မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday, 28 October 2014

အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း

အသုံးဝင်သော ဖုန်းဆော့ဝဲများ မျှဝေမည်'s photo.









 မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အော်ပရေတာများဖြင့် အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း၊ ၀န်ဆောင်မှုစသည် ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်။
အိုရီဒူး ကဒ်ဆိုရင် ဘာမျှလုပ်စရာမလိုပဲ အလွယ်တကူ အင်တာနက်အသုံးပြုနိုင်ပါတယ်။
တယ်လီနော်ကဒ်လည်း အတူတူပါပဲ။
MPT၊ WCDMA နဲ့ GSM တွေအတွက်ကတော့ လိုအပ်လာပါပြီ။ အင်တာနက်ဖွင့်ဖို့ မလျောက်ရသေးဘူးဆိုရင် ကျပ်ငွေ(၁၀၀၀၀)ကို သွင်း sms နဲ့ 1331 ဖုန်းနံပါတ်ကို ဒီလိုလေးရေးပေးလိုက်ရမှာဖြစ်ပါတယ်။
Orderdata service ဆိုပြီးရေးကာ message ပို့လိုက်ရပါတယ်။ သူက message ပြန်ပို့လာရင် အတည်ပြုပြီးဖြစ်သွားပါတယ်။ နောက်ထပ်ကတော့

Tuesday, 21 October 2014

တော်တော်လေးကို တရားလွန်သွားပြီ ... ကိုယ်တွေကျောင်းတက်ခဲ့ရတဲ့ မာလာဆောင်ကြီးကို အမျိုးသမီးဆောင် ပြန်လုပ်မယ်ဆိုကတည်းက တင်းနေတာ ...



ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသည့် ဒီပလိုမာသင်တန်းများ အားလုံး ရပ်ဆိုင်းရဖွယ်ရှိနေ
=================================================
အောင်အောင်၊ အောင်သက်ကို
ရန်ကုန်၊ အောက်တိုဘာ ၁၉
ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ (HRD) ဒီပလိုမာသင်တန်းများဖွင့် လှစ်မှုကို လာမည့်နှစ်မှ စတင်ကာ ရပ်ဆိုင်းရဖွယ်ရှိနေကြောင်း ရန်ကုန် တက္ကသိုလ်မှ စုံစမ်းသိရသည်။
အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းများမှရရှိလာသော ငွေကြေး များအနက် ၇၅ရာခိုင်နှုန်းကို နိုင်ငံ တော်သို့ပေးသွင်းရပြီး ၁ဝရာခိုင်နှုန်း ကို သင်ကြားရေးဆရာ၊ ဆရာမများ အား အချိုးကျခွဲဝေပေးရပြီး ကျန် ၁၅ရာခိုင်နှုန်းကို ကျောင်းရန်ပုံငွေအ ဖြစ် ထားရှိခဲ့ရကြောင်း သိရသည်။
သို့သော် ယခုနှစ်မှစတင်ကာ သင်တန်းကြေးများကို နိုင်ငံတော်သို့ အပြည့်အဝပေးသွင်းရတော့မည်ဖြစ် သဖြင့် အဆိုပါတက္ကသိုလ်တွင် ဖွင့် လှစ်လျက်ရှိသည့် သင်တန်းများကို ယင်းကဲ့သို့ ရပ်ဆိုင်းရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ အသိုင်းအဝန်းမှ သိရသည်။
''ကျောင်းချိန်ပြင်ပမှာ သင် တာပါ။ လာတက်ကြတဲ့ကျောင်းသား တွေက

Sunday, 12 October 2014

တောင်ကြီးတန်ဆောင်တိုင် နောက်ခံသမိုင်း



ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ယခင်ခေတ်များကပင် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပခဲ့ကြသည်။ တောင်ကြီးမြို့ကို အင်္ဂလိပ်ခေတ်ကာလ ၁၈၉၄ ခုနှစ် စတင် တည်ထောင်ခဲ့သည်။ ယင်းကာလ တန်ဆောင်တိုင်ပွဲတော်ကို ကျယ်ကျယ်ပြန့်ပြန့် မကျင်းပကြသေးပေ။ မီးထွန်းခြင်း ၊ မီးရှူးမီးပန်းလွတ်ခြင်း ၊ ဗျောက်အိုး များသာရှိပါသည်။ ယင်းကာလ တောင်ကြီးမြို့တွင် နေသူများသည် ရပ်ရွာအတွင်းမှ မကောင်းဆိုးဝါးများ နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဗျောက်အိုးများဖောက်ကြကြောင်း မှတ်သားဖူးပါသည်။ တန်ဆောင်တိုင်ကာလတွင် တာဝတိံသာ နတ်ပြည်မှ ကြွမြန်းလာသည့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ မီးပုံးပျံလွတ်တင် ပူဇော်သည့် အမှုကို ဆောင်ရွက်ကြသည်။ ထိုပြင် တာဝတိံသာ နတ်ပြည်၌ သကြားမင်းတည်ထားကိုးကွယ်သော စူဠာမုဏိစေတီတော်အား ပူဇော်သည့် အမှုအဖြစ် မှတ်ယူကာ မီးပုံးပျံပူဇော်ခဲ့ကြသည်။ တောင်ကြီးမြို့တွင် ဒုတိယ ကမ္ဘာစစ်မဖြစ်မှီ တနှစ် အလိုတွင်

