မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday, 19 July 2015

ဘောညှီနံ့သင်းခြင်း



(၁)
သတိထားမိတာတစ်ခုပြောမယ်..
မြစ်ဆုံကိစ္စကိုစပြီး အစဆွဲထုတ်တာ..
တစ်ပူးမီဒီယာပဲ...၊
အဲဒီတုန်းက ဒုသမ္မတရှစ်လုံးနဲ့..
စတီဗင်လော ခေါ်ထွန်းမြင့်နိုင်ရဲ့
ဇာတ်ရှုပ်တွေပါပေါ်လာလေတော့..
ဒုသမ္မတအဆင့်ပါ နှုတ်ထွက်ပေးလိုက်ရတယ်
ဒါက တစ်ပူးကို..
ပထမဆုံးညှိုးတဲ့ အညှိုး..၊
--------------------
(၂)
နောက်တစ်ခုက..
ဒေါ်လာ ၁၁ ဘီလျံကိစ္စ ဖြစ်တယ်..
ဒေါ်လာ၁၁ ဘီလျံ လောက်ရှိတဲ့ ..
ကြောက်ခမန်းလိလိ များပြားတဲ့
ငွေတွေဟာ နိုင်ငံခြားဘဏ်တစ်ခုမှာ
မြန်မာနိုင်ငံသား (၅) ယောက်ရဲ့အကောင့်တွေနဲ့
ရှိနေကြတာကို ကမ္ဘာ့ဘဏ်တာဝန်ရှိသူက
အစည်းဝေးတစ်ခုမှာပြောတဲ့သတင်းကို
တစ်ပူးက စပြီးဖေါ်ထုတ်လိုက်ပါတယ်...
ပြည်သူတွေ မခံချိမခံသာဖြစ်ကြတယ်..၊
အဲဒါက ဒုတိယအညှိုး...
---------------------
(၃)
ပြီးတော့....
ဦးစိုးသိန်း ဒညင်းကုန်းအုတ်စက်ရုံကို..
သူခိုးဈေးနဲ့ ရောင်းလိုက်တဲ့ကိစ္စ...၊
ဧက ရာနဲ့ချီတဲ့ ဒညင်းကုန်းစက်ရုံမြေတွေကို
သူခိုးဈေးနဲ့ သမလိုက်တာ

အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်


တနင်္ဂနွေ နေ့ မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံကို ပြောင်းလဲဖို့အချိန်ရောက်နေပြီ လို့ ပြောကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောကြားလိုက်တာဖြစ်ပြီး အပြောင်းအလဲတွေ တကယ်မဖြစ် သရွေ့မြန်မာပြည်သူ လူထု အနေနဲ့ အရင် အတိုင်း ဆင်းရဲမြဲ ဆင်းရဲ နေကြရဦးမှာ လို့လည်း သူ က ပြောပါတယ်။
မြန်မာနိုင်ငံ ရဲ့ အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ NLD ပါတီ ဟာ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်

ဒီနေ့ နေပြည်တော်က အိမ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက် ပွဲမှာ NLD က မဲဆန္ဒနယ် အများစုမှာ ၀င်ရောက် ယှဉ်ပြိုင်ပါမယ်။
ဗဟိုအလုပ် အမှုဆောင် အစည်းအဝေး လည်း ပြုလုပ်ခဲ့ ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေး ခဲ့ကြပါတယ်။ NLD လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဖို့ ဆိုရင် ဘွဲ့ရ၊ ပညာတတ်ဖြစ်ရုံ သက်သက်မဟုတ်ပဲ ပြည်သူကို အကျိုးပြုနိုင်တဲ့ သူဖြစ်ဖို့လိုပါတယ်။ NLD နဲ့ ဆယ်စုနှစ်ကျော် လက်တွဲခဲ့ သူဖြစ်နိုင် သလို၊ အခုမှ ၀င်လာတဲ့သူ

Wednesday, 8 July 2015

ကြံ့ခိုင်ရေးပါတီ ပြင်ဆင်လိုတဲ့အဓိကအချက်တွေ ရှုံးခဲ့ပြီ



ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းထဲက သမ္မတ၊ ဒုတိယသမ္မတတွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရဆိုတဲ့အချက်ကို ပယ်ဖျက်တဲ့ ပြင်ဆင်ချက်တွေ၊ ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်က ကော်မတီ၊ ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်တဲ့ ဖြည့်စွက်ချက်တွေ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်ကပဲ ရွေးချယ်တင်မြှောက်ရမယ်ဆိုတဲ့ ပြင်ဆင်ချက်တွေပါဝင်တဲ့ ပုဒ်မ ၆၂၊ ၆၃၊ ၆၄၊ ၁၁၅၊ ၁၄၇၊ ၂၃၂၊ ၂၃၄၊ ၂၄၉၊ ၂၆၁ ပုဒ်မတွေဟာ အမြင့်ဆုံးထောက်ခံမှု ၃၈၄မဲ (၆ဝ.၆၆%)ပဲ ရရှိခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒုတိယတရားသူကြီး

Tuesday, 7 July 2015

လက်ထပ် ထိမ်းမြားခြင်း ဥပဒေ အတည်ပြု

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော် က အတည်ပြု လိုက်ပါပြီ ။
ဒီ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် သဘောထား ကွဲလွဲချက် ၁၁ ချက် ရှိခဲ့ ပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ရမှာတော့ ကန့်ကွက်မဲ့ ၂ဝ ခန့်နဲ့ ကြားနေမဲ ၈ မဲသာ ရှိခဲ့ပြီး ထောက်ခံမဲ ၅ဝဝ ကျော် ရရှိခဲ့တဲ့ အတွက် ဥပဒေကို အတည်ပြု နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီဥပဒေ ပြဋ္ဌာန်း နိုင်တဲ့ အတွက် မြန်မာ ဗုဒ္ဓ ဘာသာဝင် အမျိုးသမီး တွေဟာ ဘာသာခြားနဲ့ လက်ထပ် ပေမယ့် ဗုဒ္ဓဘာသာ ကို ဆက်လက် ကိုးကွယ်ခွင့် ရမှာ ဖြစ်ပါတယ် ။
တကယ်လို့ ဘာသာခြားနဲ့ အိမ်ထောင်ပြု ခဲ့ပြီး ကွာရှင်း ဖို့နဲ့ ပိုင်ဆိုင်မှု ခွဲဝေရေး တို့ သားသမီး စောင့်ရှောက်ရေး ကိစ္စ တို့ကို