်းအသုံးပြုလို့ ရပါတယ်ခင်ဗျာ။
ကဲအားလုံးပဲစမယ်နော်မိမိဖုန်းကို

မီးရှူးမီးပန်းကြောင့် သိမ်ကြီးဈေးဒီရုံ မီးလောင်

 

ရန်ကုန်၊ အောက်တိုဘာ၂၀။

မီးရှုးမီးပန်း ဖောက်ရာမှ သိမ်ကြီးဈေး ဒီရုံရှိ အများ ပြည်သူသုံး အိမ်သာခန်းကို ထိမိပြီး မှန်ကွဲကာ အထဲသို့ ကျရောက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိမ်ကြီးဈေးတွင် ယနေ့ညတာဝန်ကျ လုံခြုံရေး ၀န်ထမ်းက ပြောကြားသည်။
မီးလောင်ကျွမ်းသော အခန်းမှာ မြို့နယ်စည်ပင်သာယာမှ အများပြည်သူသုံးအိမ်သာတွင် ပစ္စည်းများ လာရောက်ထည့် ထားသော အခန်း၌လောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“စက္ကူတွေ၊ ပလတ်စတစ်တွေ မြို့နယ်စည်ပင်က လာထားတာ အရင်က အိမ်သာပေါ့”ဟု ၎င်းကဆ က်လက်ပြောကြားသည်။
မီးစစလောင်ခြင်းတွင် သိရှိမှုမရှိဘဲ အနံ့ထွက်ရာမှ သိရှိပြီး နောက်တံခါးကို သွားရောက်ဖွင့်ရာ

Friday 18 October 2013

mobile နဲ့  mtk cpu သုံးတဲ့  ဖုန်းများအတွက် သီးသန့်  ( root tool )


imobile နဲ့  mtk cpu သုံးတဲ့  ဖုန်းများအတွက် သီးသန့်  ( root tool ) လေးလို့ တောင်ပြောလိုရတယ် ရှူပ်ထွေးမှူ မရှိပဲ တစ်ချက်တည်းနဲ့ အပိုင်ရိုက်လိုတဲ့  ဘော်ဘော်များအတွက် ပါ ။ ဒီtools ကတော်တော်လေး ကောင်း ပါတယ် Vroot တို့ လို့ ပါဘဲ one click ပါ။ သူရဲ့ အထူး ပြု လုပ်ချက် ကတော့  imobile နဲ့  mtk cpu သုံးတဲ့ 

အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူ


ပုံထဲက အတွဲက သာမန်ကြည့်ရင်တော့ သာမန်အတွဲပါပဲ။ ဒါပေမယ့် သူတို့ဟာ သာမန်အတွဲမဟုတ်ပါဘူး၊ အထီးလေးက အမကနေ ပြောင်းလာသူ၊ အမလေးက အထီးကနေ ပြောင်းလာသူပေါ့။ လိင်ခွဲစိတ်ထားသူ နှစ်ဦး တနေ့ တော့ တွေ့မိရာကနေ ချစ်ကြိုက်ပြီး

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်း ကိုရီးယားတွင် လေ့ကျင့်မှုများ စတင်


ဆီးဂိမ်း ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည်
ယနေ့မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံ၊ မုပ်ပိုမြို့ရှိ Mokpo National Football Center တွင် လေ့ကျင့်မှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်းMFFမှသိရသည်။
မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၈ရက်နေ့မှ အောက်တိုဘာ ၃၁ရက်နေ့ အထိ မုပ်ပို လေ့ကျင့်ရေး စင်တာတွင်
Joint Training ပြုလုပ်သွားမည် ဖြစ်ကာ တောင်ကိုရီးယား ကလပ်အသင်း (၄)သင်းနှင့်

FULL Free Softwares Download [PYAE THAW].apk ကို Android ဖုန်းမှာ Online နဲ့၁မိနစ်လောက်ဖွင့်ပြီး Offline ဖြင့် ဖတ်ရှုလို့ရမည်



(5/10/2013)ဒီနေ့ထုတ်လိုက်တဲ့ android apk လေးမှာ Pyae Thaw တင်သမျှပိုစ့်တွေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူကြည့်လို့ရပြီဆိုတဲ့သတင်းကောင်းလေးပါ။ FULL Free Softwares Download  လို့နာမည်ပေးထားပါတယ်။ File Size ကတော့ 2.1Mb လောက်ရှိပြီး Sync လုပ်လိုက်ရင်တော့ Offline ဖြင့်ကြည့်ရှု့နိုင်မှာ ဖြစ်တဲ့အတွက် Total အားလုံးကိုတော့ 5MB ကျော်နိုင်ပါတယ်။

