မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 20 August 2015

မုံရွာတက္ကသိုလ် ကျောင်းသားနှစ်ဦး အား နမခတိုင်းမှူး ဟောင်း ဗိုလ်ချုပ်စိုးလွင် သား နှင့် အဖွဲ့က ကားဖြင့်လိုက်တိုက်

Tun Min Latt's photo.Tun Min Latt's photo.
 
 
သြဂုတ်လ(၁၁)ရက်နေ့ ည(၁၀)နာရီအချိန်ခန့်တွင် မုံရွာမြို့ ကျောက္ကာလမ်း ဖန်စီ(2)စားသောက်ဆိုင် မှ အရက်မူးပြီး ကားအားအရှီန်ပြင်းစွာဖြင့် မောင်းနှင် ကာ ကျောက္ကာလမ်းမကြီးပေါ် မောင်းတက်စဉ် မုံရွာတက္ကသိုလ် မှ ကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် FZ ဆိုင်ကယ် နှင့် တိုက်မိမည့် အနေအထားဖြစ်ကာ
စကားများကြပြီး နောက်ပိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးလွင် ၏ သားနှင့်အဖွဲ့ မှ အဆိုပါကျောင်းသားနှစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား ၄င်းတို့ပါလာ သည့် ကားများဖြင့်လိုက်တိုက်ပြီး ဒုတ်ဖြင့်ပစ်ပေါက်သဖြင့် မုံရွာတက္ကသိုလ် တွင် အေးချမ်းစွာပညာသင်ကြားနေလျှက်ရှိသည့် ကျောင်းသား(၂)ဦး ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ဘယ်သူတွေ ရဲ့ သားသမီးတွေဆိုတာကိုတော့

Thursday 13 August 2015

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား

သူရဦးရွှေမန်း , ပြည်ထောင်စုလွှတ်တော်နာယက , လွှတ်တော် , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ, သမ္မတဦးသိန်းစိန်


သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရသည့် သူရဦးရွှေမန်း။(ဓာတ်ပုံ-ဂျေပိုင်/ဧရာဝတီ)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သူရဦးရွှေမန်းကို သာမန်ပါတီဝင်တဦးအဖြစ် ဆက်လက် လက်ခံထားပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် ရွေးကောက်ပွဲ ၀င်ခွင့်ပြုမည်ဖြစ် ကြောင်း၊ လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော်နာယက ရာထူးတွင် လည်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးကနေ ဦးရွှေမန်းကို နေ့ချင်းညချင်း ဖယ်ရှားလိုက်တာက

Monday 10 August 2015

IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ

 
သက်ဆိုင်သူကို credit ပေးပါတယ်
IT နှင့်ပတ်သက်၍ လိုချင်တာရှာရန် လင့်များ
မှတ်ချက် =
linkတွေအများကြီးမို့linkတွေနိပ်လို့မသွားခဲ့ရင် Color note မှာ copy ကူးထားပြီး အသုံးပြုကြပါ။
မူရင်း credit: http://momeiktharr.wordpress.com/
စိတ်ဝင်စားဖွယ် website လိပ်စာများ
1. www.mcpamyanmar.com မြန်မာနိုင်ငံ ကွန်ပျူတာပည်ရှင်များ အသင်း၏၀က်ဆိုဒ် )
2. www.getnetwise.com
( အင်တာနက်ကိုလုံခြုံစွာ သုံးစွဲနိုင်ရေး အတွက် လမ်းညွှန်ပေးတဲ့ဝက်ဆိုဒ် )
3. www.computerhope.com
( ကွန်ပျူတာနှင့် ဆိုင်တဲ့ software/ hardware ပြသနာပေါင်းစုံ ဖြေရှင်းတဲ့ ၀က်ဆိုဒ် )
4. www.tizag.com
(၀က်ဆိုဒ်ရေးသားချင်သူတွေအတွက်
အသုံးဝင်မယ့် ဆိုဒ် )
5. www.webteacher.com
( ၀က်ဆိုဒ်အခြေခံ ဗဟုသုတတွေ ကိုယ်ပိုင်ဝက်ဆိုဒ် စာမျက်နှာတစ်ခု ပြုလုပ်ပုံတွေ ရှင်းပြထားတဲ့ ၀က်ဆိုဒ် )
6. www.elo-godsign.com
( လိုဂို အကောင်းဆုံး လင့် 300 ကျော်ကို စုစည်းပေးထားတဲ့ ဆိုဒ် )
7. www.photobucket.com
(ဗီဒီယိုတွေကို တင်နိုင်၊ ကြည့်နိုင်တဲ့ဆိုဒ်)
8. www.say-it.com
( seal အမှတ်အသားတစ်ခုကို အွန်လိုင်းတွင် ချက်ချင်းဖန်တီးနိုင်ပြီး

