မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday, 9 April 2014

Computer မှာ Android Apk မြင်ဖို့


Computer မှာ Android Apk ကိုမြင်ရအောင်ဆို ဒီကောင်းလေး Run ထားလိုက်ပါ။ ဖုန်းဆော့ဝဲနှင့် ဂိမ်းများကို Computer မှာမမြင်တွေ့ရလို့အခက်ကြုံနေရင် ဒီကောင်လေးနဲ့အဆင်ပြေပါတယ်။ လိုအပ်တဲ့

Monday, 7 April 2014

Cydia အကြောင်း မြန်မာလိုရေးထားတဲ့  စာအုပ်

Photo: Cydia အကြောင်း မြန်မာလိုရေးထားတဲ့  စာအုပ်
************************
Cydia အသုံးပြုနည်းအကြောင်းလေးကို အသေးစိတ်
ရေးသားထားတဲ့ မြန်မာလို စာအုပ်လေးပါ
Septemberboy7 ရေးသားထားတာပါ

File Size : 2.5MB

http://www.mmbookcity.com/2014/03/cydia.html
 
  What is Cydia and its History
  
Cydia အသုံးပြုနည်းအကြောင်းလေးကို အသေးစိတ်
ရေးသားထားတဲ့ မြန်မာလို စာအုပ်လေးပါ
Septemberboy7 ရေးသားထားတာပါ

                                  

Sunday, 6 April 2014

ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်

ဦးသန့် အမှတ်တရ ငြိမ်းချမ်းရေးကျောက်တိုင် စတင်ဖွင့်လှစ်

===================
===================

ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။

အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက်တိုင်ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူများကို ပြီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က ဖျော်ဖြေခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကျောက်တိုင်ကို ကြည့်တဲ့ တဒင်္ဂလေးမှာ ငြိမ်းချမ်းရေးအတွက် ငါ့အနေနဲ့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ အသိတစ်ခုပေါ့။ ဘာသာစကား ရှစ်ခုဆိုတော့ ဒီဘာသာတွေက လူဘယ်လောက် ဒါကိုဖတ်ပြီး ငြိမ်းချမ်းရေး အကြောင်းကို ပြောဖြစ်ကြတယ် ဆိုရင်ပဲ တော်တော်လေး ပညာပေးနိုင်သွားပြီလို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ရရှိရန် ဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံး သူ၊ ငါ မကွဲပြားဘဲ ငါတို့ဟူသော ညီအစ်ကို သဘောထားမျိုး ထားရှိနိုင်ရန် လိုအပ်မည် ဖြစ်ပြီး ယင်းကဲ့သို့ အသိကို ရရှိရန်မှာ ပညာရေးကဏ္ဍသည် အရေးကြီးသည်ဟု ဖခင်က မကြာခဏ ပြောဆိုခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောဆိုသည်။

ယင်းအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သို့မဟုတ် နိုင်ငံအတွင်းရှိ ပြည်သူလူထုအကြား ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခြင်းက ငြိမ်းချမ်းရေးကို ပျက်စီးစေနိုင်သည်ဟု ဖခင်က ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၊ ဂျပန်သံအမတ်၊ ပြည်တွင်းနိုင်ငံရေးသမားများနှင့် အခြား နိုင်ငံတကာမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်ခဲ့သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပြီး ကျူးဘားဒုံပျံ အရေးအခင်း အပါအဝင် ပြဿနာများကို ငြိမ်းချမ်းရေး ရရှိအောင် ဖြေရှင်းဆောင်ရွက်မှုများကြောင့် ကျော်ကြားခဲ့သည်။

============

The Voice Weekly


ငြိမ်းချမ်းရေးဗိသုကာ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့် အမှတ်တရအဖြစ် ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူ ဖွင့်လှစ်ခြင်းနှင့်အတူ ဂီတဖျော်ဖြေပွဲကို ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း ဦးသန့်၏ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က ပြောကြားသည်။
အမြင့် ၁၀ ပေခွဲရှိပြီး “ကမ္ဘာမြေကြီးပေါ်တွင် ငြိမ်းချမ်းခြင်းတရား လွှမ်းမိုးပါစေ” ဟု မြန်မာဘာသာနှင့် ဥရောပရုံးသုံး ဘာသာ ခြောက်မျိုး အပါအဝင် ဘာသာစကား ရှစ်မျိုး ရေးထိုးထားသည့် အဆိုပါ ကျောက်တိုင်ကို ဦးသန့်ပြတိုက်ရှိ မြေကွက်လပ်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး တက်ရောက်လာသူများကို ပြီးခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Theme Song ရွှေတံဆိပ်ဆုရင် တေးသံရှင် လင်းထက်၏ ဂီတအဖွဲ့က

Thursday, 3 April 2014

ရိုဟင်ဂျာ ဆိုတဲ့ အခြေအမြစ်မရှိတဲ့ နာမည်ကို သန်းခေါင်စာရင်းမှာ ထည့်သွင်းပြီး မကောက်ခံတာနဲ့ 


ခုနလေးတင် Sky net ကနေ ဖော်ပြသွားပါတယ် ....
ရိုဟင်ဂျာ ဆိုတဲ့ အခြေအမြစ်မရှိတဲ့ နာမည်ကို သန်းခေါင်စာရင်းမှာ ထည့်သွင်းပြီး မကောက်ခံတာနဲ့  ပဲ မြန်မာနိုင်ငံမှာ ကောက်ခံမည့် သန်းခေါင်းစာရင်းဟာ နိုင်ငံတကာစံနှုန်းတွေနဲ့  ညီမျှမှု့  မရှိပါဘ...ူး ဆိုပြီး UNFPA က ထုတ်ပြန်သွားတာပါ....။
တကယ်တော့ ကိုယ့်လူတို့  ပြန်စဉ်းစားကြည့်နော်...NGO အတော်များများက ကုလားအရေး ဇောင်းပေးတဲ့ ကောင်တွေ။ အစိုးရကို ပူးပြီး သတ်ချင်တဲ့ကောင်တွေ ၊ သန်းခေါင်စာရင်းကောက်ရာမှာအခြေအမြစ်မရှိပဲ ပြောချင်တိုင်း ပြောကြတဲ့ လူမျိုးတွေကို မြန်မာနိုင်ငံက လူမျိုးသစ် စာရင်းထဲမှာ

ထိုင်း လက်ဝှေ့သမား ကန်ချက်ကြောင့် မြန်မာလက်ဝှေ့ကျော် အသက်ဆုံး




 မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ တခု မြင်ကွင်း၊ ဓာတ်ပုံ- stevehuffphoto.com

ဖြစ်ပုံ ကတော့ မွန်ပြည်နယ် ရေးမြို့နယ်က ဟံဂံကျေးရွာမှာ ဘုန်းကြီးပျံ ပွဲတခုမှာ ထိုင်း-မြန်မာ ၅ ချီ အထူး လက်ဝှေ့ စိန်ခေါ် ပွဲ ကို ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ ထား ပါတယ်။ 

သက်တော် ၈၂ နှစ် သိက္ခတော် ၆၃ ဝါရှိ မရမ်းကျောင်း ဆရာတော် ဘဒ္ဒန္တ သီလတေဇ မဟာထေရ် ရဲ့ အန္တိမ ဈာပနပွဲမှာ အခုလို လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

အဲဒီ စိန်ခေါ်ပွဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်ရွှေတံဆိပ်ဆုရှင် ပဲပြားမောင်မောင်နဲ့ ထိုင်းလက်ဝှေ့သမား စင်ခွန်တို့ဟာ