ကျွန်တော့်ဖုန်းက Screenshot ရိုက်လို့မရတဲ့အပြင်ကို Root မလုပ်ထားတော့ ကျွန်တော့် iPhone ပေါ်ကနေ

ရထားပေါ်မှာအိပ်ပျော်သွားရာကနေ (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိ

 

Saroo Munshi Khan ဆို တဲ့ ငါးနှစ်သားအရွယ် India ကလေး တစ်ယောက်ဟာ India နိုင်ငံ Berhanpur ဒေသက ရထားပေါ်မှာအိပ်ပျော်သွားရာကနေ အိမ်ပြန်ဖို့လမ်းပျောက်သွားခဲ့ပြီး (၂၆) နှစ်ကြာမှ Google Earth ကိုအသုံးပြုပြီးအိမ်ပြန်ဖို့ လမ်းကိုတွေ့ရှိသွားတယ်ဆို တဲ့အကြောင်း Google ကပြောပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ (၁၂) နှစ်အကြာ 1986 ခုနှစ်ကဖြစ်ပြီး Google Company မတည်ထောင်ရသေးပါဘူး။

Saroo က သူ့ရဲ့ (၁၄) နှစ်သားအရွယ်ရှိတဲ့ အစ်ကို ဖြစ်သူ Guddu နဲ့ အတူ မိသားစုအတွက်ပိုက်ဆံရှာထွက်ခဲ့တာပါ။ Guddu က Saroo ကိုရထားပေါ်မှာထားခဲ့ပြီး ပိုက်ဆံရှာထွက်သွားခဲ့ပါတယ်။ Saroo ကသူ့အစ်ကို ကို စောင့်ရင်းနဲ့ အိပ်ပျော်သွားခဲ့ပြီးနာရီအနည်းငယ်အကြာမှအိပ်ရာ

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ .. အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်

Facebook Stalker

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ ..
အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်။ facebook app ကိုဖွင့်ကြည့်ပြီး ..
မျှော်လင့်နေသောသူ ရောက်နေပြီလား .. မရောက်သေးဘူးလား ကြည့်နေစရာ မလိုတော့ပါဘူး။ Facebook Stalker ကို ဖုန်းထဲ ထည့်ထားလိုက်ပါ။ ကိုယ်မျှော်နေတဲ့သူ facebook သုံးနေရင် Noti တက်လာပြီး ချက်ချင်း အသိပေးပါမယ်။ မရောက်သေးဘူးဆိုရင်လဲ
သူ online ဖြစ်တာနဲ့ အသိပေးပါမယ်။ တကယ် အသုံးဝင်တာလေးဗျ။

အသုံးပြုပုံကတော့ ..
ကိုယ့် friend list ထဲမှ အသိပေးစေချင်တဲ့သူကို ရွေးချယ်ပေးရုံပါပဲ။
တစ်ခုသတိထားရမှာက friend ရွေးချယ်ပြီးတဲ့အခါ Facebook Stalker ကို
minimize လုပ်ပေးထားပါ။ Back key နှိပ်ပြီး app ကို မပိတ်ပစ်ပါနဲ့။
minimize လုပ်ထားမှသာ ကိုယ်ရွေးထားသူတွေ online ဖြစ် မဖြစ်
စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ အသိပေးတဲ့အခါ Noti တက်လာမှာဖြစ်ပြီး
Noti ကို တစ်ချက်နှိပ်လိုက်တာနဲ့ facebook app နဲ့ ချိတ်ဆက်ပေးပြီး
facebook ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် online မှာ
လုပ်ချင်တာလုပ်နေလို့ရပါပြီ။ မျှော်တဲ့သူ ရောက်လာရင်
Facebook Stalker ကနေ အသိပေးပါလိမ့်မယ်။

