မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 21 February 2015

လောက်ကိုင်မှရသော တပ်မတော်အတွက် သင်ခန်းစာ

 
လောက်ကိုင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့၌ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများ (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အစိုးရဘက်မှ ထုတ်ပြန်သော ထုတ်ပြန်ချက်ကြောင့် အားလုံးအံ့အားသင့်ခဲ့ရသည်။
စတင်တိုက်ပွဲဖြစ်ပွားသော ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်ထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး

Thursday 19 February 2015

အိုင်ဆစ် (ISIS) မှ အီရတ်အဖိုးအိုတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် ကျောက်တုံးများဖြင့်ပစ်ပေါက်သတ်

Myo Min Thant's photo.
Myo Min Thant's photo.
  
        အိုင်ဆစ် (ISIS) မှ အီရတ်အဖိုးအိုတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် ကျောက်တုံးများဖြင့်ပစ်ပေါက်သတ်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၅
အီရတ်နိုင်ငံ၊ အိုင်ဆစ်တို့သိမ်းယူထားသော မိုဆူးလ်မြို့၌ အိုင်ဆစ်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို

ကိုးကန့်အဖွဲ့၏ ငြိမ်းချမ်းရေးတောင်းဆိုချက် ညှိနှိုင်းရန်မရှိဟု သမ္မတရုံးပြော


10959319_848986828473152_3567175665646462212_n
အမ်အန်ဒီအေအေ ကိုးကန့်လက်နက်ကိုင်အဖွဲ့က သူတို့ဟာ မြန်မာနိုင်ငံရဲ့ မိသားစု အဖွဲ့ဝင်ဖြစ်ပြီး သမ္မတကြီးအနေနဲ့ ငြိမ်းချမ်းရေးတံခါးဖွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ်မှာ သမ္မတရုံးက ပယ်ချလိုက်ပါတယ်။
ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့က (အမ်အန်ဒီအေ အေ) ဟာ  နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်း စရာအကြောင်းမရှိဘူးလို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က တပ်ကိုတိုက်တာမဟုတ်ဘူး၊ တပ်စခန်းတွေကို တိုက်တာမဟုတ်ဘူး၊ သာမန်အခွင့်အရေးတောင်းဆိုတာ မဟုတ်ဘူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လောက်ကိုင်အုပ်ချုပ်ရေးဌာနကို

Wednesday 18 February 2015

ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း

kokang Reuters
အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူးပေါင်း ခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။
ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားနေစဉ်ကာလမှာ ပူးပေါင်းကြတာဖြစ်ပြီး ပူးပေါင်းတဲ့

Tuesday 17 February 2015

မြန်မာ့ အရေးကျွမ်းကျင်သူ (ယူနန်ပြည်နယ်အစိုးရအကြံပေး) ဒေါက်တာလီချန်ယန်းနှင့် တွေ့ဆုံခြင်း




-စိုင်းထွန်းအောင်လွင် တွေ့မေးသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုး တက်ကောင်းမွန်လာမှုနဲ့အတူ တရုတ်နဲ့ မြန်မာနိုင်ငံ အကြားမှာလည်း ဆက်ဆံရေး ဆက်လက်ကောင်းမွန်လာ အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ လက်ရှိအချိန်ကို ကြည့်မယ်ဆိုရင် လက်ပံတောင်းကိစ္စ၊ ကချင်ပြည်နယ် မှာ သစ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမှု၊ နယ်စပ်အနီး လက်နက်ကိုင်တွေနဲ့ ပဋိပက္ခ တွေ ဖြစ်နေမှု စတဲ့အကြောင်းရာတွေပေါ် မူတည်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် သင်္ကာမကင်းဖြစ်မှုတွေ ရှိ လာပါတယ်။
အဲဒီကိစ္စတွေ အပါအဝင် ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်း ကျင်သူလည်းဖြစ်၊ ယူနန်တက္ကသိုလ် ပါမောက္ခလည်းဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရရဲ့ အကြံပေးလည်းဖြစ်သူ၊ မြစ်ဆုံ၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာလီချန်ယန်းကို ဖလားဝါးနယူးစ်ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ စိုင်းထွန်းအောင် လွင်က တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး - တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့် မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ကာလကစလို့ ခေတ် ကာလအလိုက် အနိမ့်အမြင့် အတက်အကျတွေရှိခဲ့တာ

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖိုဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်း လိုက်ပါတယ်

Pa-O National Army's photo.
Pa-O National Army's photo.
ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်း လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း

ကိုးကန့်ဒေသအရေးပေါ်အခြေအနေကြေညာခြင်း

.·ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

▬▬▬▬▬▬▬▬▬▬▬▬▬▬
■ အရေးပေါ်အခြေအနေကြေညာခြင်း ■
▬▬▬▬▬▬▬▬▬▬▬▬▬▬

၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ ပါသည်။

၂။ သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ် ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ (က)အရ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။

၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉၀)အထိ အတည်ဖြစ်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
▬▬▬▬▬▬▬▬▬▬▬▬▬▬
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်သည်။

၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။

၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More: www.president-office.gov.mm]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)
၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)
■ အရေးပေါ်အခြေအနေကြေညာခြင်း ■


၁။ ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားလာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ ပါသည်။
၂။ သို့သော်လည်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရပါသည်။ ဤကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ် ပြုသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်နေကြောင်း တွေ့ရှိရသဖြင့်

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၂/၂၀၁၅)ကို ၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။ အဆိုပါထုတ်ပြန်ချက်မှာ-
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်သည်။
၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။
၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်း ပြုနိုင်သည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ဖော်ပြပါရှိပါသည်။

Monday 16 February 2015

ပေါက်ဖေါ်ကြီးသိအောင်လို့ပါတဲ့

Challenger Challenger Challenger's photo.

Challenger Challenger Challenger's photo.Challenger Challenger Challenger's photo.
Challenger Challenger Challenger's photo.
   