phone sim unlock လုပ်ချင်သူများအတွက်



 sim unlock code ကိုတွက်ချက်ပေးမဲ့  software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  sim unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ ကိုသောက်သောက် လည်အောင်တောင်းပါတယ်....ကျွန်တော်ကတော့ ဖရီးအနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့ ....အသုံးပြု လိုတယ်ဆိုရင်

Monday, 6 October 2014

မန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း (TACHILEIK BIKE WEEK )
http://www.tachileik.net/2014/08/tachileik-bike-week.html

သတင်းဆောင်းပါးရှင်။ ။ Iron Eagle
.....................................

BIKE WEEK ပွဲဆိုသည်
.............................
BIKE WEEK ပွဲဆိုသည်မှာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာလ 14 -15ရက်နေ့များတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်သော BIKE WEEK ပွဲကို တာချီလိတ်မြို့တွင် ကျင်းပနိုင်ရန် တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။

ပွဲကျင်းပရေးအတွက် ဒေသအုပ်ချုပ်ရေးများထံမှခွင့်ပြုချက် ရရှိပြီးဖြစ်ရာ နိုင်ငံတကာမှ မော်တော် ဆိုင်ကယ်ကလပ်များအား ဖိတ်ခေါ်ရေး၊ တေးဂီတ အစီအစဉ်ဖြင့် ဧည့်ခံရေးနှင့် ပွဲခင်း အပြင်အဆင်နှင့် အခြား လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

EMPEROR နှင့် CARABAO တို့ တွေ့ဆုံမည့်ပွဲ 
.............................
.နိုင်ငံတကာမှ လာရောက်သော ဆိုင်ကယ်စီးသမား BIKER များ၊ ဒေသခံ ဆိုင်ကယ်ဝါသနာရှင်များ နှင့် စိတ်ပါဝင်စားသူ ပြည်သူများအား သီဆိုဖျော်ဖြေရန် မြန်မာနိုင်ငံမှ နာမည်ကျော် ROCK အဆိုတော် ဇော်ဝင်းထွဋ် နှင့် EMPEROR အင်ပါယာ တေးဂီတအဖွဲ့အား လည်းကောင်း၊ ထိုင်းနိုင်ငံမှ နာမည်ကြီး တေးဂီတ အဖွဲ့ဖြစ်သော ကရာဘောင်းတေးဂီတအဖွဲ့ (CARABAO BAND) အားလည်းကောင်း စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါသည်။ CARABAO BAND သည် ထိုင်းနှင့် အခြားအာရှ နိုင်ငံများတွင် အောင်မြင်ကျော်ကြားသော တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လွန်ခဲ့သော 21.10.2013 တွင် ရန်ကုန်မြို့ JUNCTION စကွဲယားတွင် ကျင်းပပြုလုပ်သော ဆီးဂိမ်းအကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲကြီးတွင် သွားရောက်သီဆို ဖျော်ဖြေခဲ့ပြီး မြန်မာနိုင်ငံ၌ ဒုတိယအကြိမ်အဖြစ် TACHILEIK BIKE WEEK ပွဲတွင် လာရောက်သီဆို ဖျော်ဖြေပေးမှာ ဖြစ်ပါသည်။

ထိုင်းဆိုင်ကယ်စတန့် ချန်ပီယံဆုရ မြန်မာနိုင်ငံသား
.............................
.မြန်မာနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျောင်းတက်နေရာမှ ထိုင်းဆိုင်ကယ်စတန့် ချန်ပီယံဆုကို ရရှိခဲ့သော နာမည်ကျော် ဆိုင်ကယ်စတန့်သမား ကိုနောင်သည်လည်း ပွဲသို့လာရောက်ပြီး သူ၏ ကျော်ကြားသော ဆိုင်ကယ်စတန့် ပြကွက်များကို ပြသမှာဖြစ်ပါသည်။