Tips - ဒါကတော့ ကျွန်တော့် စိတ်ကူးပါ။ ကိုယ် facebook သုံးနေတာလဲ ..
တစ်ခြားသူတွေ မသိစေချင်ဘူး .. မျှော်နေတဲ့သူ facebook သုံး၊ မသုံးလဲ
သိချင်တယ်ဆိုရင် official facebook app မှာ မိမိ chat ကို ပိတ်ထားလိုက်ပါ။ ဒါဆို ကိုယ် online ဖြစ်နေမှန်း တစ်ခြားသူ မသိတော့သလို၊ Facebook Stalker ကနေပြီး ဘယ်သူတွေ online ဖြစ်နေလဲဆိုတာကိုလဲ အသိပေးပါလိမ့်မယ်။
ဟဲဟဲ .. ပေါက်တယ်နော်

download - (1MB)

dropbox - https://www.dropbox.com/s/5lahivpm0pq6j9n/Mr.AD%20-%20Facebook%20Stalker.apk

copy - https://copy.com/8ytgG0xq4Cl8

ပျော်ရွှင်ပါစေ။

Credit>>Mr.AD
Facebook Stalker

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ ..

အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်။ facebook app ကိုဖွင့်ကြည့်ပြီး ..
မျှော်လင့်နေသောသူ ရောက်နေပြီလား .. မရောက်သေးဘူးလား ကြည့်နေစရာ မလိုတော့ပါဘူး။ Facebook Stalker ကို ဖုန်းထဲ ထည့်ထားလိုက်ပါ။ ကိုယ်မျှော်နေတဲ့သူ facebook သုံးနေရင် Noti တက်လာပြီး ချက်ချင်း အသိပေးပါမယ်။ မရောက်သေးဘူးဆိုရင်လဲ
သူ online ဖြစ်တာနဲ့ အသိပေးပါမယ်။ တကယ် အသုံးဝင်တာလေးဗျ။

အသုံးပြုပုံကတော့ ..
ကိုယ့် friend list ထဲမှ အသိပေးစေချင်တဲ့သူကို

Thursday 17 October 2013

Hard Rest အနည်းဆုံး တစ်ကြိမ်တော့ ပြန်ချသင့်တယ် လို့

ဖုန်းကို Custom rom တင်ပြီးရင် Hard Rest အနည်းဆုံး တစ်ကြိမ်တော့ ပြန်ချသင့်တယ် လို့ Professional တွေက ပြောကြပါတယ် ။ အခုလင့်လေးကတော့ မိမိတို့ဖုန်းကို Hard Rest ဘယ်လို ချရမယ်ဆိုတာ သွားရောက်ကြည့်ရှုလို့ ရမဲ့နေရာလေးပါ ။ သက်ဆိုင်ရာဖုန်းအမျိုးအစားကို ရွေးချယ် ကြည့်ရှုနိုင်ပါတယ် ။

http://www.hard-reset.com
ဖုန်းကို Custom rom တင်ပြီးရင် Hard Rest အနည်းဆုံး တစ်ကြိမ်တော့ ပြန်ချသင့်တယ် လို့ Professional တွေက ပြောကြပါတယ် ။ အခုလင့်လေးကတော့ မိမိတို့ဖုန်းကို Hard Rest ဘယ်လို ချရမယ်ဆိုတာ သွားရောက်ကြည့်ရှုလို့ ရမဲ့နေရာလေးပါ ။ သက်ဆိုင်ရာဖုန်းအမျိုးအစားကို ရွေးချယ်

Tuesday 15 October 2013

Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်များ



 Android နဲ့ပါတ်သက်တဲ့ Root လုပ်ရာမှာခေါ်တဲ့ အခေါ်အဝေါ်တစ်ခုချင်းစီကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ Android Device တွေကို Root လုပ်ရာမှာအများဆုံးတွေ့ရတဲ့အပြင် Android လောက မှာအများဆုံးသုံးကြပါတယ်။ ဒါပေမယ့် ဒီခေါ်အဝေါ်တွေကို သာမန်Android Device တွေကိုအသုံးပြုတဲ့ လူတစ်ယောက်ကသိနိုင်ဖို့ခတ်ခဲပါတယ်။ ဒါကြောင့်အခု လိုတစ်စုတစ်စည်းထဲဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ အလွန်အကျိုးရှိမယ်လို့လဲထင်ပါတယ်ခင်ဗျာ ..။

1. ADB

ADB လို့ခေါ်တဲ့ Android Debug Bride (သို့) Android Debug Mode ဟာဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ computer ကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ Android Device တွေကို ချိတ်ဆက်ပေးတဲ့ command line tool တစ်ခုဖြစ်ပါတယ်။ ADB ဟာ Android SDK (Software Development Kit) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး root လုပ်ရာမှာအသုံးပြုတဲ့ tool တစ်ခုဖြစ်ပါတယ်။ ADB ကိုသုံးတဲ့အခါ Android Commands တွေကိုထည့်သွင်းရမှာဖြစ်ပြီး အစောပိုင်း

