မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday, 12 May 2013

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း Monday, May 13, 2013

ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ ဘက်သို့ ဦးတည် ရွှေ့လျားနေကြောင်း ဘင်္ဂလာဒေခ်ျ့ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်လည်း မုန်တိုင်း မဟာဆန် မည်သည့် အချိန်တွင် မည်သည့် အရပ်ဒေသသို့ ၀င်ရောက် တိုက်ခတ်မည် ဆိုသည်ကို တိတိကျကျ ပြောဆိုရန်မှာမူ စောလွန်းနေသေးကြောင်း ဒက္ကားမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဘာဇလူ ရာချစ် (Bazlur Rashid) က ပြောသည်။

မဟာဆန် မုန်တိုင်းသည် တစ်နာရီ ဆယ်ကီလိုမီတာနုန်းဖြင့် ရွှေ့လျားနေပြီး မနက်ဖြန်တွင် ကုန်းတွင်းပိုင်း ဒေသ တစ်ခုခုသို့ ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု သူက ခန့်မှန်း ပြောသည်။

မဟာဆန် မုန်တိုင်းသည် လေဖိအား အနည်းအများ အပေါ် မူတည်ပြီး အနောက်သို့ယခု ရွှေ့နေရာမှ အရှေ့ဘက်သို့လည်း ပြန်လည် ရွှေ့လျားနိုင်ကြောင်း နောက်ထပ် အရာရှိ တစ်ဦးက ပြောသည်။

မုန်တိုင်းသည် တိုက်ခတ်စဉ် တစ်နာရီကို ၆၂ ကီလိုမီတာမှ ၈၈ ကီလိုမီတာ အထိ တိုက်ခိုက်နိုင်ကြောင်းနှင့် ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေ တလျှောက်တွင် နံပတ်သုံး အဆင့် သတိပေးမူကို ပြုလုပ်ထားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ငါးဖမ်းစက်လှေများ ပင်လယ်ပြင်ထွက်ခွင့်ကို တားမြစ်ထားလိုက်ပြီ ဖြစ်သည်။

narinjara
ဆိုင်ကလုန် မဟာဆန် နေရာရွှေ့၍ အိန္ဒိယသို့ လမ်းကြောင်းပြောင်း
Monday, May 13, 2013

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း အကြား ၀င်ရောက် တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသော ဆိုင်ကလုန် မဟာဆန်မှာ လမ်းကြောင်း ပြောင်းပြီး အိန္ဒိယ အနောက်တောင်ဘက်ပိုင်းသို့ ဦးတည်နေကြောင်း သတင်း ရရှိသည်။

မဟာဆန်မုန်တိုင်းသည် ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၄၅ အကွာ ဘင်္ဂလာပင်လယ်ထဲတွင် ဗဟိုပြု တည်ရှိနေပြီး တဖြည်းဖြည်းဖြင့် အိန္ဒိယ နိုင်ငံ Chennai ပြည်နယ် ပင်လယ်ကမ်းခြေ ဘက်သို့ ဦးတည်

Saturday, 11 May 2013

တစ်ကိုယ်ရေသုံး ရေသန့်ပိုက်

တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw)
Friday, May 10, 2013

တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw) ကို အများစု သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် Vestergaard Frandsen အထည်အလိပ် ကုမ္မဏီမှ တီထွင်ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ။် ၂၀၀၅ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်း က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး တီထွင်မှု ဆုကို ရရှိသွားတဲ့ ပစ္စည်း ဖြစ် ပါတယ်။

၂၀၁၀ခုနှစ် ဟေတီမြေငလျင် ဒုက္ခသည်စခန်း၊ ၂၀၁၀ ပါကစ္စတန်ရေဘေး၊ ၂၀၁၁ ထိုင်းရေဘေး ဒုက္ခသည်တွေဆီကို အများအပြားလှူဒါန်းခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အလှူရှင်ကတော့ Frandsen တို့တင်မဟုတ်တော့ပဲ အင်္ဂလန်က ကုမ္မဏီကြီး တစ်ခုပါ ထောင်သောင်းမက အရေအတွက်ကို လှူဒါန်းပါတယ်။

