မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 30 July 2015

အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်သင့်ပြီ ..... မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောပြီ



(များများဖြန့်ဝေပေးကြပါ။)

၂၉/ ၇/ ၂၀၁၅
DVB / ရွှေအောင်
တနိုင်ငံလုံး မိုးကြီးပြီး ရေကြီးနေတာကြောင့် အစိုးရအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာပြီး စောင့်ရှောက်ဖို့သင့်ပြီလို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
အထူးသဖြင့် ဆည်မြောင်းတွေကို အလေးထား စောင့်ရှောက်သင့်တယ်လို့လည်း သူက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဆက်လက်တည်ရှိနေတဲ့ မုန်တိုင်းကြောင့် ချင်း၊ ရခိုင်၊ မကွေး အနောက်ခြမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။
ဒီနေ့ကစပြီး နောက် ၄-၅ ရက်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ရေကြီးရေလျှံမှုတွေ အကြီးအကျယ် ဖြစ်ပွားနိုင်တာကြောင့် သတိပြု နေထိုင်ကြဖို့လည်း မိုးလေ၀သပညာရှင်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကို ဒီဗွီဘီက

သံလွင်မြစ်ရေမှာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေပြီး ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထား

ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန်ကာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေခြင်းကြောင့် ဘားအံမြို့နယ် သံလွင်အရှေ့နှင့် အနောက်ခြမ်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၈ ရက်မှစတင်ကာ စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့ မြေနိမ့်ရပ်ကွက်အတွင်းဝင်ရောက်ကာ ရေကြီးလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက် တိုင်းထွာချက်အရ ၈၀၃ စင်တီမီတာရှိရာမှ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။

"သံလွင်မြစ်ရေက ညဘက်မှာ ပိုပြီးအတက်ကြမ်းတယ်။ ဇူလိုင် ၂၉ ရက်တစ်ညတည်းတင် စင်တီမီတာ ၂၃ ထိတိုးလာတော့ ရေကင်းစခန်းတွေဖွင့်ပြီး လုံခြုံရေးချထားပေးတယ်။ ညဘက်မှာ ရေထပ်တိုးလာရင် မဖြစ်မနေပြောင်းရွှေ့ဖို့

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ ပြောပြီ



မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၂၉ရက်နေ့မှာ Nikkei Asian Review နဲ့တွေ့ဆုံခဲ့ပြီးတော့ လက်ရှိသမ္မတသက်တမ်းပြီးရင် နိုင်ငံရေးကနေ အနားယူမယ်လို့ သူ့ရဲ့ကနဦးစဉ်းစားချက်တွေ ပြောင်းလဲသွားပြီလို့ ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က သူဟာ သမ္မတအဖြစ် ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလိုက်ပါပြီ။
အသက် ၇ဝအရွယ်လည်းရှိ နှလုံးမှာ Pacemaker တပ်ဆင်ထားရတဲ့သူ့အနေနဲ့ မြန်မာသမ္မတအဖြစ် ဘာ့ကြောင့်ဆက်လုပ်ချင်တာလဲဆိုတဲ့ Nikkei ရဲ့မေးခွန်းကိုတော့ ဦးသိန်းစိန်က -
"ကျနော့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျနော်အနားယူချင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာ တိုင်းပြည်ကို

စုတေခြင်း(သေဆုံးခြင်း) နှင့် ပဋိသန္ဓေနေရခြင်း စုတေခါနီး ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ထင်ပုံ အကြောင်း

Buddha, Dhamma, Sangha - ရတ်ပိပြကာ's photo.