မိုးစက်ဝိုင်နှင့်ပတ်သက်၍ အငြင်းပွားမှုများ ထပ်မံထွက်ပေါ်


 ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ယခုရက်ပိုင်းအတွင်း၌ Miss Universe Myanmar မိုးစက်ဝိုင်နှင့်ပတ်သက်သော အငြင်းပွားဖွယ်ရာအကြောင်းအရာများ အွန်လိုင်းတွင်ပေါ်ထွက်လာပြီး ဝေဖန်ငြင်းခုံမှုများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Miss Chinese Myanmar 2009 ပြိုင်ပွဲတွင် မိုးစက်ဝိုင်သည် တရုတ်အမည် (Yang Xinrong) ဖြင့် ယှဉ်ပြိုင်ခဲ့သောကြောင့် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုမယ်အဖြစ် ၀င်ပြိုင် သင့်၊ မပြိုင်သင့် မြန်မာအွန်လိုင်း သုံးစွဲကြသူများအကြား အငြင်းပွားနေကြခြင်းဖြစ်သည်။ ထို့အပြင် မိုးစက်ဝိုင်အကြောင်းကို တရုတ်သတင်းဌာနများနှင့် သတင်းစာများက

ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို



အငြိမ်းစားဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့် နှင့် မကြာသေးမီက 2013 Miss Universe Myanmar ရရှိထားသူ မိုးစက်ဝိုင်တို့ဓါတ်ပုံများမှာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့်အပေါ် သူမနှင့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် တို့လုံးဝပတ်သက်မှုမရှိကြောင်း မိုးစက်ဝိုင်က ငြင်းဆိုလိုက်သည်။
“ဖိုးလပြည့်နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”ဟု ယင်းက ၇.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က

အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ



မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့်

Ace Translator (အသံထွက်မေးချင်သူတွေအတွက်)


 

မင်္ဂလာပါဗျာ ဒီနေ့တော့ ကမ္ဘာ့နိုင်ငံအသီးသီးက

ဘာသာစကားတွေကို မိမိစိတ်ကြိုက်ရေးလိုက်ယုံနှင့်

အသံထွက်ပေးပါတယ်ဗျာ ဒါပေမဲ့ ရွှေမြန်မာတော့

မပါဘူးနော် အထူးသဖြင့် အင်္ဂလိပ်လို အသံထွက်ပေးပါတယ်

သူက အင်္ဂလိပ်အသံထွက် ဆော့ဝဲလ်လိုပါပဲ

သို့သော် သူမှာက အားသာချက်တွေ

အများကြီးရှိပါတယ် ဥပမာပြောရမယ်ဆိုရင်

အသံထွက်ဆော့ဝဲလ်အများစုဟာ Copy နဲ့ Pate လုပ်လို့

မရပါဘူး ဒီကောင်ကတော့ မိမိမေးချင်သည့်

စာသားကို Copy

4 Myanmar Facebook (Facebook မြန်မာ for Android)


 

မင်္ဂလာပါဗျာ မြန်မာ ဖောင့် ထည့်ရတာ အဆင်မပြေဖြစ်နေတဲ့

Android ဖုန်းပိုင်ရှင်တွေ အတွက် 4 Myanmar Facebook ကို

ပြန်ရှယ်ထားပါတယ် မိမိတို့ Facebook အသုံးပြုတဲ့ အခါ

မြန်မာလို မထည့်ထားလဲ မြန်မာလို မြင်ရမယ် ဖြစ်ပါတယ်

Update လေးပါ လိုအပ်တဲ့

စလောင်းတပ်ဆင်ပြုပြင် သမားတွေအတွက် APK (For Android)

မင်္ဂလာပါဗျာ စလောင်းဆရာတွေ အတွက် Aptoide APK ကို တင်ပေးလိုက်ပါတယ် စလောင်းတပ်ဆင်ပေးနေတဲ့ Android  User တွေ ဆောင်ထားသင့်တယ်နော် ဘယ် ဂြိုလ်တု ဘယ်နေရာမှာ ရှိတယ်ဆိုတာ ဖော်ပြပေးမယ် ဖြစ်ပါတယ်