ရေဘယ်လောက်ပဲနှောက်နှောက်၊ ဘယ်လောက်ပဲ ဆိုးဆိုး ပါးစပ်နဲ့ တိုက်ရိုက် ဆုပ်သောက်နိုင်မှာ ဖြစ်ပါတယ်။ ၃၁၀ မီလီမီတာရှည်ပြီး အချင်း ၃၀ မီလီမီတာ အတိုင်းအတာရှိတဲ့ ပိုက်လေး ဖြစ်ပါတယ်။ ဖိုက်ဘာ နဲ့ လုပ်ထားပြီး အနယ်၊အညစ်အကြေး စစ်ပေးတဲ့ အလွှာပေါင်းများစွာ ပါဝင်ပါတယ်။ ဘာ ဓာတုဗေဒ ပစ္စည်းမှ မပါဝင်ပါဘူး။ filtering စနစ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ထားတာ ဖြစ်ပါတယ်။

ရေထဲမှာပါဝင်တဲ့ ဘက်တီးရီးယားများအား ၉၉.၉၉ ရာခိုင်နှုန်းအထိ သန့်စင် ဖယ်ထုတ်နိုင်တဲ့အတွက် အံ့မခန်းစွမ်းရည် ရှိတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးတဲ့ ဒေသတွေမှာ အသုံးပြုဖို့ သင့်တော်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချခြင်းအတွက်မဟုတ်ပဲ လှူဒါန်းဖို့အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှာဝယ်လို့မရပါဘူး။ အစိုးရမဟုတ်သော ဒုက္ခသည် ကယ်ဆယ်စောင့်ရှောင့်ရေး အဖွဲ့အစည်းတွေကို ပေးအပ်ပါတယ်။ သူတို့မှ တစ်ဆင့် ရေရှားပါးတဲ့ ဒေသ၊ ရေမရတဲ့ ဒေသ၊ ဒုက္ခသည်များကို လှူဒါန်းပါတယ်။ စီးပွားဖြစ် ထုတ်လုပ်မယ်ဆိုရင် ဈေးအင်မတန်ကြီးတဲ့ အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။ အနည်းငယ်ရောင်းချမှုတော့ ရှိနေတယ်လို့ သိရပါတယ်။

Lifestraw နဲ့ Lifestraw family လို့ခွဲထုတ်ထားပြီး Lifestraw က လီတာ ၁ထောင်စာရေကို စစ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် တစ်နှစ်အသုံးပြုဖို့ လုံလောက်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ။် Lifestraw family ကျတော့ လီတာ ၁၈၀၀၀ အထိ ရေစစ်ထုတ်နိုင်ပြီး မိသားစု တစ်ခု တစ်နှစ်အသုံးပြု စာ ဖြစ်ပါ တယ်။

ကမ္ဘာတစ်လွှားက ဆင်းရဲတဲ့ ဒုက္ခသည်များကို ကူညီကယ်ဆယ်ဖို့အတွက် ဖန်တီးထားတဲ့ Lifestraw ဟာ ယနေ့တိုင် အကောင်းဆုံး ကယ်ဆယ်ရေး နည်းပညာ ပစ္စည်းတစ်ခုအဖြစ် စံချိန်တင်ထားနိုင်တယ်လို့ သိရပါတယ်။
---
Ref:wiki
တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw)
Friday, May 10, 2013
တစ်ကိုယ်ရေသုံး ရေသန့်ပိုက် (Lifestraw) ကို အများစု သိရှိပြီး ဖြစ်မယ် ထင်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် Vestergaard Frandsen အထည်အလိပ် ကုမ္မဏီမှ တီထွင်ဖန်တီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ။် ၂၀၀၅ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်း က ပေးတဲ့ ကမ္ဘာ့အကောင်းဆုံး တီထွင်မှု ဆုကို ရရှိသွားတဲ့ ပစ္စည်း ဖြစ် ပါတယ်။
၂၀၁၀ခုနှစ် ဟေတီမြေငလျင် ဒုက္ခသည်စခန်း၊ ၂၀၁၀ ပါကစ္စတန်ရေဘေး၊ ၂၀၁၁ ထိုင်းရေဘေး ဒုက္ခသည်တွေဆီကို အများအပြားလှူဒါန်းခဲ့တဲ့ ပစ္စည်း ဖြစ်ပါတယ်။ အလှူရှင်ကတော့ Frandsen တို့တင်မဟုတ်တော့ပဲ အင်္ဂလန်က ကုမ္မဏီကြီး တစ်ခုပါ ထောင်သောင်းမက အရေအတွက်ကို လှူဒါန်းပါတယ်။
ရေဘယ်လောက်ပဲနှောက်နှောက်၊ ဘယ်လောက်ပဲ ဆိုးဆိုး ပါးစပ်နဲ့ တိုက်ရိုက် ဆုပ်သောက်နိုင်မှာ ဖြစ်ပါတယ်။ ၃၁၀ မီလီမီတာရှည်ပြီး အချင်း ၃၀ မီလီမီတာ အတိုင်းအတာရှိတဲ့ ပိုက်လေး ဖြစ်ပါတယ်။ ဖိုက်ဘာ နဲ့ လုပ်ထားပြီး