BIKE WEEK ပွဲ၏ အခင်းအကျင်း
.............................
BIKE WEEK ပွဲသို့ လာရောက်ကြသူများသည် ပွဲခင်းထဲတွင် ပြသထားသော ရက်အင်ဒီးယန်းကျေးရွာ နှင့် ရက်အင်ဒီးယန်းများ၊ မော်တော်ဆိုင်ကယ်ကလပ် (MC) အသီးသီး၏ ဆိုင်ကယ်ပြခန်းများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ခန်းများ၊ သရေထည်ပစ္စည်း အရောင်းဆိုင်များ၊ ဆိုင်ကယ်အလှဆင်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ ဆိုင်ကယ်ကုမ္ပဏီများ၏ ဆိုင်ကယ်ပြခန်းများ၊ စားသောက်ဆိုင်ခန်းများနှင့် အခြားစိတ်ဝင်စားစရာများကို လေ့လာကြည့်ရှု နိုင်မှာဖြစ်ပါသည်။

ဆိုင်ကယ်အလှပြ စီတန်းလှည့်လည်
.............................
(15.12.2014) ရက်နေ့ ညနေ (03း00) နာရီတွင် BIKE WEEK ပွဲသို့ လာရောက်ကြသော BIG BIKE ဆိုင်ကယ်ကြီးများ အားလုံးစုပေါင်းပြီး ပွဲကျင်းပရာ ရှမ်းရိုးမကွင်းမှ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်အထိ အတူစီးနင်းကြပြီး ထိုမှတဖန် တာချီလိတ်ရွှေတိဂုံဘုရားသို့ သွားရောက်ကာ စုပေါင်းဓါတ်ပုံရိုက်ကူးကြမည် ဖြစ်သည်။ ပြီးလျှင် ရှမ်းရိုးမကွင်းသို့ အတူတကွပြန်လည်ဝင်ရောက်ကြပြီး ဆိုင်ကယ်အားလုံးကို ပွဲသို့လာရောက်သူများ လေ့လာကြည့်ရှုနိုင်ရန် တစ်စုတစ်စည်းထဲ ထားရှိမှာဖြစ်သည်။ ပြီးလျှင် ကိုနောင်၏စတန့်ပြကွက်များကို ရှုစားကြရမှာဖြစ်သည်။

ဖွင့်ပွဲနှင့် ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများအား ကြေငြာပေးခြင်း
.............................
ညနေ (05း00)နာရီတွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော TACHILEIK BIKE WEEK ပွဲကို မြန်မာနိုင်ငံမှတာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး အစီအစဉ်များကို စတင်မှာဖြစ်ပါသည်။ ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပွဲအား ကမကထပြုပေးသူများ၊ ပွဲအား ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများ စသည်တို့ကို ကြေငြာပြီးနောက် ညစာစားပွဲကို စတင်မှာဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမှ ဆိုင်ကယ်ကလပ်များ စုပေါင်း၍ ပရဟိတအဖြစ် စုပေါင်းလှူဒါန်းမည်
.............................
MC များ၏ ပရဟိတပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အနေဖြင့် အပြည်ပြည်ဆိုင်ရာမှ လာရောက် ကြသော ဆိုင်ကယ်စီးသမား (BIKER) များမှ စုပေါင်းထည့်ဝင်လှူဒါန်းငွေနှင့် ပွဲအားစီစဉ်ကျင်းပသော EASTERN EAGLE MC မှလှူဒါန်းငွေတို့ကို တာချီလိတ်ခရိုင်အတွင်းရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများတွင် အသုံးပြုရန် ရံပုံငွေအဖြစ် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌါနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းမှာဖြစ်ပါသည်။

အဟောင်းဆုံးဆိုင်ကယ် ရွေးချယ်မယ်
.............................
.ပြီးလျှင် ရှေးဟောင်းဆိုင်ကယ်ရွေးချယ်မှု အစီအစဉ် စတင်မှာဖြစ်ပါသည်။ ပွဲသို့လာရောက်သော ဆိုင်ကယ်များထဲမှ အဟောင်းဆုံးဆိုင်ကယ်(3) စီးကိုရွေးချယ်ပြီး ဆုချီးမြှင့်မှာဖြစ်ပါသည်။ ပြီးလျှင် အလှဆုံး ဆိုင်ကယ်ရွေးချယ်မှု အစီအစဉ် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သော ဆိုင်ကယ်များထဲမှ အလှဆုံးဆိုင်ကယ် (3) စီးကို ရွေးချယ်ပြီး ဆုချီးမြှင့်ပေးမှာဖြစ်ပါသည်။