Monday 14 October 2013

Android Phone သုံးနေကြသူတွေအတွက် မရှိမဖြစ်ထည့်ထားသင့်သည့် application


http://vmatechs.com/wp-content/uploads/2013/07/android.jpg အဲ့ဒါလေး က ဘယ်လောက်ထိ အသုံးဝင်မ၀င်ဆိုတာကတော့ သုံးစွဲကြည့်ပြီးမှ ပိုသိလာနိုင်ပါလိမ့်မယ်။ ပါဝင်တဲ့ feature တွေကတော့ ..... touch screen တွေမှာ Multi- touch ရမရ စမ်းသပ်နိုင်ခြင်း၊ LCD ကောင်းမကောင်း စမ်းသပ်နိုင်ခြင်း၊ အသုံးပြုထားတဲ့ OS software အကြောင်း ကို လွယ်ကူစွာကြည့်ရှု့နိုင်သလို။ မိမိ၏ ဖုန်း မှာပါဝင်သည့် Hardware အကြောင်းတွေကို တခုခြင်းစီခွဲခြား ကြည့်ရှု့နိုင်ခြင်း များအပြင် ......
ပုံမှန်အားဖြင့် uninstall လုပ်၍မရသော System Application များ အပါအ၀င် application များကို လိုသလို ဖြုတ်တပ်နိုင်ခြင်း၊ ဖုန်းပေါ်မှ application များကို micro SD ကဒ်များပေါ်သို့ ရွှေ့ပြောင်းပေးနိုင်ခြင်း၊ ဖုန်း power ပွင့်ပြီး တက်လိုသော

Sunday 13 October 2013

iPhone အား "တူ" ဖြင့် ခိုးယူသည့် တရုတ်နိုင်ငံမှ ခါးပိုက်နှိုက်

iPhone အား "တူ" ဖြင့် ခိုးယူသည့် တရုတ်နိုင်ငံမှ ခါးပိုက်နှိုက်

ပုံမှန်အားဖြင့်တော့ ခါးပိုက်နှိုက်တွေဟာ ဖုန်းခိုးမယ်ဆိုရင် တိကျသေချာ မြန်ဆန်စေရန် မိမိရဲ့ မွေးရာပါ လက်ကိုသာ သုံးကြပါတယ်။ 

Wang လို့ အမည်ရတဲ့ တရုတ်နိုင်ငံ Zhengzhou မြို့က ခါးပိုက်နှိုက်ကတော့ ထူးထူးခြားခြား ခေါက်ဆွဲစားတဲ့ "တူ" ကို အသုံးပြုပါတယ်။ တူကိုင်ကလည်း ကျွမ်းသလား မမေးနဲ့။ ပုံမှာတွေ့တဲ့အတိုင်း စက်ဘီးစီးနေတဲ့ အမျိုးသမီးရဲ့ အိတ်ထဲက ဖုန်းကို တူနဲ့ အမိအရ လှမ်းနှိုက်နိုင်ပါတယ်။ 

ခါးပိုက်နှိုက်မှန်း မသိသာအောင်လည်း ဝတ်ကောင်းစာလှတွေ ဝတ်ဆင်ထားလို့ လူမှုကွန်ယက်တွေ ပေါ်မှာတော့ သူ့ကို Suit Man လို့ အသိများပါတယ်။ 

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အင်တာနက်ပေါ် ပလူပျံနေတဲ့ ကိုယ်မျက်နှာကို ကိုယ်ပြန်မြင်လိုက် ရတဲ့အခါမှာတော့ ရဲစခန်းမှာ အဖမ်းခံခဲ့ပါတယ်တဲ့။ 

ဓာတ်ပုံတွေ ကြည့်ချင်တယ်ဆိုရင် - 

http://kotaku.com/chinese-man-pickpockets-an-iphone-by-using-chopstick-472615317

ပုံမှန်အားဖြင့်တော့ ခါးပိုက်နှိုက်တွေဟာ ဖုန်းခိုးမယ်ဆိုရင် တိကျသေချာ မြန်ဆန်စေရန် မိမိရဲ့ မွေးရာပါ လက်ကိုသာ သုံးကြပါတယ်။

Wang လို့ အမည်ရတဲ့ တရုတ်နိုင်ငံ Zhengzhou မြို့က ခါးပိုက်နှိုက်ကတော့ ထူးထူးခြားခြား ခေါက်ဆွဲစားတဲ့ "တူ" ကို အသုံးပြုပါတယ်။ တူကိုင်ကလည်း ကျွမ်းသလား မမေးနဲ့။ ပုံမှာတွေ့တဲ့အတိုင်း