“ မြန်မာသံရုံး ကို ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့်

“ မြန်မာသံရုံး ကို ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် အကြမ်းဖက်သမား ၇ ဦးကို အသေဖမ်းဆီး ရ မိ ပြီး ၁၁ ဦး ကို အရှင် ဖမ်းဆီး ရမိ ”

အင်ဒိုနီးရှား နိုင်ငံ ဂျာကာ တာ မြို့  ရှိ မြန်မာ သံရုံးကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် စစ်သွေးကြွ များ ကို အင်ဒို နီးရှား တန်ပြန် အကြမ်းဖက် နှိမ်နှင်း ရေး က ၂၄ နာရီ ကျော်ကြာ စီးနင်း တိုက် ခိုက် ရာ ၇ ဦး ကို အသေ ဖမ်းဆီး ရ မိ ပြီး ၁၃ ဦး ကို အရှင် ဖမ်းဆီး နိုင်ခဲ့သည်။

အနောက် ဂျာ ဗား ၊ ဗဟို ဂျာဗား နှင့် ဆူလာဝေဆီ စသည့် ပြည်နယ် များ တွင် အကြမ်းဖက်သမားများ ခို အောင်း နေသည့် နေရာ ၁၁ ခု ကို  သီးခြား စီ ၀င်ရောက် စီးနင်း မှု ဉ် ရဲ တပ် ဖွဲ့  နှင့် စစ်သွေးကြွ များ အပြန် အလှန် ပစ်ခတ် မှု များ ဖြစ် ပွား ခဲ့ သည်။  အကြမ်းဖက် သမား များ က လက်ပစ်
ဗုံး များ ဖြင့် ရဲတပ် ဖွဲ့  ကို ပြန် လည် ပစ်ခတ် ခဲ့ သည်။

အချို့  ကို မျက် ရည် ယို ဗုံး များ သုံး စွဲ ၍ အရှုင် ဖမ်းဆီး နိုင်ခဲ့သည်။

ရဲတပ် ဖွဲ့  က နေရာ သုံး နေရာ ရှိ စစ်သွေးကြွ များ ခိုအောင်း ရာ နေရာ များ ကို ရှင်း လင်း နိုင်ခဲ့ပြီး မြန်မာ သံရုံး ကို တိုက် ခိုက် ရန် စီစဉ် ထား သည့် ဗုံး နှင့် ဆက် စပ် ပစ္စည်းများ ကို လည်းသိမ်းဆည်း ရမိခဲ့သည်။

သံရုံး ကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် ထား သူ များ သည် ဘဏ်ဖောက်ထွင်း မှု ၊ ရတ နာ ဆိုင် ဓားပြ တိုက် မှု ၊ လုယက် မှု ၊ ခိုးမှု များ ဖြင့် အလို ရှိနေသူ များ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့  နှင့် ကြသပတေး နေ့  စီးနင်း တိုက် ခိုက် မှု များ အတွင်း သေဆုံး ၊ ဖမ်းဆီ ရ မိခဲ့ သူများမှာ ဗဟို ဆူလာ ဝေဆီ ရှိ ပိုဆို အုပ်စု နှင့် ဆက်စပ် နိုင်သည် ဟု အင်ဒိုနီးရှား ရဲ တပ် ဖွဲ့  က သတင်းထုတ် ပြန် သည် ။ ထိုနေရာ သည် ၁၉၉၈ မှ ၂၀၀၂ ခုနှစ် အတွင်း ခရစ် ယာန် – မွတ် ဆလင် မငြိမ်
သက် မှု အတွင်း လူ ထောင် ချီ သေဆုံး ခဲ့ သည့် နေရာ ဖြစ်သည်။

