မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 2 February 2016

သားဖြစ်သူ အသတ်ခံရသည့် အမှုနှင့်ပက်သက်၍ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့နှင့် တရားရေးရုံးတို့၏ ဆောက်ရွက်ချက်များကို မကျေနပ်၍ တရားခံဖော်ထုတ်ပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု

Eleven Media Groupပခုက္ကူမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက် ၉ နာရီခန့်က သားဖြစ်သူ အသတ်ခံရသည့် အမှုနှင့်ပက်သက်၍ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့နှင့် တရားရေးရုံးတို့၏ ဆောက်ရွက်ချက်များကို မကျေနပ်၍ တရားခံဖော်ထုတ်ပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သားဖြစ်သူမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရမှုကြောင့် သေဆုံးရခြင်းဖြစ်သော်လည်း ကျူးလွန်သူဟု ယူဆရသူ တစ်ဦးကိုသာ တရားစွဲဆိုထားသည့် အတွက် တရားခံအမှန်ကို ဖော်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။
■ သက်ထိန်ဝင်း

Monday 1 February 2016

ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော

ပြည်သူ့လွှတ်တော်ဥက္ကဌ အသစ်စက်စက်ဖြစ်လာသူ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်၏ လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံအား ပြန်လည်ဖော်ပြလိုက်ပါသည်။
Nainglin Aung's photo.
"ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ၊ ဒီလွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးတဲ့အပြင် ကိုယ်စားလှယ်များ စာရေးသောက်ရေး၊ နေရေးထိုင်းရေး စီစဉ်ပေးတဲ့ သူရဦးရွှေမန်းနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒီနေ့ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲများကျင်ပပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ ဒုတိယအကြိမ်လွှတ်တော်ကြီး ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပြည်သူများ