Driver ပေါင်း တစ်သိန်း စုစည်းတင်ပြခြင်း

 http://203.172.169.195/driver/100,000%20DRIVER+%E0%B8%9B%E0%B8%81/Picture%20003.jpg
 
 
Driver ပေါင်း တစ်သိန်းဆိုကတည်းကိုက Service သမားတွေရော User တွေပါစိတ်ဝင်စားကြမယ်လို့ထင်ပါ တယ်ဗျာ ။ တကယ်လည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ကွန်ပြူတာမှာ အရေးကြီးဆုံးဟာ Driver ပါဘဲ။ Driver မရှိဘူးဆိုရင်တော့ အဲဒီကွန်ပြူတာဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးအတွက်အသုံးတည့်စေမယ့် Driver ပေါင်းတစ်သိန်းစုစည်းထားတာလေးကို

android ဖုန်းတွေပေါ်မှာဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့် မယ့် apk များစုစည်းမှု့ 

Cover art
 
android ဖုန်းတွေပေါ်မှာ  EPL live  Italian serie A live Spanish la liga champions league french Ligue1 Scottish premier league FIFA World Cup 2014 စတဲ့ ဘောလုံးပွဲစဉ်တွေကိုတိုက်ရိုက်ကြည့် ရှူ့ လို့ ရမဲ့  apk များစုစည်းမှူ ပါခင်ဗျာ။တောင်းဆိုထားတဲ့ သူငယ်ချင်းတွေလည်းအဆင်ပြေအောင်စုစည်းထားပေးပါတယ်ခင်ဗျာ။
အောက်မှာ install လုပ်ပေးကြပါခင်ဗျာ။
Cover art
Watch Football Live Streaming လေးက  EPL live  Italian serie A live Spanish la liga champions league french Ligue1 Scottish premier league FIFA World Cup 2014 ကိုတိုက်ရိုက်ကြည်

samsung galaxy unlock ကုဒ်တွေပါ (အရမ်းကိုအသုံးဝင်ပါတယ်)



samsung galaxy unlock ကုဒ်တွေပါ (အရမ်းကိုအသုံးဝင်ပါတယ်)

နိုင်ငံအလိုက်လည်းဖော်ပြပေး ထားတာကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်။
ဘာသာတော့ ပြန်မပေးတော့ ဘူးခင်ဗျာ။ အားလုံးအဆင်ပြေမှာပါ။

ALL SAMSUNG UNLOCK CODE....


*2767*688# = Unlocking Code
*#8999*8378# = All in one Code
*#4777*8665# = GPSR Tool
*#8999*523# = LCD Brightness
*#8999*3825523# = External Display
*#8999*377# = Errors
#*5737425# = JAVA Something{I choose 2

ဖုန်း screen ကြေမွသွားတာကို ပြန်ကောင်းအောင်လုပ်မယ်


လူကြီးမင်းတို့ ၏ တန်ဖိုးရှိ တဲ့ ဖုန်း ။ ကင်မရာ ။ ကွန်ပျူ တာ စတဲ့    screen တွေ ကျေမွ ပျက်စီး
သွားတာတွေကိုအကောင်းနီးပါးအတိုင်း ပြန် လိုချင်ပါသလား  ..........? မိမိတို့ ညဏ်ရှိသလိုအသုံးချပြီး လိုအပ်သလိုပြုပြင်ဖန်တီးလို့ ရမယ်ဆိုရင် ငွေကုန်ကြေးကြသက်သာပြီး ပျက်စီးဆုံးရှုံး လေ
လွင့် မှု့ တွေ နည်းပါး သွား နိုင်ပါတယ်။ ဒီနေရာမှာတော့  ကျွန်တော်က  nokia ဖုန်းတစ်လုံးနဲ့ လုပ်ပြပေးသွားပါမယ်ခင်ဗျာ။စိတ်ပါဝင်စား ပြီးလေ့ လာချင်တယ်ဆိုရင်တော့ အောက်မှာပုံလေး
တွေနှင့် တစ်ကွ အသေးစိတ်ရှင်းပြပေးထားပါတယ်ခင်ဗျာ။
ကျွန်တော့် အနေနှင့် ပြန်လည်မျှဝေမှူ သက်သက်သာဖြစ်ပါတယ် ( ကြေငြာခြင်းမဟုတ်ပါ) 
( သတိထားရမှာက display  screen တွေပေါ်မှာကော်ကိုသုတ်လိမ်းလို့် မရပါဘူးခင်ဗျာ)
လိုအပ်သော ပစ္စည်းများ