အနောက် ဂျဗား ရှိ အကြမ်း ဖက် သမား များ ခို အောင်း ရာ နေ ရာ တစ်ခု ကို စီနင်း ရာ တွင် ကျဉ်ဆန် ၂၈၀ နှင့် သေနတ် သုံး လက် ကို တွေ့  ရှိ ခဲ့သည်။

အင်ဒို နီးရှား နိုင်ငံ တွင် ၁၀ နှစ် ကျော်ကြာ အကြမ်းဖက် နှိမ် နှင်း ရေး ဆောင် ရွက် ချက် များ ကြောင့် ထင် ရှား သည့် အကြမ်းဖက် အဖွဲ့  အစည်းများ အား ပျော့ သွား သော် လည်း  ပိုဆို နှင့် ဆူလာဝေဆီ
ကျွန်းများ ၏ တော များ ထဲ တွင် Mujahidin Indonesia Timur -နှင့် East Indonesia Holy Warriors စသည့် အဖွဲ့  များ မှာ အား ကောင်း စွာ ကျန် ရှိ နေသေးသည်။

အင်ဒိုနီးရှား ရဲ တပ် ဖွဲ့  က နှစ် ရက် တာ စီးနင်း ခဲ့ သည့် နေရာများ သည် ပြီး ခဲ့သည့် သီတင်း ပတ် က မြန်မာ သံရုံး ကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် နေ ချိန် ဖမ်းဆီး ရမိ သူ နှစ်ဦး နှင့် ဆက် စပ် နေသည်။

Freedom News Group
“ မြန်မာသံရုံး ကို ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် အကြမ်းဖက်သမား ၇ ဦးကို အသေဖမ်းဆီး ရ မိ ပြီး ၁၁ ဦး ကို အရှင် ဖမ်းဆီး ရမိ ”

အင်ဒိုနီးရှား နိုင်ငံ ဂျာကာ တာ မြို့  ရှိ မြန်မာ သံရုံးကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် စစ်သွေးကြွ များ ကို အင်ဒို နီးရှား တန်ပြန် အကြမ်းဖက် နှိမ်နှင်း ရေး က ၂၄ နာရီ ကျော်ကြာ စီးနင်း တိုက် ခိုက် ရာ ၇ ဦး ကို အသေ ဖမ်းဆီး ရ မိ ပြီး ၁၃ ဦး ကို အရှင် ဖမ်းဆီး နိုင်ခဲ့သည်။

အနောက် ဂျာ ဗား ၊ ဗဟို ဂျာဗား နှင့် ဆူလာဝေဆီ စသည့် ပြည်နယ် များ တွင် အကြမ်းဖက်သမားများ ခို အောင်း နေသည့် နေရာ ၁၁ ခု ကို သီးခြား စီ ၀င်ရောက် စီးနင်း မှု ဉ် ရဲ တပ် ဖွဲ့  နှင့် စစ်သွေးကြွ များ အပြန် အလှန် ပစ်ခတ် မှု များ ဖြစ် ပွား ခဲ့ သည်။ အကြမ်းဖက် သမား များ က လက်ပစ်
ဗုံး များ ဖြင့်

RCSS/SSA(ရွက်ဆစ်)အကြောင်းမဲ့ သတ်ဖြတ်မှု

RCSS/SSA(ရွက်ဆစ်) လက်နက်ကိုင်အဖွဲ့၏ ပြည်သူအပေါ် အကြောင်းမဲ့ သတ်ဖြတ်မှု
===============================================
မေလေ (၉)ရက်နေ့ မနက် ၈ နာရီခွဲ လောက်မှာ မူဆယ်၊(၁၀၅) မိုင် ရှောင်ကွင်းလမ်း ပေါ်ကို RCSS/SSA အဖွဲ့ တွေ ရောက်လာပြီး  ပစ်ခတ်ကြတယ်။ သေနတ်သံတွေ ကြားပြီးလို့ လူတွေ ပေးသွားတဲ့ အခါမှာ လမ်းပေါ်မှာ လူတွေက လဲနေပြီ။ ဒီတစ်ယောက်ကတော့ မြို့သစ်၊ မိုင်းငေါ့က မောင်ထွန်းရင် လို့ သိရပါတယ်။ သူ တစ်ယောက် သေပြီး နောက်ထပ် လူတွေ ဒဏ်ရာရကြတယ်။