  
       
အမေရိကန်ရေတပ်မတော်ဆိုရင် ဘာတွေပါတယ်....ဘယ်လောက်အင်အားရှိတယ် ဆိုတာ အားလုံးနီးပါးသိတယ်....ဟတ်လား.........ထိုင်ဝမ်ကို တရုတ်ကြီးက တိုက်မယ်လုပ်တုန်းက ကန်ကြီးက အမှတ်(၇)ရေတပ်ကို လွှတ်လိုက်တာ...ကန်ကြီးရဲ့ လေယာဉ်တင်သင်္ဘောပေါ်က F-15 Eagle တွေက ဟိုက်ဒရိုဂျင်ဗုံးတွေ တပ်ပေါ့.....တရုတ်ကြီးအမှတ်(၇)ရေတပ်နဲ့တင် ဖျားသွားတယ်....မတိုက်ရဲတော့ဘူး....ဒါပေမယ့် အခုတရုတ်ကြီးက ပြည်တွင်းထုတ်လက်နက် ပြပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ ပြမယ်ဆိုဘဲ..ကိုယ်ပျောက်တိုက်လေယာဉ်တွေ ပါမယ်တယ့် ဟတ်လား...ကြားရတာတော့ ကြောက်ဆြာရာ......... ၁၉၈၈ ခုနှစ် ကန်ရေတပ် မြန်မာ့ရေပိုင်နက်ထဲ ၀င်လာခဲ့တယ်......ပြည်သူတွေမသိဘူး..... မင်းမဲ့စရိုက် ဆန်ဆန်တွေဖြစ်နေတယ်.....ဘာမှ မဆိုင်တယ့် တရုတ်ကြီး လန့်နေပြီ.....ကန်ကြီးက အောက်ပိုင်းသိမ်းရင်.....တရုတ်ကြီးက အထက်ပိုင်းကို သိမ်းလို့ရအောင် တပ်တော်တွေကို နယ်စပ်မှာ ပို့ထားတယ်...............အဲ့ဒီထက် ဘာမှမဆိုင်တယ့် ကုလားကြီးက ကန်ရေတပ်ဝင်လာတာကို လန့်နေတယ်ဆိုဘဲ.......အင်အားကြီးနိုင်ငံတွေတောင် လန့်တယ့် ကန်ရေတပ်အင်အား....တွေးသာကြည့်............................လာပါပြီ ဒို့မြန်မာ.....ကန်စစ်သံမှူးကို ခေါ်လိုက်တယ်.........မင်းတို့စစ်သင်္ဘောတွေ ဒို့ပိုင်နက်ထဲ ၀င်နေတာ ဘာသဘောလဲ.....မ၀င်ရပါဘူးခင်ဗျ....ဘာမ၀င်ရမှာလဲ....ဒါမင်းတို့သုံးတယ့် စစ်သင်္ဘောအမျိုးအစားတွေ....ဒါမင်းတို့ရဲ့ စစ်သင်္ဘောနံပါတ်တွေ.................ကြောင်သွားတယ် အထောက်အထားနဲ့ဆိုတော့ ဘယ်လိုမှ ငြင်းမရတော့ဘူး..... ...နောက်ဆုံးဝန်ခံလိုက်ရတယ်..................အေး မင်းတို့ စစ်သင်္ဘောတွေ ငါတို့ပိုင်နက်က အခုချက်ချင်းထွက်..............ထွက်ခွာဖို့ အချိန်(၆)နာရီပေးမယ်........အချိန်(၆)နာရီမှ မထွက်ဘူးဆိုရင်တော့ မင်းတို့ စစ်သင်္ဘောတွေကို ငါတို့တိုက်ရလိမ့်မယ်....................မင်းတို့ဘဲ တိုက်နိုင်တယ် မထင်နဲ့ မင်းတို့တိုက်နိုင်သလို

Sunday 15 February 2015

ကုလသမဂ္ဂ အရာရှိတစ်ဦးရေးတဲ့စာ

Kyaw Swar Myint's photo.

Kyaw Swar Myint's photo.

Kyaw Swar Myint's photo.
 
 
  
စစ်သားမဟုတ်တော့ စစ်တို့ရဲ့ သဘောတရားကို နားမလည်ဘူး။
ဒါပေမဲ့ အာဖရိကက စစ်ဖြစ်ရာ ဒေသတွေမှာ ကုလသမဂ္ဂ အရာရှိ လုပ်ခဲ့ဘူးတော့
ပြည်တွင်းစစ်တွေ နယ်စပ် ဖြတ်ကျော်စစ်ပွဲတွေ ကိုယ်တွေ့ကြုံခဲ့ Dealing လုပ်ခဲ့
ရဘူးလို့ ကိုယ်သိတာ ကိုယ်ပြောမယ်။

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင် အိမ်နီးချင်း နိုင်ငံ
တစ်ခုကို တိုက်ခိုက်ဖို့ မိမိမြေကို အသုံးပြုခွင့်ပေးတာဟာ အပြည်ပြည်ဆိုင်ရာ
သဘောတူညီချက် တစ်ဒါဇင်လောက်နဲ့ နယ်နမိတ်စာချုပ်များ အိမ်နီးချင်းကောင်း
တို့ရဲ့ ကျင့်ဝတ်များကို ဖောက်ဖျက်တာပဲ။ ဒါကို အထောက်အထား ခိုင်မာသက်သေ
ရှိရင် တရုတ်အစိုးရကို တရားဝင်ကန့်ကွက်ပါ။ တရုတ်သံအမတ်ကို ဆင့်ခေါ်
သတိထောက်လွှာ ပေးပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြပါ။ သံတမန်
စစ်မျက်နှာတစ်ခု ဖွင့်လိုက်ပါ။
တရုတ်မြေကို သုံးခွင့်မရ တရုတ်ထောက်ကူမရတော့ရင် ကိုးကန့် မကလို ဆယ်ကန့်
လဲ နာပြီပဲ။ တရုတ်က နားမထောင်ရင်တဆင့် တက်ပြီး ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ ရဲ့ Pressure သုံးပါ။ အနောက်နိုင်ငံတွေ ရဲ့ ထောက်ခံမှုယူပါ။ မြန်မာပြည်
တွင်းရှိ တရုတ်စီမံကိန်းတွေ စီးပွားရေးတွေ ရပ်ဆိုင်းလိုက်ပါ။ တရုတ်တွေ လုပ်ကို
လုပ်ပေးရမယ်။ တရုတ်ရဲ့ အသက် သွေးကြော တစ်ချောင်းလို့ တင်စားနေကြတဲ့
ကျောက်ဖြူ ရေနံ ပိုက်လိုင်းကြီး ကိုယ့်လက်ထဲ မှာ ရှိတာ တရုတ်က ကိုယ့်ကို ကြောက်
ရမှာ ကိုယ်ကတရုတ်ကို ပြန်ကြောက်နေရတာ ရှင်းရှင်း ပြောရင် ကိုယ်တွေ
အသုံးမကျလို့ပဲ။
အာဖရိကက ဘာမဟုတ်တဲ့ ဆူဒန်နိုင်ငံတောင် ဒါမျိုးလုပ်ပြီး တောင်ဆူဒန် သူပုန်
တွေကို ကူညီနေတဲ့ ယူဂန်ဒါကို ပိတ်ဆို့ ပြည်တွင်းစစ်ကို ထပ်ပြီး ဆွဲဆန့်
သွားတာ နှစ်၂၀ ကျော်။ အမေရိကန်တွေသာ ခိုးပြီး မကူညီရင် တောင်ဆူဒန်
ဒီနေ့ထိ လွပ်လပ်ရေး မရဘူး။
ဖုန်ကြားရှင်တပ်မှာ အခြားအပစ်ရပ် အဖွဲ့တွေပါ ပူးပေါင်းတယ် ပြောကြတယ်။ ဒါဟာ
အပစ်ရပ် ငြိမ်းချမ်းရေး စာချုပ်တွေကို ဖောက်ဖျက်တာပဲ။ ကိုယ်ကဦးအောင် သတင်းစာ ရှင်းလင်းပွဲလုပ် သက်ဆိုင်ရာ အဖွဲ့တွေကို သတိပေး။ မရရင်တော့ ဆော်ပေတော့။
သူတို့ဘက်က စဖောက်ဖျက်တာ အထောက် အထားရှိရမယ်။
ဖုန်ကြားရှင်တို.ရှမ်းတရုတ် ပူးပေါင်းတပ်တွေ ဆေးရုံတွေ စာသင်ကျောင်း တွေကို
တိုက်ခိုက်တယ် ကြားရတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပေါင်း
များစွာကို ချိုးဖောက်တာပဲ Red Cross တံဆိပ်တပ်ထားတဲ့