sugru ကော် ။ တစ်ရှုးစအနည်းငယ် ။ကတ်ကြေး 
ဒီသုံးခုနဲ့ လုပ်ငန်းစလို့ ၇ပါပြီခင်ဗျာ။
ဒါကတော့ မျက်နှာပြင်ကြေမွနေတဲ့ ဖုန်းတစ်လုံးပါ။
1
အရင်ဆုံးတစ်ရှူး နဲ့ ဖုန်တွေမလိုလားအပ်တဲ့ အမှုန်မွားများကို ညင်သာစွာသုတ်ပေးပါ။ကွဲနေတဲ့ မှန်စတွေကိုမထိခိုက်အောင်

Friday 11 October 2013

ဖုန်းထဲမှာလေယာဉ်မောင်းရမဲ့ Game လေးပါ



ဖုန်းထဲမှာလေယာဉ်မောင်းရမဲ့ Game လေးပါ..
လေယာဉ်မောင်းဒါနဲ့ပါတ်သတ်ပြီးစိတ်ဝင်စား
တဲ့သူတွေအတွက်တော့ တကယ်ကောင်းတဲ့
Game လေးပါ..

Thursday 10 October 2013

မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး Miss Myanmar Universe အဖွဲ့ သတင်းထုတ်ပြန်

မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး Miss Myanmar Universe အဖွဲ့ သတင်းထုတ်ပြန်
Thursday, October 10, 2013

မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး  "အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင်" အင်တာနက်မှာ ရေးသားပြောဆိုတာတွေ ရပ်ပေးဖို့ မြန်မာပြည်မယ်စကြဝဠာအသင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

အသင်းရဲ့ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

  MISS UNIVERSE MYANMAR ORGANIZATION ၏ သတင်းထုတ်ပြန်ချက်

MISS UNIVERSE MYANMAR 2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက်အလက်ထုတ်လွှင့်ခြင်းမျိုးမဟုတ်ပဲ အတင်းဖြန့်ဝေနေခြင်းများအားမိမိတို့၏ အမည်၊ မိမိတို့၏ဂုဏ်သိက္ခာစောင့်ထိန်းရေးသားပြောဆိုကြပါရန် MISS UNIVERSE MYANMAR ORGANIZATION အနေဖြင့် ရပ်တန့်ပေးပါရန်တိုက်တွန်းပြောဆိုလိုက်သည်။

ထိုကဲ့သို့ ရေးသားသူလူနည်းစု အနေဖြင့် မည်ကဲ့သို့ရည်ရွယ်ချက်မျိုးဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင် ကို အားပေးကြသော မိဘပြည်သူများကသိရှိသော်လည်း ယင်းတို့၏ဂုဏ်သိက္ခာအားငဲ့ညှာထောက်ထားသောအားဖြင့် ယခုကဲ့သို့တိုက်တွန်းရေးသားလိုက်ရခြင်းဖြစ်ပါသည်။

ဧရာဝတီ

Thursday, October 10, 2013

မော်စကိုသွားပြီး မယ်စကြဝဠာပြိုင်ပွဲဝင်မယ့် မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး "အများပြည်သူထင်ယောင်ထင်မှားဖြစ
်အောင်" အင်တာနက်မှာ ရေးသားပြောဆိုတာတွေ ရပ်ပေးဖို့ မြန်မာပြည်မယ်စကြဝဠာအသင်းက မေတ္တာရပ်ခံလိုက်ပါတယ်။

အသင်းရဲ့ အောက်တိုဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်ကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

MISS UNIVERSE MYANMAR ORGANIZATION ၏ သတင်းထုတ်ပြန်ချက်

MISS UNIVERSE MYANMAR 2013 မိုးစက်ဝိုင် အား Online နှင့် Facebook စာမျက်နှာများပေါ်တွင် လူနည်းတစ်စုမှ ဂုဏ်သိက္ခာညှိုနွမ်းအောင် အများပြည်သူထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက်အလက်ထုတ်လွှင့်ခြင်းမျိုးမဟုတ်ပဲ