ကံနှင့် ကံ၏ ပဋိသန္ဓေအကျိုးပေးမှု သဘာဝ
ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတခုခုပြုလုပ်လိုက်သောအခါ စေတနာ နှင့်ပြုလုပ်ခဲ့လျှင် ထိုစေတနာစိတ် သည် ဖြစ်၊တည်၊ပျက် (ဥပါဒ်၊ဌီ၊ဘင်) စိတ်၏အသက် သုံးချက်ပြည့်က ချုပ်ပျောက်သွားသော်လည်း ထိုစေတနာ၏သတ္တိ အာနိသင် သည် ပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျှောက်ပါရှိနေပေသည်။

အခွင့် သင့်လျှင်သင့်သလို အကျိုးပေးမည်သာ၊ အားကြီးလျှင်အားကြီးသလောက် ကုသိုလ်ကံ၊ အကုသိုလ်ကံစေတနာများ သည်သူ၏အခွင့်သင့်က ၊ အထောက်အပံ့ရက သင့်တော်သော အချိန် တွင် အကျိုးပေးမည်သာ။
အားကြီးသောစေတနာကံအကျိုးပေးရန်အခွင့်ရနေခြင်း
သေခါနီးအချိန်တွင် ထိုစေတနာကံသတ္တိများထဲမှ အားကြီးသောစေတနာကံတခုသည် စိတ်ထဲတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အဖြစ် အာရုံတစ်ခုခုအနေနှင့်ထင်လာပေမည်။
စိတ်ကထိုအာရုံကိုစွဲလန်းနေလျှင် ထိုကံစေတနာ အကျိုးပေးရန်အခွင့်ရနေခြင်းဖြစ်သည်။ အကျိုးပေးသည်ဆိုသည်မှာ - ကံပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျောက်လိုက်ပါလာနေသော

Thursday 23 July 2015

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်


မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၃ ယောက်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ ပြင်းထန်လွန်းကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တည်ဆဲဥပဒေနှင့် ကိုက်ညီတယ်လို့ ထောက်ပြကြသလို မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးကနေ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဒဏ် တသက် ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ် တသက်တကျွန်း ဆိုတာကို မြန်မာနိုင်ငံ

တရုတ်နိုင်ငံသားများကို လွှဲပြောင်းပေးရန် တရုတ်အစိုးရ တောင်းဆို


                 Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု)
သစ်ခိုးထုတ်မှုဖြင့် တစ် သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရ သော တရုတ်နိုင်ငံသားများ၏ အပြစ်ကို အချက်အလက်ပေါင်း စုံထည့်သွင်းစဉ်းစား၍ မျှမျှတတ ကိုင်တွယ်ပေးရန်နှင့် တရုတ်နိုင်ငံ သားများကို လွှဲပြောင်းပေးရန် မြန်မာအစိုးရထံ တရုတ်အစိုးရက တောင်းဆိုလိုက်သည်။ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ စီရင်ဆုံးဖြတ်ချက်အပေါ် လွန် စွာစိုးရိမ်ပူပန်လျက်ရှိခြင်းကို အ ကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရ၏ စိုးရိမ်ပူပန်မှုကို လေး လေးနက်နက်စဉ်းစားပေးရန်နှင့် အချက်အလက်ပေါင်းစုံကို ထည့် သွင်း၍ မျှမျှတတ ကိုင်တွယ်ဆုံး ဖြတ်ပေးရန် ထပ်မံအကြောင်း ကြားထားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မစ္စတာလုခမ်း(Lu Kang) က ပြောကြားသည်။သစ်ခိုးထုတ်သည့် တရုတ် နိုင်ငံသားများကို မြန်မာအစိုးရက ဖမ်းဆီး ထိန်းသိမ်းထားစဉ်က လည်း ယင်းတောင်းဆိုချက် တစ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။
မြန်မာအစိုးရက တရုတ် နိုင်ငံသားများကို