တရုတ်စစ်သားတစ်ယောက် မြန်မာပြည်ထဲ ခြေတစ်လှမ်းကျွံတာနဲ့ ယူနန်ပြည်နယ် ရေအောက်ရောက်စေရမယ်

.
လ ဝင်း ထွန်း's photo.လ ဝင်း ထွန်း's photo.
လ ဝင်း ထွန်း's photo.
 
 
တရုတ်စစ်သားတစ်ယောက် မြန်မာပြည်ထဲ ခြေတစ်လှမ်းကျွံတာနဲ့ ယူနန်ပြည်နယ် ရေအောက်ရောက်စေရမယ်
တရုတ်အစိုးရ ဆက်ပြီးလူပါးဝလာပါပြီ။ MPC နဲ့ပေါင်းပြီး MNDAA နဲ့ မြန်မာ့တပ်မတော် ငြိမ်းချမ်းရေးယူဖို့ ကြားဝင်စေ့စပ်ပေးမယ်လို့ ပြောလာပါပြီ။ Reason ကတော့ ကိုးကန့်ပြည်သူများကို စာနာထောက်ထားလို့ပါတဲ့။ အမှန်က အဲ့လိုမဟုတ်ပါဘူး။ သူတို့သစ္စာခံ စီချွမ်တရုတ်လူမျိုး ဖုန်ကြားရှင်ရဲ့ MNDAA တပ်ထဲထိုးထည့်ထားတဲ့ တရုတ်စစ်တပ် Special Force က Rangers တွေ မြန်မာ့တပ်မတော် လက်ချက်နဲ့ ရာနဲ့ချီပြီး ခွေးသေဝက်သေမသာပေါ်နေလို့ပဲ ဖြစ်ပါတယ်။ ဖုန်ကြားရှင်တပ်တွေကို လောက်ကိုင်ထိုးစစ်မှာ ယူနန်ပြည်နယ်

ကိုးကန့်တိုက်ပွဲများ လုံးဝအလျော့ပေးမည် မဟုတ်ကြောင်း ကာချုပ်ပြော Updated 8 hours ago လက်ရှိဖြစ်ပွားနေဆဲ ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံးဝအလျော့ပေးသွားမည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်(ယမန်နေ့) တွင် ပြောကြားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်တွင် လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒုကသည်များနှင့် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒါဆိုရင်တော့အားလုံး ရင်ဆိုင်ကျော်လွှားဖို့သာ ပြင်ဆင်ထားပါ။ ငါတို့ကတော့ ဘာမှ မလျော့ပါဘူး” ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဆိုသည်။ ယင်းသို့တွေ့ဆုံရာတွင် ကာချုပ်က ဒုကသည်များအတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဆန်အိတ် ၁၀၀ နှင့် ဆီ ၄ပုံးထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။


 
 
လက်ရှိဖြစ်ပွားနေဆဲ ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံးဝအလျော့ပေးသွားမည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်(ယမန်နေ့) တွင် ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်တွင် လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒုကသည်များနှင့် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါဆိုရင်တော့အားလုံး ရင်ဆိုင်ကျော်လွှားဖို့သာ ပြင်ဆင်ထားပါ။ ငါတို့ကတော့ ဘာမှ မလျော့ပါဘူး” ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ဆိုသည်။
ယင်းသို့တွေ့ဆုံရာတွင် ကာချုပ်က ဒုကသည်များအတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဆန်အိတ် ၁၀၀ နှင့် ဆီ ၄ပုံးထောက်ပံ့ ကူညီခဲ့ကြောင်း သိရသည်။
သတင်း - ကျော်မျိုးထွန်း / ဧရာဝတီ
လက်ရှိဖြစ်ပွားနေဆဲ ကိုးကန့်ဒေသတိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုံးဝအလျော့ပေးသွားမည် မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက်(ယမန်နေ့) တွင် ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းတိုက်တွင် လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ဒုကသည်များနှင့် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါဆိုရင်တော့အားလုံး ရင်ဆိုင်ကျော်လွှားဖို့သာ

Friday 13 February 2015

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင်

 
 
 
 
 
 
 
 
 
 

ဖုန်ကြားရှင်တပ်တွေဟာ တရုတ်ပြည်ဘက်က ဝင်လာတယ်ဆိုရင် အိမ်နီးချင်း နိုင်ငံ တစ်ခုကို တိုက်ခိုက်ဖို့ မိမိမြေကို အသုံးပြုခွင့် ပေးတာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တစ်ဒါဇင် လောက်နဲ့ နယ်နမိတ်စာချုပ်များ အိမ်နီးချင်းကောင်း တို့ရဲ့ ကျင့်ဝတ်များကို ဖောက်ဖျက်တာပဲ။ ဒါကို အထောက်အထား ခိုင်မာ သက်သေရှိရင် တရုတ်အစိုးရကို တရားဝင်ကန့်ကွက်ပါ။ တရုတ် သံအမတ်ကို ဆင့်ခေါ် သတိထောက်လွှာ ပေးပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြပါ။ သံတမန် စစ်မျက်နှာ တစ်ခု ဖွင့်လိုက်ပါ။
ယခင် စစ်အစိုးရကို ကာကွယ်ခဲ့တုံးက သံတမန် စွမ်းရည် ပြသခဲ့ကြတဲ့ခဲ့တဲ့ မြန်မာသံအမတ်ကြီးတွေ လုပ်ကြပါဦး။ တရုတ်မြေကို သုံးခွင့်မရ တရုတ်ထောက်ကူ မရတော့ရင် ကိုးကန့် မကလို ဆယ်ကန့်လဲ နာပြီပဲ။ တရုတ်က လူပါးဝ သောက်ဂရု မစိုက်ရင် တဆင့်တက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ pressure သုံးပါ။ အနောက်နိုင်ငံတွေ ရဲ့ ထောက်ခံမှုယူပါ။ မြန်မာပြည်တွင်းရှိ တရုတ် စီမံကိန်းတွေ စီးပွားရေးတွေ ရပ်ဆိုင်း လိုက်ပါ။ တရုတ်တွေ လုပ်ကို လုပ်ပေးရမယ်။ တရုတ်ရဲ့ အသက်

မင်းတို့ ဒိုးလိုက်ကြတော့

Al Khon Bransai's photo.

