မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday, 15 January 2014

မော်လမြိုင် မြို့ နယ် မှ တံငါသည် တစ်ဦး ငါးတစ်ကောင် ဖမ်းမိရာမှ ငွေကျပ် ၂၂၅သိန်း ရရှိ

၅၂ ပိဿာ ခန့်ရှိ ကသမြင် ငါးကြီး ဖမ်းမိ ရောင်းချရာမှ ငွေကျပ် ၂၂၅သိန်း ရရှိ
မော်လမြိုင် ဇန်နဝါရီ ၁၅
မွန်ပြည်နယ်  မော်လမြိုင်မြို့ ခေါင်းဆေးကျွန်းနှင့် ကပ်လျက်ရှိ ဇွယ်ရပ် ကျွန်းအနီး သံလွင်မြစ် အတွင်းမှ ၅၂ ပိဿာခန့်ရှိ ကသမြင်ငါးကြီးသည် ငါးပြက်ဖမ်း ပိုက်တွင် လာရောက် တိုး၍ ဇန်နဝါရီ ၁၃ရက်က ဖမ်းမိရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ငါးကို  ငါးဒိုင်သို့ သွားရောက် ရောင်းချရာ ငါး၏ အဆီပေါင်းမှာ တန်ဖိုးကြီးမြင့်မှုကြောင့်  ကျိုက္ခမီ အဝယ်ဒိုင်မှ ငွေကျပ်  ၂၂၅သိန်း ပေးဝယ်ယူ ခဲ့ကြောင်း သိရသည်။
၎င်းငါးဖမ်း မိသူမှာ မော်လမြိုင်မြို့နယ် ကော့တွန် ကျေးရွာမှ

Sunday, 12 January 2014

မှတ်ပုံတင် လျှောက်ထားသူများ ပြည်ခိုင်ဖြိုး ပါတီကတ်ပြားရရှိ

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်က ကျေးရွာ ၆ ရွာမှာ အမျိုးသားမှတ်ပုံတင် လျှောက်ထားသူတွေကို အမျိုးသားမှတ်ပုံတင်အပြင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ကတ်ပြားတွေပါ ထုတ်ပေးတဲ့အတွက် အရာတော်မြို့မှာ မနေ့က ကျေးရွာသားတွေ စုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အရာတော်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက RFA ကို အခုလို ပြောပါတယ်။
“မြို့ပေါ်လောက်သာ သူတို့က ဖြန့်တာပေါ့လေ၊ နယ်တွေမှာတော့ အဲလိုမှတ်ပုံတင်လုပ်လိုက်ရင် ပြည်ခိုင်ဖြိုးကတ်တွေက ပါပါလာတယ်၊ နောက်လက်မှတ်တွေ ဆိုတာကလည်း ကာယကံရှင်တွေ မထိုးရဘူး၊ တချို့ဆိုရင် ကတ်တစ်ခုမှာဆိုရင် အရှေ့က မမြဝင်းပေါ့ အနောက်ကနေ

တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာ စီရင်ပေးရန် သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် တောင်းဆို

  ဓါတ်ပုံ- သျှမ်းသံတော်ဆင့် သတင်းထောက် ရှမ်းမလေး (ခေါ်) ယိင်းတိုင်း အကြမ်းဖက် ရိုက်နှက်ခံရသည့် ဒဏ်ရာ

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရသည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း က တောင်းဆိုလိုက်ပါသည်။
“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်တန်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်း မတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန် တယ်ဆိုတော့

သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ


 
၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-
(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)
ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု
၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။
၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့်

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ

သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။


သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။
သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။
စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။
"သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာ မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ"
လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။
"အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့