Wednesday 22 July 2015

Linux Web Server Development Ebook လေး လေ့လာချင်သူများအတွက်

Linux Web Server နဲပတ်သက်ပြီးလေ့လာချင်သောမိတ်ဆွေများအတွက်စာအုပ်ကောင်းလေး
တစ်အုပ်ရလိုတင်ပေးလိုက်ပါတယ်။စာအုပ်ထဲ့မှာတော့ Web Server နဲပတ်သက်ပြီး Initial Planning၊
Cherokee Installation and Configuration၊ Operating System Configuration၊ Using DDNS၊ Building Your Site၊ Manually Creating a Virtual Server၊ Creating a PHP Virtual Server Using a Wizard၊ Using Multiple Domain Names၊ A Database-driven Web Site ၊
စတာတွေကို ပြည့်ပြည့်စုံစုံလေ့လာလိုကောင်းတဲ့

Tuesday 21 July 2015

ပန်းချီကား ၁၄၀ ကျော်ကို တရုတ် ပြတိုက်မှူး ခိုးယူ


တရုတ် နိုင်ငံမှာ တက္ကသိုလ် တစ်ခုရဲ့ ပြတိုက်မှူး တစ်ယောက်က ပန်းချီ ပညာရှင်တွေရဲ့ မူရင်း ပန်းချီကားပေါင်း ၁၄၀ ကျော်ကို ခိုးယူပြီး သူ့ရေးဆွဲတဲ့ ပန်းချီကား အတုတွေနဲ့ အစားထိုး ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
တရုတ် တောင်ပိုင်းက ဂွမ်ကျိုး ပန်းချီ တက္ကသိုလ်မှာ ပြတိုက်မှူး လုပ်ခဲ့တဲ့ ရှောင်ယွမ် ဆိုသူဟာ သူခိုးယူခဲ့တဲ့ ပန်းချီကားပေါင်း ၁၂၅ ကားကို ရောင်းချခဲ့ရာမှာ ဒေါ်လာ ၆ သန်းကျော် ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ပန်းချီကျောင်းမှာ သူအလုပ် စဝင်ကတည်းက

Monday 20 July 2015

အသက် ၁၀ နှစ်ပင် မပြည့်တတ်သေးသော အစ္စလမ္မစ်စတိတ်ကလေးငယ်မှ လူကြီးတစ်ဦးကို ခေါင်းဖြတ်သတ်သော ဗွီဒီယို ထွက်ရှိလာ

 
 
 
 
 
 
 
 ဇူလိုင် ၁၈၊ ၂၀၁၅
ယုတ်မာပက်စက်သော အစ္စလမ္မစ်စတိတ် ဂျီဟာ့ဒ်ဝါဒီ ကလေးငယ်တစ်ဦးက ဆီးရီးယားအစိုးရစစ်သားတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သော ဗွီဒီယိုတစ်ခုထွက်ရှိလာပြီး ယင်းမှာ ကလေးငယ်တစ်ဦးမှ လူကြီးတစ်ဦးကို ပထမဆုံးခေါင်းဖြတ်သတ်ခြင်းဖြစ်ရပ်ဖြစ်သည်။
အော်ဂလီဆန်ဖွယ် ယင်းလူသတ်မှုသည် ဆီးရီးယားနိုင်ငံ၊ ဟွမ်းစ်ပြည်နယ်၊ အနောက်ဟီယာနန်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အယ်လ်ဘိုဆေယီစစ်တပ်စစ်ဆေးရေးစခန်းအနီးတွင် ဂျီဟာ့ဒီတို့မှ ဖမ်းဆီးရမိသွားခဲ့သော အစိုးရစစ်သားကို ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်။
အမည်မသိ ထိုအရာရှိမှာ ပါလ်မာရာမြို့အစိုးရစစ်တပ်မှဟု ယူဆရသည်။ ပါလ်မာရာမြို့ကို မေလအတွင်းက အစ္စလမ္မစ်စတိတ်မှ သိမ်းယူခဲ့ပြီး သမိုင်းဝင်ရှေးမြို့တော်မှ နှစ်ထောင်ချီသက်တမ်းရှိ အဆောက်အဦး၊ ရှေးဟောင်းဘာသာရေးရုပ်တုများကို ဖျက်ဆီးခဲ့သည်။
အစ္စလမ္မစ်စတိတ်သည် အသက် ၁၂ မကျော်သေးသော ကောင်လေးများကို ပြိုင်ဖက်အကျဉ်းသားများအား ပစ်သတ်အဆုံးစီရင်ရာ၌

နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည်


Nainglin Aung's photo.


နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများနှင့် နယ်ပယ်အသီးသီးမှ ပညာရှင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း၊ ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်၊ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နော်စူစန်နာ လှလှစိုး၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးဝင်းချို၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ ရွှေနန်းတော် စိန်ရွှေရတနာဆိုင် ပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဒေါ်သက်သက်အောင်၊ ဘလော့ဂါ ဦးနေဘုန်းလတ်တို့သည် NLD ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဇူလိုင် ၁၈ ရက်နေ့က လျှောက်လွှာတင်ထားကြောင်း သိရသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်းသူဟောင်း

ကော လင်း ရေကြီးမှု အန္တရာယ်

Than Htike's photo.
Than Htike's photo.

        ကောလင်းမြို့သည် စစ်ကိုင်းတိုင်း ကသာခရိုင် အတွင်းပါဝင်သည်
အရှေ့ဖက် ထီးချိုင့် အနောက်ဖက် ပင်လယ်ဘူး
တောင်ဖက် ကျွန်းလှ မြောက်ဖက် ဝန်းသို နယ် ရှိ ၏
ပင်လယ် ရေမျက်နှာပြင်ထက် ၈၀၁ ပေ ရှိသည်
အရှေ့ဖက် မိုင် ၂၀ ကျော် တွင် မင်းဝံ တောင်တန်းကြီး ရှိသည် ။

ထိုမင်းဝံ တောင် တန်း နှင့် ၅ မိုင်ခန့် အကွာ ရွှေဘို မြစ်ကြီးနား မဟာဗျူ ဟာလမ်းကြီး ရှိသည် ။ မင်းဝံတောင်တန်းပေါ် မှ ကျလာသော ရေ များ အား လုံး မဟာ ဗျူ ဟာ လမ်းမကြီး ကို ကျော်ဖြတ်ကြ ရသည် ။
ဤ တွင် အားနည်းချက် မှာ တံတား များ စွာ တည်ဆောက်လာရ ခြင်း ဖြစ်သည် ။
တံတား များ မှာ ၁၀ ပေ ၂၀ပေ ၅၀ ပေ ၁၀၀ ပေ ၁၆၀ ပေ ၃၀၀ ပေ စသည် ဖြင့်

ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့် အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်းတစ်သိန်း နစ်နာဟု သူရဦးအောင်ကို ဆို


Aung Than Tun's photo.
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်နေကြသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကျပ် သိန်းပေါင်းတစ်သိန်းနစ်နာခဲ့သည်ဟု ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စက်မှုဇုန်က နောက်ပိုင်းထုတ် - အပ်စနစ်နဲ့ စုစုပေါင်းအရေအတွက် ၂၀၀၀ ကျော် အတွက်ဆိုရင် စလစ်တစ်စောင်အတွက် သိန်း ၅၀ နစ်နာ ခဲ့လို့ ကားအစီးရေ ၂၀၀၀ အတွက် နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းတစ်သိန်း နစ်နာခဲ့ပါတယ်” ဟု သူရဦးအောင်ကိုက

ရခိုင် အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟုဆို

Aung Than Tun's photo.

ရန်ကုန်၊ ဇူလိုင်၂၀ ရက် (ဆင်ဟွာ)
ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၀ ကျော်ကို ဝင်ရောက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်က ဆင်ဟွာကို ယနေ့ပြောသည်။
ရခိုင် အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ မဲဆန္ဒနယ် အားလုံး ၆၀ ကျော်ရှိတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရော တောင်ပိုင်းရော၊ ပြည်နယ် လွှတ်တော်ရော မဲဆန္ဒနယ် အကုန်လုံးကို ဝင်ပြိုင်မှာ ဖြစ်တယ်’’ ဟု ပြောသည်။
ရခိုင် အမျိုးသားပါတ်ီမှ ဥက္ကဌ ဒေါက်တာ အေးမောင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင်

Sunday 19 July 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စပ်လျဉ်း၍ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိသားစုဝင်တို့၏ သဘောထားအမြင်များ ( ဆောင်းပါး)

MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.