Al Khon Bransai's photo.
"ဖုန်ကြားရှင်"
-------------
ဇို့ချွမ် (Szechuan) တရုတ်မျိုးနွယ်ကဆင်းသက်လာတဲ့
ဖုန်ကြားရှင် (Pheung Kya-shin) ကို ၁၉၃၁ ခုနှစ်
ကိုးကန့်ဒေသမှာ မွေးဖွားပါတယ်။
၁၉၆၉ ခုနှစ်ကတည်းက ကိုးကန့်ဒေသကို တည်ထောင်ပြီး
ခေါင်းဆောင်နေသူဖြစ်တယ်။ နှစ် ၂၀ ကျော် အုပ်ချုပ်ပြီးနောက်
၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ) ပြိုကွဲတော့
ကိုယ်ပိုင်တပ် (NDAA)ကို တည်ထောင်ပြီး မုန်းကိုးမြို့မှာ
အခြေချနေသူဖြစ်တယ်။
စီးပွါးရေး အနေနဲ့ထုံးစံအတိုင်း ခွန်ဆာ၊လော်စစ်ဟန်၊
ပေါက်ယူချန်း တို့လို ဘိန်းစိုက်၊ ဘိန်းချက်၊ ဘိန်းရောင်းတဲ့
တရုတ်တွေသာ ဖြစ်တယ်။
သန်းရွှေ-ခင်ညွန့် လက်ထက်မှာ တရုတ်ကို အားကိုးရတော့
ဒီဘိန်းသမားတွေ အနေချောင်ပြီး ဘိန်းချလုပ်ငန်းကို
ဗမာ စစ်အစိုးရနဲ့ပေါင်းအကြီးအကျယ် လုပ်ခဲ့သူတွေဖြစ်တယ်။
ဗမာပြည်ကို မူးယစ်ဆေးဝါး ထုတ်တဲ့ နိုင်ငံ၊ တရုတ်ကျွန် နိုင်ငံ
ဖြစ်အောင် လုပ်ကြတဲ့ လော်စစ်ဟန်သား စတီဗင်လောတို့လို
ဘိန်းသမားတွေထဲမှာ သူလည်း တယောက်အပါအဝင်ဖြစ်တယ်။
ဗမာစစ်အစိုးရကိုလည်း ဘိန်းသမား တရုတ်ကလွဲ

ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့၌ ကျင်းပလျှက်

Eleven Media Group's photo.

  နတ်မောက်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို အခမ်းအနားသို့ သောင်းနှင့်ချီသည့် ပြည်သူများလာရောက်ဂုဏ်ပြု
ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိ မကွေးတိုင်း၊ နတ်မောက်မြို့၌ ကျင်းပလျှက်ရှိသော ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ (ယနေ့)တွင် နိုင်ငံတစ်ဝန်းမှ သောင်းနှင့်ချီသည့် ရဟန်းရှင်လူပြည်သူများ လာရောက်ဂုဏ်ပြုခဲ့ကြပြီး တိုင်းရင်းသားအဖွဲ့ ခုနှစ်ဖွဲ့က ရာပြည့်ပွဲစင်မြင့်တွင် ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။
ကယန်း၊ ကရင်၊ ပအို့ဝ်၊ လီဆူး၊ ကယား၊ ရှမ်းစသည့် တိုင်းရင်းသားမျိုးနွယ်စုများက ၎င်းတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း၊ ဗိုလ်ချုပ်ရာပြည့် အခမ်းအနားသို့ လာရောက်ကြသော ပြည်သူများကလည်း ထိုအကများကို တခုပ်တရ အားပေးခဲ့ကြကြောင်း၊ ထိုဖျော်ဖြေပွဲများအပြင် သဘင်၊ ဂီတဖော်ဖြေပွဲများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
``တောင်ပေါ်မြေပြန့် သွေးစည်းညီညွတ်ရေးအတွက် ကြိုးပမ်းခဲ့ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်ပွဲမှာ ပြည်ထောင်စုနေ့နဲ့လည်း လာတိုက်ဆိုင်နေပြီး ဒီလိုလာရောက် ဖျော်ဖြေရတာပျော်ပါတယ်။ ပီတိလည်းဖြစ်မိတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကလည်း

ရှေးထုံးကိုပယ်တော့



‘‘လက်မထပ်ဘဲ အတူနေသလား၊ ကောင်းတာပေါ့။ ဘယ်သူနဲ့လဲ။ ခင်ဗျားညီမနဲ�ယ်များ၊ တည်းခိုခန်းများက အရောင်းမြှင့်တင်ရေးတွေလုပ်သည်အထိ ထိုယဉ်ကျေးမှုက မြန်မာလူနေမှုမှာ စိမ့်ဝင်ပျံ့နှံ့ထိုးဖောက်လာခဲ့သည်။မြန်မာ့လူနေမှုအရ လက်မထပ်မီ အတူနေအယူအဆကို ခါးခါးသီးသီးဆန့်ကျင်သူတွေရှိသေးသကဲ့သို့ အနောက်တိုင်းဆန်မှု၊ ခေတ်မီမှုတစ်ခုလို့လည်း လက်ခံယူဆနေသူတွေလည်းရှိပါသည်။
‘‘ဒီခေတ်မှာတော့ သမီးရည်းစားဆိုရင် အနည်းနဲ့အများက နေလိုက်တာပါပဲ။ သိတဲ့အတိုင်း အခုခေတ်မှာ လက်ထပ်ဖို့ကလည်း စရိတ်စက တော်တန်ရုံမတတ်နိုင်ဘူး။ အဲဒီတော့ လူငယ်စုံတွဲတွေက တွဲတာကြာလာရင် နေဖြစ်သွားတာပါပဲ’’ဟု ရန်ကုန်မြို့နယ် အခွန်ရုံးတစ်ရုံးမှ စာရေးကြီးကိုခင်မောင်ညွန့်ကဆိုသည်။ သူက ဗယ်လင်တိုင်းဒေးလို ချစ်သူများနေ့မှာ