ကျန်းမာရေးဌာနသို့ရောက်ရှိလာတဲ့စစ်ဘက်ဆိုင်ရာ အရာရှိများကို မကျေနပ်၍ မန္တလေးအရိုးဆေးရုံမှ ဆရာဝန်များက ဖဲကြိုးနက်များ လက်ပတ်နက်များပတ်ပြီး ကန့်ကွက်ဆန္ဒပြနေ

 
 
 
 
 

၁၀..၈..၁၅

တပ်သားစုဆောင်းရေးတပ်က ဒုဗိုလ်မှုးကြီးက ကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှုးဖြစ်စေဆိုပီး လုပ်ထည့်လိုက်သတဲ့။
-
ဆရာဝန်ကြီးတွေအထူးကုကြီးတွေပါမောက္ခကြီးတွေ လက်မခံ၊
ဒေါသထွက်လည်း ထွက်ချင်စရာပဲလေ
မန္တလေးအရိုးရောဂါကုဌာနက အထူးကုဆရာဝန်ကြီးများကတော့ လက်မခံနိုင်တဲ့အတွက်ဆိုပီး အနက်ရောင်ဖဲပွင့်တွေဝတ်ဆင်ပီး
ကမ်ပိန်းလုပ်

Friday 7 August 2015

ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီး

Heaven Jade's photo.

 ထိုင်ဝမ်နိုင်ငံအတွက်ဒီနှစ်အတွင်းအင်အားအကြီးဆုံးလို့ ဆိုရမယ့် "Soudelor" တိုင်ဖုန်းမုန်တိုင်းကြီးရဲ့  ရှေ့ ပြေးစက်ဝန်းဟာထိုင်ဝမ်နိုင်ငံအတွင်းကိုယခုနေ့ လည်အချိန်မှာကတည်းက၀င်ရောက်လာပြီးလေပြင်းကစတိုက်နေပါတယ်။ မုန်တိုင်းရဲ့ ဗဟိုချက်ကတော့ဒီညပိုင်းမှာထိုင်ဝမ်နိုင်ငံအရှေ့ ပိုင်းမှနေပြီး ကုန်းပေါ်ကိုတက်လာမှာမို့  ထိုင်ဝမ်နိုင်ငံအရှေ့ ဒေသများကို ယနေ့ မွန်းလွဲကတည်းက အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားနှင့်ပြီး မြို့ တော်ထိုင်ပေအပါအ၀င်ထိုင်ဝမ်တနိုင်ငံလုံးနီးပါးကိုတော့ ယနေ့ ညမှစပြီး အလုပ်ပိတ်/ကျောင်းပိတ်အမိန့် ထုတ်ထားပါတယ်။ အမိန့် နှင့်အကျူံးမ၀င်တဲ့ စစ်တပ်/ကမ်းခြေစောင့်တပ်/ဆေးဖက်ဆိုင်ရာ/မီးသတ်/ကယ်ဆယ်ရေးအဖွဲ့ အစည်းတွေကတော့ ထုံးစံအတိုင်း အင်အားတိုးပြီး ၂၄နာရီပတ်လုံး On Duty ပါ။ ပြည်သူများအား မလိုအပ်ပါကပြင်ပမထွက်ဘဲ မိမိနေအိမ်တွင်း၌သာ လုံခြုံစွာနေကြဖို့  အစိုးရမှတိုက်တွန်းဆော်သြော်ထားပါတယ်။
အများပြည်သူများသွားလာရင်းထိခိုက်ဒဏ်ရာရမှုနည်းပါးအောင် ဆေးရုံများရဲ့  OPDများ/ပြင်ပဆေးခန်းများကိုလည်းယာယီပိတ်ထားမှာဖြစ်ပြီး ဆေးရုံရဲ

Tuesday 4 August 2015

နှစ်မျိုးပဲရှိတယ် ။ အသိဥာဏ်မဲ့တာလား တာဝန်မဲ့တာလား

 
 
 
 
 
 
( လက်ရှိရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ ဆုံမေးမြန်းခြင်း )
နိုင်ငံတစ်ဝှမ်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတွင် ၁၁ ခုအထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လာမည့် စက်တင်ဘာနှင့်အောက်တို ဘာတို့ ၌ အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းကာလအတွက်ကို ပို၍စိုးရိမ်စရာဖြစ်ရပ်အဖြစ် အစိုးရပိုင်းက သတိထားကာ ကြိုတင်ပြင်ဆင်မှုလုပ်ထားစေလိုကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က ပြောကြားလာသည်။ လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေါက်တာထွန်းလွင်၏ ဝေဖန်သုံးသပ်ချက်များကို ပြည်မြန်မာ ပရိသတ်များသိရှိနိုင်စေရန်တွေ့ ဆုံမေးမြန်းပြီး ဖော်ပြလိုက်ပါသည်။
မေး - ဆရာ ဦးထွန်လွင် ခင်ဗျာ ။ ဆရာသတိပေးနေတဲ့အထဲမှာရေကြီး
ရေလျှံမှု ပထမအကြိမ် ၊ ဒုတိယအကြိမ် နဲ့ တတိယအကြိမ်ဆိုပြီးတော့ ရေကြီးရေလျှံကာလ သုံးပိုင်းရှိတယ်ပေါ့ ။ အခု ဒုတိယအကြိမ်က ပြီးပြီ
လား ၊ တတိယအကြိမ်ကရော ဘယ်လိုရှိမလဲခင်ဗျ ။
ဖြေ - ပထမအကြိမ်က ဖြစ်ပြီးသွားပြီ ၊ ဒုတိယအကြိမ်က ဖြစ်နေဆဲပေါ့ ။ အခု ဒီမုန်တိုင်း( ကိုမန် ) ပြီးရင်တော့ နည်းနည်းလောက်တော့ လျှော့
သွားမှာပေါ့ ။ ရေပြန်ကျသွားမှာပေါ့ ။ တတိယအကြိမ်ကဘယ်အချိန်မှာ
လာမလဲဆိုတော့