ရန်ကုန် ဇူလိုင် ၁၉
၂ဝ၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များ၏ သဘောထား အမြင်များကို ကောက်နုတ် စုစည်းဖော်ပြလိုက်ရပါသည်
ဒေါက်တာဒေါ်ခင်လှချို
(ဒီးဒုတ်ဦးဘချို၏ မြေးအကြီးဆုံး)

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးသွား တဲ့ အာဇာနည် ခေါင်းဆောင်တွေ အားလုံးကို သတိတရနဲ့ သူတို့ရဲ့စိတ်ဓာတ်၊ သူတို့ရဲ့စည်းကမ်းနဲ့ သူတို့တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ရတာတွေ နောက်ပြီးတော့ သူတို့ ရဲ့ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာ၊ အလုပ်ဆိုတာ စေတနာနဲ့ တိုင်းရတာပေါ့။ အဲဒါတွေ အသိ အမှတ်ပြုပေးဖို့နဲ့ ကောင်းအောင် ကြိုးစားဖို့ ပြောချင်ပါတယ်။ အခမ်း အနားကို

ကန့်ဘလူ၊ ကောလင်းနယ်များတွင် မိုးကြီး၍ ရထားများရပ်တန့်နေ

          
ဧရာဝတီ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ချောင်း ဘူတာနှင့် ကံကြီးဘူတာအကြားတွင် ရထားသံလမ်းသို့ တပေခန့် ရေကျော်သည့်အတွက် မန္တလေးမှလာသည့် ၅၅ အဆန် အမြန်ရထားနှင့် ကောလင်းမှလာသည့် ၄၅ အဆန်ရထားတို့ ချပ်သင်းဘူတာတွင် ရပ်တန့်ထားရပြီး မိုးညှင်းလူစီးရထားနှင့် ကုန်ရထားတို့လည်း ချပ်ကြီး ဘူတာတွင် ရပ်တန့်ထားရသည်။
ထို့အပြင် ကောလင်း- ကျွန်းလှ- ကန့်ဘလူ နတလလမ်း ကောလင်း မြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်ရှိ ဒေါင်းမြူးချောင်း တံတားတောင်ဘက် ကားလမ်းပေါ်တွင်

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းများ.

Eleven Media Group
Eleven Media Group's photo.

Eleven Media Group's photo.

၂၀၁၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော ၆၈ နှစ်မြောက် အာဇာနည်နေ့၌ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အာဇာနည်ဗိမာန်သို့ တက်ရောက် ဂါရ၀ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အပါအ၀င်