မြန်မာ့တပ်မတော်နှင့် DKBAတပ် ပူးပေါင်းမည်




ဖေဖော်ဝါရီ ၁၃
ကိုးကန့်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သောတပ်နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများပြင်းထန်လာသည်နှင့်အမျှ KIA SSA နှင့် အခြားတပ်များကလည်း ဖုန်ကြားရှင်တပ်နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု သတင်းများပြန့်နှံ့လျက်ရှိသည်။
ထို့ကြောင့် KIA SSA နှင့် အခြားလွတ်မြောက်ရေးတပ်မတော်များသည် ဖုန်ကြားရှင်နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံကို ဆက်လက်တိုက်ခိုက်နေမည်ဆိုပါက DKBAတပ်မတော်ကလည်း မြန်မာ့တပ်မတော်နှင့် ပူးပေါင်းကာ တိုက်ပွဲဝင်ပေးသွားမည်ဟု DKBA မှ ဗိုလ်မှုးကြီးစောထူးအောင် က ပြောကြားလိုက်သည်။
ဗိုလ်မှုးကြီးစောထူးအောင် မှ "ကျနော်တို့ ကရင်ပြည်နယ်ကို ငြိမ်းချမ်းရေးယူပြီး အများကြီးဖွံ့ဖြိုးတိုးတက်အောင် သမ္မတကြီးက ဆောင်ရွက်ပေးခဲ့တယ်... ဒါကြောင့် ကျနော်တို့အနေနဲ့လည်း မဟာမိတ်ဖြစ်တဲ့ မြန်မာ့တပ်မတော်ဘက်က မားမားမတ်မတ် ရပ်တည်ပေးဖို့ အသင့်ရှိနေတာပါ... ကျန်တဲ့ လွတ်မြောက်ရေးတပ်မတော်တွေကိုလည်း ငြိမ်းချမ်းရေးရအောင် အမြန်ဆုံးဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ် " ဟု ပြောကြားခဲ့သည်။

From: Yangon Times

Wednesday 11 February 2015

ကျောင်းသားများ တောင်းဆိုချက်အားလုံး သဘောတူညီမှု ရရှိ

  • d1
  • d1A
  • d2
  • d3


လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကျောင်းသားတွေရဲ့ တောင်းဆိုချက် ၁၁ ချက်လုံးကို အစိုးရဘက်က သဘောတူလိုက်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝင်းခန်းမမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ)နဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားလှယ်တွေ ဆွေးနွေး သဘောတူညီခဲ့ကြတာပါ။
ဒီသဘောတူညီချက်တွေကို အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတွင်း ထည့်သွင်းဖို့နဲ့ လွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ် ရယူဖို့ ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
ဒေါ်ခင်စောဝေက “၁၁ ချက်စလုံးက အဆင်ပြေပါတယ်။ တခုတလေကိုတော့ တော်တော်အကြာကြီး ဆွေးနွေးရတယ် ပေါ့။ အစိုးရဘက်ကလည်း

Tuesday 10 February 2015

တရုတ် ဟန်လုံစီးပွားရေးလုပ်ငန်းစုကြီးဥက္ကဋ္ဌကို ကွပ်မျက် By ဒီဗွီဘီ

 377130_87ad5bc86c65cef04910a935659b978c-692x360


တရုတ်ပြည်တွင်း လုံခြုံရေး အရာရှိချုပ်ဟောင်းနဲ့ နီးစပ်သူ သတ္တုတွင်းလုပ်ငန်းရှင်နဲ့ အပေါင်းပါ ၃ ဦးကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကွပ်မျက်လိုက်ပါတယ်။
စီချွမ်းပြည်နယ်အခြေစိုက် ဟန်လုံ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ဥက္ကဋ္ဌ လျူဟန်ကို မာဖီးယားပုံစံ ရာဇ၀တ်မှု၊ လူသတ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ ပြီးခဲ့တဲ့နှစ် မေလကတည်းက သေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကွပ်မျက်ခံရတဲ့ လျူဟန်ဟာ  စီချွမ်းပြည်နယ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းအပြင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဓာတုပစ္စည်းလုပ်ငန်းတွေကို ပိုင်ဆိုင်ပြီး စီးပွားရေးသြဇာ အထူးကြီးမားခဲ့သူလို့လည်း ဖော်ပြပါတယ်။
အစိုးရထိပ်တန်းအာဏာပိုင်တွေရဲ့ အကာအကွယ်ပေးမှုနဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်း ယူပြီး တရားမ၀င်လောင်းကစားလုပ်ငန်းတွေ အကြီးအကျယ် လုပ်ကိုင်ခဲ့တာကြောင့်

Monday 9 February 2015

ဖုန်းကြားရှင်ယခင် (ဗကပ မှ ခွဲထွက်) အင် အား (၁၀၀၀)'ခန့်ဟာကုံလုံ နယ် မြေ ဘက် မှ ကိုးကန့် နယ် စပ်သို့ ဝင်ရောက်တိုက်ခိုက် တိုက်ပွဲများပြင်းထန်