Sunday 2 August 2015

ရေကြီးမှုအတွက် အစိုးရအကူအညီ နောက်ကျရခြင်းအဖြစ်မှန်

Aye Min Soe's photo.

         

မြန်မာနိုင်ငံတ၀ှမ်းလုံးရေတွေကြီး နေတာမှာ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းက ပိုပြီးဆိုးဝါးတာကိုတွေ့ ရတယ်၊
အစိုးရက ရုတ်တရက် အရေးပေါ်အခြေအနေ မကြေညာပဲ နောက်ကျနေရတာဟာ အဲဒီဒေသတွေမှာ စစ်ဆင်ရေးအရ အရေးကြိးတဲ့ လျှို့ ဝှက်လှိုင်ခေါင်းတွေ အများဆုံး ရှိနေလို့ ပဲဖြစ်တယ်၊စစ်အစိုးရဟာ နေပြည်တော် စပြိးတည်ဆောက် ချိန်ကတည်းက တနိုင်ငံလုံးအနှ့ံ့ လှိုင်းခေါင်းကွန်ယက်ကို ဒေါ်လာဘီလျှံ နဲ့ ချီ အကုန်အကျခံပြီးတည်ဆောက်ခဲ့တယ်၊လှိုင်းခေါင်းတွေ ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူ့ စစ်မဟာဗျုဟာလို့ သူတို့  နာမည်တပ်ထားတဲ့ စစ်ရေးဗျုဟာရဲ့ အဓိ က အမိန့် ပေး ဌာန (centeral comman posts) တွေကို မြေအောက်က နေကွပ်ကဲဘို့ ပဲဖြစ်တယ်၊ ဒါတွေဟာ ပြည်တွင်း လက်နက်ကိုင်တွေကို ကာကွယ်ဘို့ မဟုတ်ဘူး ပြည်ပက တိုက်ခိုက်လာရင် ရင်ဆိုင်ဘို့ ဖြစ်တယ်၊ စစ်အစိုးရတခုလုံးကို နောက်ဆုံးအချိန်ထိ အကာအကွယ်

Saturday 1 August 2015

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်

ပညာရှင်စကား
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍမျိုးစုံ
ပကတိအခြေအနေနှင့် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို စာဖတ်သူများ
ရှုမြင်သုံးသပ်နိုင်ရန်အတွက် ''ပညာရှင်စကား'' ကဏ္ဍကို အပတ်စဉ် ဖော်ပြပေးလျက်ရှိပါသည်။
(အယ်ဒီတာ)

သစ်တော သစ်ပင်တွေ ပြုန်းတီးသွားတာကလဲ
မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတယ်။ အရင် က မိုးရွာရင် သစ်တောသစ်ပင်တွေက တားထား တဲ့ အတွက် မြစ်ဆီကို ရေက တန်းမရောက်ဘူး။ ဖြည်းဖြည်းချင်းပဲ ရောက်တယ်။ အခုကျ ရွာသမျှ ရေက မြစ်ထဲဒလဟော စီးဝင်သွားတော့ ရုတ်တ ရက် မြစ်ရေကြီးမှုတွေ ဖြစ်ကုန်တယ်။ အခုဟာက သစ်တောတွေမရှိတဲ့ ဒဏ်ကို ခံနေရပြီ။ ရန်ကုန်မှာ ဆိုရင် မိုးရွာလိုက်ပြီဆိုတာနဲ့ ကားတစ်ဝက်လောက်ကို ရေ မြုပ်နေပြီ။
အရင်တုန်းက တော့ ဆယ်နှစ်မှတစ်ခါ၊ ဆယ့်ငါးနှစ်မှတစ်ခါ ဖြစ် ချင်ဖြစ်မယ်။ ကမ္ဘာပေါ် မှာ ရာသီဥတုပြောင်းလဲ မှုကြီး ဖြစ်ပြီးတဲ့နောက် ပိုင်း မိုးကြီးတာတွေ၊ မိုး ခေါင်တာတွေက

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

ရာသီဥတု, မုန်တိုင်း, ရေကြီးရေလျှံ
ဦးထွန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့