ဘောညှီနံ့သင်းခြင်း



(၁)
သတိထားမိတာတစ်ခုပြောမယ်..
မြစ်ဆုံကိစ္စကိုစပြီး အစဆွဲထုတ်တာ..
တစ်ပူးမီဒီယာပဲ...၊
အဲဒီတုန်းက ဒုသမ္မတရှစ်လုံးနဲ့..
စတီဗင်လော ခေါ်ထွန်းမြင့်နိုင်ရဲ့
ဇာတ်ရှုပ်တွေပါပေါ်လာလေတော့..
ဒုသမ္မတအဆင့်ပါ နှုတ်ထွက်ပေးလိုက်ရတယ်
ဒါက တစ်ပူးကို..
ပထမဆုံးညှိုးတဲ့ အညှိုး..၊
--------------------
(၂)
နောက်တစ်ခုက..
ဒေါ်လာ ၁၁ ဘီလျံကိစ္စ ဖြစ်တယ်..
ဒေါ်လာ၁၁ ဘီလျံ လောက်ရှိတဲ့ ..
ကြောက်ခမန်းလိလိ များပြားတဲ့
ငွေတွေဟာ နိုင်ငံခြားဘဏ်တစ်ခုမှာ
မြန်မာနိုင်ငံသား (၅) ယောက်ရဲ့အကောင့်တွေနဲ့
ရှိနေကြတာကို ကမ္ဘာ့ဘဏ်တာဝန်ရှိသူက
အစည်းဝေးတစ်ခုမှာပြောတဲ့သတင်းကို
တစ်ပူးက စပြီးဖေါ်ထုတ်လိုက်ပါတယ်...
ပြည်သူတွေ မခံချိမခံသာဖြစ်ကြတယ်..၊
အဲဒါက ဒုတိယအညှိုး...
---------------------
(၃)
ပြီးတော့....
ဦးစိုးသိန်း ဒညင်းကုန်းအုတ်စက်ရုံကို..
သူခိုးဈေးနဲ့ ရောင်းလိုက်တဲ့ကိစ္စ...၊
ဧက ရာနဲ့ချီတဲ့ ဒညင်းကုန်းစက်ရုံမြေတွေကို
သူခိုးဈေးနဲ့ သမလိုက်တာ

အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်


တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။
မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်

ဒီနေ့ နေပြည်တော်က အိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်။
ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး လည်း ပြုလုပ်ခဲ့ ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဖို့ ဆိုရင် ဘွဲ့ရ၊ ပညာတတ်ဖြစ်ရုံ သက်သက်မဟုတ်ပဲ ပြည်သူကို အကျိုးပြုနိုင်တဲ့ သူဖြစ်ဖို့လိုပါတယ်။ NLD နဲ့ ဆယ်စုနှစ်ကျော် လက်တွဲခဲ့ သူဖြစ်နိုင် သလို၊ အခုမှ ၀င်လာတဲ့သူ

Wednesday 8 July 2015

ကြံ့ခိုင်ရေးပါတီ ပြင်ဆင်လိုတဲ့အဓိကအချက်တွေ ရှုံးခဲ့ပြီ



ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းထဲက သမ္မတ၊ ဒုတိယသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဆိုတဲ့အချက်ကို ပယ်ဖျက်တဲ့ ပြင်ဆင်ချက်တွေ၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်က ကော်မတီ၊ ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်တဲ့ ဖြည့်စွက်ချက်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါဝင်တဲ့ ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၁၁၅၊ ၁၄၇၊ ၂၃၂၊ ၂၃၄၊ ၂၄၉၊ ၂၆၁ ပုဒ်မတွေဟာ အမြင့်ဆုံးထောက်ခံမှု ၃၈၄မဲ (၆ဝ.၆၆%)ပဲ ရရှိခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒုတိယတရားသူကြီး

Tuesday 7 July 2015

လက်ထပ် ထိမ်းမြားခြင်း ဥပဒေ အတည်ပြု

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပါပြီ ။
ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် သဘောထား ကွဲလွဲချက် ၁၁ ချက် ရှိခဲ့ ပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရမှာတော့ ကန့်ကွက်မဲ့ ၂ဝ ခန့်နဲ့ ကြားနေမဲ ၈ မဲသာ ရှိခဲ့ပြီး ထောက်ခံမဲ ၅ဝဝ ကျော် ရရှိခဲ့တဲ့ အတွက် ဥပဒေကို အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ အတွက် မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေဟာ ဘာသာခြားနဲ့ လက်ထပ် ပေမယ့် ဗုဒ္ဓဘာသာ ကို ဆက်လက် ကိုးကွယ်ခွင့် ရမှာ ဖြစ်ပါတယ် ။
တကယ်လို့ ဘာသာခြားနဲ့ အိမ်ထောင်ပြု ခဲ့ပြီး ကွာရှင်း ဖို့နဲ့ ပိုင်ဆိုင်မှု ခွဲဝေရေး တို့ သားသမီး စောင့်ရှောက်ရေး ကိစ္စ တို့ကို