ဖုန်းကြားရှင်ယခင် (ဗကပ မှ ခွဲထွက်) အင် အား (၁၀၀၀)'ခန့်ဟာကုံလုံ နယ် မြေ ဘက် မှ ကိုးကန့် နယ် စပ်သို့ ဝင်ရောက်တိုက်ခိုက် တိုက်ပွဲများပြင်းထန်
----------------------------------------------------------------------
လောက်ကိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်မြောက်ဘက် ၃ နေရာကနေ အင်အား အလုံးအရင်းနဲ့ဝင်လာတာဖြစ်ပါတယ်အင်အား ၁၀၀၀ကျော်ရှိနေကြောင်းစစ်ကူလိုက် တဲ့ တပ်ရင်း ၁ ရင်းပိတ်မိနေပြီး အဲ့ တပ်ရင်းနောက်ကိုလဲ လိုက်လံကူနေပါတယ်သေချာ စွာရန်သူကို ထိန်းနိုင်တဲ့ အခြေအနေမရှိသေးပါဘူးလိုအပ်ရင် အပတ်စဉ် အောင်ဆန်း တပ်ခွဲ ဆင်း တပ်မမှူး စစ်ကူလိုက်မှာဖြစ်ပါတယ်။
၉-၂-၂၀၁၅(၁၂၃၀)နာရီ ယ နေ့
ဒကစ(လောက် ကိုင်) ကွပ်ကဲ မှု အောက် ခလရ(၁၂၅)ရင်းဌာနချုပ် (ကုန်းကြမ်း) တာရွှေထမ်း ဥာဏ်ကွမ်းလောက် ကိုင် နေ ရာများအား ဖုန်းကြားရှင်ယခင် (ဗကပ မှ ခွဲထွက်) အင် အား (၁၀၀၀)'ခန့်ဟာကုံလုံ နယ် မြေ ဘက် မှ ကိုးကန့် နယ် စပ်သို့ ဝင်လာပြီး ၁၀၅ မမ အ မြောက် ကြီးများပစ် ကူ များ ယူ ၍ တပြိုင် နက် ထဲ သာ လွန်အင် အားဖြင့်စတင် တိုက် ခိုက် ခဲ့ပါ သည်။်
ခလရ(၁၂၅) အ နေ ဖြင့် အင် အား (၂၀၀)ကျော် သာ ရှိ သော် လည်း ရဲမေ စစ်သည် များ ဖြင့်
ပေါင်း ၍ လောက် ကိုင် နယ် မြေ မကျ ဆုံးစေ ရန် အပြင်း အထန် ခုခံ တိုက် ခိုက် ခဲ့ပါတယ်။
၁၃၅၀ ချိန်ရန်သူ လက်နက်ကြီးပစ် ခတ် မှု များစိတ် လာ ပြီးတိုက် ပွဲ အပြင်း အထန် ဖြစ် ပွား ရာ တပ် ရင်းမှူးဒဏ် ရာ ရ ရှိ ခဲ့ပါ တယ် ။ (စိုးရိမ် ရ)
ထို အ ခြေ အ နေ တပ် ရင်း မှူး မှ တပ် ရင်း အားဆုတ်ခွာ ခွင့် မပြု စေ ပဲ ။ ဒုတပ် ရင်းမှူး အားဦးစီးစေ ၍ ဆက် လက် တိုက် ခိုက် ရန် ညွှန်ကြားခဲ့ပါတယ်။
ရန်သူ အင် အား များ ပြား သော် လည်း မိမိ စစ်သည်/ရဲ မေ များ အပြင်း အထံ ခု ခံ တိုက် ခိုက် ရာ ဖုန်ကြားရှင် အဖွဲ့ များ ရှေ့ မတိုး နိုင် ပဲ ။ အ လောင်း များလက်နက် များ မ ကောက် နိုင် ပဲ ပြန် လည် ဆုတ်ခွာခဲ့ရပါတယ်။
၁၄၃၀ ချိန် ဒုတိယ အကြိမ် ခလရ(၁၂၅)အားထပ်မံတိုက် ခိုက် ရာ မိမိ တပ်မ တော် လေ မှ မစ်(29)တိုက် လေ ယဉ် များ ပျံတက် လာ ပြီး ဖုန်းကြားရှင် တပ် များ အား ချေ မှုန်း ခြင်း မြေ ပြင် မှ ခလရ(၁၂၅) စစ် သည် များ တန် ပြန် ထိုးစစ် ဆင်ခြင်း ကြောင့် ဖုန်းကြား ရှင် အဖွဲ့ များ ထပ် မံဆုတ်ခွာ ခဲ့ ရ ပါ တယ် ။
လက် ရှိ အ ခြေ အ နေ တွင် ဖုန်ကြား ရှင် အဖွဲ့ မျာိးရှေ့ မတိုး သာ ပဲ လောက်ကိုင် နယ် မြေ အား တပ်မ တော် မှ ဆက် လက် ထိန်းချုပ် ထား ကြောင်း
၅၀ရာခိုင် နှုန်းစိတ် ချ ရ ပြီ ဖြစ် ကြောင်းတိုက် ပွဲ မှာ ဆက် လက် ဖြစ် ပွား ဆဲ ဖြစ် ကြောင်း
စစ် သည် များ နှင့် ရဲ မေ များ ဆက် လက် တိုက်ပွဲဝင် နေ ဆဲ ဖြစ် ကြောင်း သိ ရ ပါသည်။
မိမိ တပ်မ တော် မှ အထိ အခိုက် များ ရှိ သကဲ့သို့ရန်သူ ဘက် မှ လည်း အကျ အဆုံးများ ပြား ကြောင်းတပ်မ တော် အ နေ ဖြင့် လက် နက် များ အ လောင်းများ အ မြောက် အများ သိမ်းဆည်း ရမိ ထားကြောင်းသိ ရ ။ကုန်ကြမ်း ထွေ/အုပ် အုပ် ချုပ် ရေးမှူး အား
ဖုန်ကြား ရှင် အဖွဲ့ မှ ပြန် ပေး ဆွဲ ထားကြောင်းလည်းသိ ရ ပါသည်။
Credit Aung Zin Oo

လောက်ကိုင်၊ ကုန်းကြမ်း၊ လောက်ကိုင်မြောက်ဘက် ၃ နေရာကနေ အင်အား အလုံးအရင်းနဲ့ဝင်လာတာဖြစ်ပါတယ်အင်အား ၁၀၀၀ကျော်ရှိနေကြောင်းစစ်ကူလိုက် တဲ့ တပ်ရင်း ၁ ရင်းပိတ်မိနေပြီး အဲ့ တပ်ရင်းနောက်ကိုလဲ လိုက်လံကူနေပါတယ်သေချာ စွာရန်သူကို ထိန်းနိုင်တဲ့ အခြေအနေမရှိသေးပါဘူးလိုအပ်ရင် အပတ်စဉ် အောင်ဆန်း တပ်ခွဲ ဆင်း တပ်မမှူး စစ်ကူလိုက်မှာဖြစ်ပါတယ်။
၉-၂-၂၀၁၅(၁၂၃၀)နာရီ ယ နေ့
ဒကစ(လောက် ကိုင်) ကွပ်ကဲ မှု အောက် ခလရ(၁၂၅)ရင်းဌာနချုပ် (ကုန်းကြမ်း) တာရွှေထမ်း ဥာဏ်ကွမ်းလောက် ကိုင် နေ ရာများအား ဖုန်းကြားရှင်ယခင် (ဗကပ မှ ခွဲထွက်) အင် အား (၁၀၀၀)'ခန့်ဟာကုံလုံ နယ် မြေ ဘက် မှ ကိုးကန့် နယ် စပ်သို့ ဝင်လာပြီး ၁၀၅ မမ အ မြောက် ကြီးများပစ် ကူ များ ယူ ၍ တပြိုင် နက် ထဲ သာ လွန်အင် အားဖြင့်စတင် တိုက် ခိုက် ခဲ့ပါ သည်။်
ခလရ(၁၂၅) အ နေ ဖြင့် အင် အား (၂၀၀)ကျော် သာ ရှိ သော် လည်း ရဲမေ စစ်သည် များ ဖြင့်
ပေါင်း ၍ လောက် ကိုင် နယ် မြေ မကျ ဆုံးစေ ရန် အပြင်း အထန် ခုခံ တိုက် ခိုက် ခဲ့ပါတယ်။
၁၃၅၀ ချိန်ရန်သူ လက်နက်ကြီးပစ် ခတ် မှု များစိတ် လာ ပြီးတိုက် ပွဲ အပြင်း အထန် ဖြစ် ပွား ရာ တပ် ရင်းမှူးဒဏ် ရာ ရ ရှိ ခဲ့ပါ တယ် ။ (စိုးရိမ် ရ)
ထို အ ခြေ အ နေ တပ် ရင်း မှူး မှ တပ် ရင်း အားဆုတ်ခွာ ခွင့် မပြု စေ ပဲ ။ ဒုတပ် ရင်းမှူး အားဦးစီးစေ ၍ ဆက် လက် တိုက် ခိုက် ရန် ညွှန်ကြားခဲ့ပါတယ်။
ရန်သူ အင် အား များ ပြား သော် လည်း မိမိ စစ်သည်/ရဲ မေ များ အပြင်း အထံ ခု ခံ တိုက် ခိုက် ရာ ဖုန်ကြားရှင် အဖွဲ့ များ ရှေ့ မတိုး နိုင် ပဲ ။ အ လောင်း များလက်နက် များ မ ကောက်

ကိုးကန့်အဖွဲ့က အစိုးရတပ်ကို တိုက်ခိုက်

ကိုးကန့်အဖွဲ့က အစိုးရတပ်ကို တိုက်ခိုက်

9 February 2015 23:04(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)

လောက်ကိုင် မြေပုံ
ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် လက်နက်ကိုင် အဖွဲ့က ရှမ်းပြည်နယ် အရှေ့ပိုင်း လောက်ကိုင်မြို့ အရှေ့ဘက် တရုတ် နယ်စပ် အနီး အစိုးရ စစ်တပ် စခန်း တစ်ခုကို ဖေဖော်ဝါရီလ ၉ ရက် မနက်က ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

လောက်ကိုင်မြို့နယ် မိုးထိုင်းက ဒေသကွပ်ကဲရေး တပ်စခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကြီးကြီးကျယ်ကျယ် တိုက်ခိုက်မှုတော့ မဟုတ်ကြောင်း အဲဒီ ဒေသက တပ်မှူးတချို့ ပြောကြားတာကို ကိုးကားပြီး ဟိုပန်ပြည်သူ့လွှတ်တော်အမတ် ဦးကျင်ဝမ်းက ပြောပါတယ်။

နှစ်ဘက် ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်လို့တော့

Thursday 5 February 2015

သယံဇာတထောင်ချောက် တကယ်သင့်နေသလား



Written by - သူရိန်လှိုင်ဝင်း
အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်တဲ့ စီးပွားရေးပညာရှင်ပေါလ်ကို လီယာက အဆင်းရဲဆုံးနိုင်ငံတွေ ဘာ့ကြောင့် ဆင်းရဲတွင်းနက်နေကြရတာလဲဆိုတာနဲ့ပတ် သက်ပြီး The Bottom Billion လို့ခေါ်တဲ့စာ အုပ်တစ်အုပ်ကို ၂ဝဝ၇ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တယ်။ ပေါလ်ကိုလီယာဟာ ဆင်း ရဲတဲ့နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဖွံ့ ဖြိုးမှုတွေကို အစဉ်တစိုက်လေ့လာသုံးသပ်နေခဲ့တဲ့သူဖြစ်ပြီး ဒီနိုင်ငံတွေ ဘာကြောင့် ဆင်းရဲရတာလဲဆိုတဲ့နေရာမှာ ပါရဂူတစ် ဦးဖြစ်ပါတယ်။ ပေါလ်ကိုလီယာရဲ့ ဥပမာ ပေးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင် နေမယ်ဆိုတာ သိပ်တော့အကြာကြီးတွေးနေ စရာမလိုပါဘူး။ သူဥပမာပေးခဲ့တဲ့ နိုင်ငံအ များစုဟာ စစ်ဘေးဒဏ်နဲ့ ဘာသာရေးအစွန်း ရောက်မှုဒဏ်တွေကို အပြင်းအထန်ခံစား နေရတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက ဒေသက နိုင်ငံအများစုပါဝင်ပြီး အာရှနိုင်ငံ တွေကတော့ လက်ဆယ်ချောင်းမပြည့်တတ် ပါဘူး။ ဒီလက်ဆယ်ချောင်းမပြည့်တဲ့နိုင်ငံ တွေထဲမှာ မြန်မာပါနေသလိုအရှေ့တောင်အာရှနိုင်ငံတွေထဲက လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေလည်း

ကမ္ဘာ့လေးစားချစ်ခင်ဖွယ်အကောင်းဆုံးဖြစ်လာတဲ့ မင်းသမီး အန်ဂျလီနာဂျို လီ

Wednesday, February 4, 2015


မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်(ဓာတ်ပုံ- marie claire.com)

လူတို့ရဲ့ထင်မြင်ချက်များကို စစ်တမ်းကောက်ယူလျက်ရှိသော ဗြိတိန်နိုင်ငံရဲ့လူမှုရေးစာမျက်နှာ တစ်ခုဖြစ်တဲ့  YouGov ရဲ့ စစ်တမ်းကောက်ယူချက်များအရ နိုင်ငံပေါင်း (၂၃)နိုင်ငံမှာ လူပေါင်း နှစ်သောင်းငါးထောင်ကျော်ဟာ ရုပ်ရှင်မင်းသမီးချော အင်ဂျလီနာဂျိုလီကို ကမ္ဘာ့လေးစားချစ်ခင်ဖွယ် အကောင်းဆုံးအမျိုးသမီးအဖြစ် မဲပေးသတ်မှတ်ခဲ့ကြပါတယ်။

ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်၊ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့အပြင် လူမှုရေးသမားတစ်ဦး တဖြစ်လဲ၊ ကလေး (၆)ယောက်တို့ရဲ့မိခင် အင်ဂျီလီနာဂျိုလီဟာ တာလီဘန်တို့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရာက ပြန်လည်ကောင်းမွန်လာခဲ့တဲ့ နိုဘယ်ဆုရှင် အသက်(၁၇)နှစ်အရွယ် မာလာလာနဲ့ ဟီလာရီကလင်တန်တို့ကို ကျော်တက်ပြီး လူများရဲ့ လေးစားမှုကို အများဆုံးရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာ့လေးစားချစ်ခင်ဖွယ် အကောင်းဆုံး အမျိုးသမီးများရဲ့ ဒုတိယနေရာကိုတော့ မာလာလာနဲ့ တတိယ နေရာကို

Wednesday 4 February 2015

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ.နှင့် တရုပ်မကြောက်သော မန္တလေးသားများ ဖတ်ဖို.ပါ

Kyaw Swar Myint's photo.Kyaw Swar Myint's photo.

မန္တလေးရှိ စက်သုံးဆီဆိုင်ပိုင်ရှင် ကိုးကန့်လူမျိုး တစ်ဦးမှ ဆိုင်ပတ်ဝန်းကျင်ရှိ 
နိုင်ငံပိုင် နှစ်ချို့သစ်ပင်ကြီးများကို ခုတ်လှဲဖျက်ဆီးခဲ့ ။
မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်အပိုင် သမ္မတော ကျေးရွာတွင် သံလွင်ဆီဆိုင် ပိုင်ရှင် ကိုးကန့်
တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ မိမိ၏ စက်သုံးဆီဆိုင် ပိတ်သည်ဟုဆိုကာ အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံ စည်းရိုးများအပြင် လမ်းဘေးရှိ သစ်ပင်ကြီးများအား တရားဝင် ခွင့်ပြုမိန့်မရဘဲ ခုတ်ထွင် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ
သိရသည်။

“အဲဒီ ကိုးကန့်ပိုင်ရှင်က သူ့ဆိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခြံစည်းရိုးတွေကို

ထိုင်းနိုင်ငံက အလှဆုံး သူကြီးမလေး မယ့်လုံကွန့်

71036untitled-1

လတ်တလော ထိုင်းနိုင်ငံရဲ့ ဆိုရှယ်လ်မီဒီယာလောကမှာ ချောမောလှပတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမလေးတဦးအကြောင်း ရေပန်းစားနေပါတယ်။
အသက် ၃၅ နှစ်ရွယ်ရှိ နန်းဆောဝ် ဆူဖတ်လ၀ီ ယူဖက်ထ်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ နောင်ဟွယ်ရပ်ကွက် ဆီရီဝပ်ထန နိဝေ့ခ်ျ အိမ်ရာက ရာအိမ်မှူးတဦးဖြစ်ပြီး ဒီရက်ပိုင်းအတွင်း  ဒေသတွင်းသတင်းဌာနတခုက သူအကြောင်းကို ရေးသားဖော်ထုတ်ခဲ့တဲ့အတွက် လူမှုကွန်ရက် စာမျက်နှာမှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာအိမ်မှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရပ်ကွက်သူ ရပ်ကွက်သားတွေက သူ့ကို ချစ်စနိုးနဲ့ မယ့်လုံကွန့် (သူကြီး မလေး) လို့ ခေါ်ကြောင်း၊ လက်ရှိ သူ့ရပ်ကွက်က အိမ်ထောင်စုပေါင်း ၆၀၀ နဲ့  မိသားစုဝင် ၁၅၀၀ ကျော်ကို အုပ်ချုပ်နေတယ်လို့

၎ ပွင့်ဆိုင်ဆွေးနွေးပွဲ ရပ်ဆိုင်းသည့်ကိစ္စ ဒေါ်နန်းဝါနုကို မေးမြန်းချက်အပြည့်အစုံ


13701_842034092501759_4728991565967383287_n
ဒေါ်နန်းဝါနု
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းကျမှ ပြန်လည်စတင်ဖို့ အစိုးရဘက်က ရွှေ့ဆိုင်းခဲ့ပါတယ်။ မနေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီနဲ့ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ကိုယ်စားလှယ်တွေ ရောက်ရှိကြပေမယ့် အစည်းအဝေးအစီအစဉ်

Tuesday 3 February 2015

နေပြည်တော် တည်ဆောက်မှု လျှို့ဝှက်ချက်ကို ဖေါ်လိုက်ပြီ



သမ္မတရုံးပြောဆိုခွင့်နှင့် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ ကန့်သတ်တားမြစ်ထားသော သတင်းအချက်လက်များ ဖြစ်ပါသည်…..
မြန်မာပြည်တွင် ဘုရင်ဆိုသော ပဒေသရာဇ်စနစ်အား အရူးထလုပ်ဆောင်သော လုပ်ငန်းများထဲတွင် မိမိတို့နေထိုင်ရန်နှင့် စီမံခန့်ခွဲရန် အကြောင်းရင်းများအပါဝင် မိမိနှင့် မိမိ၏ ဆွေမျိုးညာတိများအတွက် လုံခြုံရေးသည် အရေးကြီးကြောင်း အထူးသတိထားရကာ နေပြည်တော်ဆိုသော မင်းဘုရင်ရူးတို့၏ မြို့တခု မြန်မာတွင် ပေါ်ထွက်လာတတ်သော အလေ့ထ အစဉ်လာများ ရှေ့သမိုင်းများတွင် ရှိသကဲ့သို့ ယခု လက်၇ှိ ကြပ်ပြေး နေပြည်တော် ဆိုသော ကွင်းထီးခေါင်ကြီးတခုလည်း ထိုးထိုးထောင်ထောင် အဆောက်အုံများဖြင့် ပေါ်ထွက်လာလေပြန်သည်။
မြန်မာပြည်တွင်သာမက ထိုခေတ်ထိုကာလတွင် အရှေ့တောင်အာရှဝယ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်း မွေးနေ့ မြန်မာနိုင်ငံတွင် ကျင်းပ By ဒီဗွီဘီ

(ဓာတ်ပုံ ရိုက်တာ/ကျိုဒို)ဓာတ်ပုံ (ရိုက်တာ)ဓာတ်ပုံ (အေအက်ဖ်ပီ/ ကေစီအန်အေ)

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်းရဲ့ ၇၃ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို ဇန်န၀ါရီလ ၂၇ ရက်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တယ်လို့ မြောက်ကိုးရီးယား ဗဟို သတင်းဌာနက (ကေစီအန်အေ)က ထုတ်ပြန်ပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက ကင်ဂျုံအီလ်းဟာ ထင်ရှားတဲ့ခေါင်းဆောင် ဖြစ်သလို တိုင်းပြည်တိုးတက်ရေး ကမ္ဘာငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လွတ်လပ်ရေးအတွက် လူထုတွေ ပျော်ရွှင်ဖို့ ဘ၀ကိုရင်းနှီးမြုပ်နှံထားတဲ့ ပြည်သူ့ဖခင်တယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း သတင်းမှာရေးပါတယ်။
ဒါ့အပြင် အချုပ်အခြာအာဏာနဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ရင်း

အလယ်ဆုံး Photos ကွန်မန့်ရွေးပြိုင်ပွဲ

ပအိုဝ်း it လူငယ်များ's photo.


ကဲ ၁၆.၂.၂၀၁၅ ရက်နေ့ကျရင် ကျွန်တော် ခွန်ထက်နိုင် အသက် ၁၆ နှစ်ပြည့်မှာပါ။ ၁၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ ကျွန်တော်တို့ရဲ့ ပအိုဝ်း IT လူငယ်များ ပေ့စ်မှာပြိုင်ပွဲလေးတစ်ခု ကျင်းပချင်လို့ပါ။နှစ်ပွဲကျင်းပမှာပါ။ပြိုင်ပွဲကိုမည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ပထမပွဲမှာပြိုင်ပွဲမှာ အနိုင်ရရှိသူကို မြန်မာနိုင်ငံအတွင်းနေထိုင်သူဆိုပါက ဖုန်းငွေဖြည့်ကဒ် ၅၀၀၀ ထည့်ပေးမှာပါ။ထိုင်းနိုင်ငံအတွင်းနေထိုင်သူဖြစ်ပါက ဘတ် ၂၀၀ ထည့်ပေးမှာပါ။တကယ်ထည့်ပေးမှာပါ။
ဒုတိယပွဲကတော့ အွန်လိုင်းမှာ bitcoin ရှာနေသူတွေအတွက်ပါ။ bitcoin adress ရှိသူများသာ