မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday, 2 June 2013

လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကို တာချီလိတ် တွင်ပြုလုပ်ခဲ့ခြင်း။



 


 လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာချီလိတ်မှ ဒုတိယတပ်ဖွဲ့မှူး ဒုတိယရဲမှူး ရင်ရင်အေး

သည်(၂-၆-၂၀၁၃)ရက်နေ့၊နေ့လည်(၁)နာရီတွင် မကာဟိုခမ်းရပ်ကွက်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်

ဖွံ့ဖြိုးရေးပါတီရုံးတွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကိုပြုလုပ်

ခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် တာချီလိတ်မြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲံ့မှူး

ဒုတိယရဲမှူးကြီး ရင်ရင်အေး မှ လူကုန်ကူးမှုနှင့်ပတ်သက်သော ရည်ရွယ်ချက် နှင့်ဖြစ်စဉ်သာတကများ၊

နိုင်ငံအတွင်းတစ်နေရာမှ တ စ်နေရာသို့

Saturday, 1 June 2013

တာချီလိတ်မြို့သို့ ၀မ်တုံကျေးရွာမှ အဘိုးအဘွားများ ဘုရားဖူးအလည်လာရောက်

-              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းလပ်မြို့နယ်ခွဲ၊ နမ့်ခင်းအုပ်စု၊ ၀မ်တုံကျေးရွာမှ အဘိုး(၂)ဦး နှင့်အဘွား(၁၂)ဦး၊
ပေါင်း(၁၄)ဦးတို့သည် တာချီလိတ်မြို့သို့(၁-၆-၂၀၁၃)ရက်နေ့တွင် ဘုရားဖူးအလည်အဖြစ် လာရောက်ရန်ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီ၏ဖိတ်ကြားချက်အရ
လာရောက်ခဲ့ကြပါသည်။



      အဆိုပါအဘိုး၊အဘွားများကို တာလေမြို့နယ်ခွဲပြည်ခိုင်ဖြိုးပါတီမှကား(၂)စီးဖြင့်တာဝန်ယူခေါ်ဆောင်လာခဲ့ရာပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်ပြီး ခရိုင်ပါတီကော်မတီဝင်များဖြစ်သည့်ဦးစိုင်းဆွမ်ဝန်း(ခ)ဦးစိုင်းမိုင်၊
ဦးဘိုစံ၊ ဦးလွန်းသူ နှင့်အတူမြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်အခြေခံ
အဖွဲ့များမှ မယ်ယန်းတိုးဂိတ်တွင် သွားရောက်ကြိုဆိုခဲ့ပါသည်။