အရင်က ရွက်ဆစ်အဖွဲ့ ဒီဘက်ကို လာပြီး ပစ်တာ မရှိဘူး။ အခု ငြိမ်းချမ်းရေး ယူတယ်ဆိုမှ လာပစ်တယ်။ အခု သေသွားတဲ့ မိဘတွေက သမ္မတကြီးနဲ့ ဦးအောင်မင်း ဆီကို တိုင်စာပို့မယ် ဆိုလို့ အခြေအနေတွေ မေးပြီး ရေး ထားတယ်။ အရှေ့မြောက်တိုင်းကိုတော့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ စာပို့ထားပြီးပြီ။ ပါးစပ်နဲ့လဲ ဗိုလ်မှူးကြီး တစ်ယောက်ကို ပြောပြီးပါပြီ။

ရှမ်းပြည်နယ်မှာ ဘိန်းဓားပြ ရွက်ဆစ်တို့ကို ငြိမ်းချမ်းရေး  အကြောင်းပြပြီးတဲ့နောက် ဖြစ်လာတဲ့ ဖြစ်စဉ်ပါ။ သမ္မတ ကြီးနဲ့ ဦးအောင်မင်းတို့ နားလည်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။
RCSS/SSA(ရွက်ဆစ်) လက်နက်ကိုင်အဖွဲ့၏ ပြည်သူအပေါ် အကြောင်းမဲ့ သတ်ဖြတ်မှု

မေလေ (၉)ရက်နေ့ မနက် ၈ နာရီခွဲ လောက်မှာ မူဆယ်၊(၁၀၅) မိုင် ရှောင်ကွင်းလမ်း ပေါ်ကို RCSS/SSA အဖွဲ့ တွေ ရောက်လာပြီး ပစ်ခတ်ကြတယ်။ သေနတ်သံတွေ ကြားပြီးလို့ လူတွေ ပေးသွားတဲ့ အခါမှာ လမ်းပေါ်မှာ လူတွေက လဲနေပြီ။ ဒီတစ်ယောက်ကတော့ မြို့သစ်၊ မိုင်းငေါ့က မောင်ထွန်းရင် လို့ သိရပါတယ်။ သူ တစ်ယောက် သေပြီး နောက်ထပ် လူတွေ ဒဏ်ရာရကြတယ်။
အရင်က ရွက်ဆစ်အဖွဲ့ ဒီဘက်ကို လာပြီး ပစ်တာ မရှိဘူး။ အခု ငြိမ်းချမ်းရေး ယူတယ်ဆိုမှ လာပစ်တယ်။ အခု သေသွားတဲ့ မိဘတွေက သမ္မတကြီးနဲ

ရွှေတိဂုံဘုရားပေါ်မှာ Internet

ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ ""Password""ကိုသိချင်ပါသလား

ရွှေတိဂုံဘုရားပေါ်မှာ Internet 
သုံးလို့ရပါပြီလို့ သိရပါတယ်။
ပထမဦးဆုံးကိုယ့်ဖုန်း(ဒါမှမဟုက်)
Lotop ကွန်ပျုတာက Wi fi ကိုအရင်

ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို ချိတ်ပါ ။ ပြီးရင် 
188133 ကို mmspot ဆိုပြီး Message ပို့လိုက်ပါ ။ ခဏစောင့်ပြီး Password ပြန်လာပါလိမ့်မယ်။ ပြီးရင် Browser ဖွင့်လိုက်တဲ့အခါ Password Code ထည်ရမဲ့ Page Auto တက်လာပါလိမ့်မယ်။

ပြန်လာတဲ့ code ထည့်ပြီးအင်တာနက်စသုံးနိုင်ပါပြီ။ ၄၅ မိနစ်ရမယ်ပြောပါတယ်။

ငှက် ငယ်
ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ ""Password""ကိုသိချင်ပါသလား

ရွှေတိဂုံဘုရားပေါ်မှာ Internet
သုံးလို့ရပါပြီလို့ သိရပါတယ်။
ပထမဦးဆုံးကိုယ့်ဖုန်း(ဒါမှမဟုက်)
Lotop ကွန်ပျုတာက Wi fi ကိုအရင်

ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို