မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 23 April 2015

Face Book ပေါ်တွင်ငှက်ချစ်သူများရဲ့ လှောကားမှာ ငှက်သွားကြည့်ရင် ငှက်ကြည့်ခ တစ်သောင်းကျပ်ဆိုတဲ့အပါ်

Vincent Lin's photo.
ငှက်ချစ်သူများရဲ့ အမြင်လေး သိချင်ပါတယ်။ အခုနောက်ပိုင်း လှောကားမှာ ငှက်သွားကြည့်ရင် ငှက်ကြည့်ခ တစ်သောင်းကျပ် သတ်မှတ်လိုက်ပါပြီ။ သဘာဝအတိုင်း ရှိနေတဲ့ ငှက်ကို လာကြည့်တဲ့ ငှက်ချစ်သူတွေဟာ လှော်ကားထဲမှာ အမှိုက်ကို စည်းကမ်းမဲ့လဲ မပစ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လဲ တတ်နိုင်သလောက် ပူးပေါင်းကြပါတယ်။ လှော်ကားမှာ ချောင်ကြိုချောင်ကြား ဝင်ပြီး အမှိုက်ကို စည်းကမ်းမဲ့ ပြစ်ကြတဲ့ အတွဲတွေကြတော့ ဝင်ကြေးပဲယူတယ်။ ဖြစ်သင့်ပါသလားခင်ဗျာ။ ခုတော့ ငှက်ကြည့်ခြင်းကို အားမပေးရာရောက်နေပါပြီ။ ပုံကတော့ ဒီနေ့ လှော်ကားမှဖြတ်ပိုင်းဖြစ်ပါတယ်။ မနက် ၈နာရီမှဝင်တာပါ။

Sunday 19 April 2015

မိမိတို့ရဲ့ ကလေးတွေကို ငါးသုံးကောင်အကြောင်း ပြောပြပေးပါ..




(၁) Chum salmon ငါး
Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။ Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။
(၂) Northern snakehead
ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။ မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။
(၃) ဆော်လမွန်ငါး
နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။
ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့

Thursday 9 April 2015

ပည်သူကို ပါးရိုက်မည်ဟု ပြောခဲ့သည့် မွေး/ကျေးဖွံဖြိုးရေး ၀န်ကြီး ကိုယ်တိုင် ပါး (၄) ချက် အရိုက်ခံရတော့မည်ဟု လွှတ်တော်အမတ် ဦးလှဆွေ ဆို

9 April 2015 02:51(+0630) (လွန်ခဲ့သော 14 နာရီ ခန့်က)




အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်များကြောင့် မွေး/ကျေးဖွံဖြိုးရေး ၀န်ကြီးဌာန ကိုယ်တိုင်ပါးရိုက် ခံရတော့မည် ထင်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

၎င်းဝေဖန်ခဲ့သည့် အကြောင်းရင်းမှာ မွေးကျေး ဖွံဖြိုးရေး ၀န်ကြီး ဌာန၏ တာဝန်ယူမှုဖြင့်ဆောက်ရသည့် တံတားကို ဆောက်လုပ်ပြီးစီးကြောင်း တင်ပြထားသော် လည်းလက်ရှိ တွင် အာစီတိုင်သာ စိုက်ထားရသေးသည့် အဆင့်သာရှိသေးကြောင်း အမျိုသားလွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တွင် အထောက်အထား ဓာတ်ပုံများနှင့်ပြသတင်ပြသွားခဲ့ခြင်းနှင့်စပ်လျဉ် ၍ ဦးလှဆွေက ထိုသို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ပလက်ဝ ကြံ့ခိုင်ရေးအမတ် ဆလိုင်းခွဲရန်က ၁၀၀%ပြီးပါပြီ လို့ ဆိုသော ပလက်ဝမြို့နယ် ထဲက တံတား တခုဟာ ၄.၄.၂၀၁၅ မှာမှ အာစီ တိုင်အချို့ ဘဲစိုက်ထူထားရပါသေးကြောင်း ၊ ဖုံးဖြင့်ဓါတ်ပုံရိုက်၍ အွန်လိုင်း မှ ပေးပို့ခဲ့ သောပုံများ ကို လွှတ်တော် ပရိုဂျက်တာကြီးမှာ ထိုးပြသွားပါတယ် ၊ ဒါဆို မပြီးသေးတာကိုပြီးပြီလို့ပြောတာ ဟာ လိမ်တာပေါ့ ၊"ပါးတချက်" ဟု ၄င်းက ရေးသားထားသည်။

ထိုပြင် ကလေးမြို့နယ်အတွင်းက အာစီခရိုင်ချင်းစက်တံတား တည်ဆောက် မှုကြောင့် ပြည်သူများ