ည (၈)နာရီ
.............................
ည (08း00) နာရီတွင် မြန်မာနိုင်ငံမှ နာမည်ကျော် ROCK အဆိုတော် ဇော်ဝင်းထွဋ်နှင့် အင်ပါယာ တေးဂီတအဖွဲ့မှ စတင် သီဆိုဖျော်ဖြေမှာဖြစ်ပါသည်။

ည(၉း၃၀)နာရီ
.............................
.ည (093း0) နာရီတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် CARABAO ကရာဘောင်း တေးဂီတ၀ိုင်းကြီးမှ (2) နာရီကြာ သီဆိုဖျော်ဖြေပြီးနောက် အစီအစဉ် ပြီးဆုံးမှာဖြစ်ပါသည်။

BIKE WEEK ပွဲနှင့် ပတ်သက်၍ ပိုမိုသိရှိလိုလျှင်
.............................
ပွဲနှင့်ပတ်သက်သည်များကို 1ST MYANMAR TACHILEIK BIKE WEEK ဖေ့စ်ဘုတ် စာမျက်နှာတွင် ၀င်ရောက် လေ့လာကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များကိုလည်း မက်ဆေ့မှမေးမြန်းနိုင်သည်။ tachileikbikeweek@gmail.com အီးမေးလ်သို့လည်း စာရေးသား မေးမြန်းနိုင်သည်။ လူကိုယ်တိုင် သွားရောက်စုံစမ်းလိုပါက အမှတ် ၅၃၊ သဇင်လမ်း၊ တာလော့ရပ်၊ တာချီလိတ်မြို့တွင် ဖွင့်လှစ်ထားသော EASTERN EAGLE MC CLUB HOUSE မြန်မာဖုန်း 084-51176 နှင့် ထိုင်းဖုန်း 095-709-3331 သို့လည်း သွားရောက်မေးမြန်းနိုင်သည်။

ဤ TACHILEIK BIKE WEEK ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အပြည်ပြည်ဆိုင်ရာမှ ဆိုင်ကယ်ဝါသနာရှင်များနှင့် BIKER များကြားတွင် များစွာ စိတ်ဝင်စားလျှက်ရှိပြီး အများအပြား လာရောက်ကြမည်ဟု ခန့်မှန်းထားပါသည်။ 

လက်ရှိကာလတွင်ပင် ထိုင်း၊ စင်ကာပူ၊ မလေးရှား နှင့် ကမ္ဘောဒီးယားရှိ ဆိုင်ကယ်ကလပ်များမှ လာရောက်မှာ သေချာကြောင်းနှင့် ဟိုတယ်ခန်းဘွတ်ကင် ယူထားပေးပါရန် ကြိုတင်မှာကြားမှုများ ရှိနေပါသည်။ သြစတေးလျ၊ အမေရိကန် နှင့် ဂျာမနီတို့မှ MC များလည်း အချက်အလက်များကို စုံစမ်းမေးမြန်းလာပါသည်။

ဤပွဲတွင် ပါဝင်ဆင်နွှဲခြင်းအားဖြင့် နိုင်ငံတကာမှ BIKER များနှင့် တွေ့ဆုံမိတ်ဖွဲ့ရသဖြင့် မိတ်ဆွေသစ်များ တိုးပွားခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိုင်ကယ်သမား (BIKER) များ၏ ချစ်ခင်စည်းလုံးသော ဓလေ့ကို ကိုယ်တွေ့ သိမြင်ရခြင်း၊ နောက်ဆုံးပေါ်ဆိုင်ကယ်မျိုးစုံကို မျက်မြင်ကိုယ်တွေ့လေ့လာ ကြည့်ရှု နိုင်ခြင်း၊ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံမှ အကျော်ကြားဆုံးတေးဂီတ အဖွဲ့ (၂)ဖွဲ့၏ သီဆို ဖျော်ဖြေမှုကို တစ်နေရာထဲ၊ တစ်ညထဲတွင် ခံစားနားဆင်နိုင်ခြင်း စသော အတွေ့အကြုံများစွာရရှိမှာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာပြည်မှ ဆိုင်ကယ်ဝါသနာရှင်များ အားလုံးနှင့် စိတ်ပါဝင်စားသူများအားလုံး အနေဖြင့် မြန်မာ့မြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပသော BIKE WEEK (ခေါ်) အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များ တွေ့ဆုံပွဲနှင့် မိတ်ဆုံညစာစားပွဲတွင် ပါဝင်ဆင်နွှဲကြပါရန် EASTERN EAGLE MC မှဖိတ်ကြားအပ်ပါသည်။

Iron Eagle
SECRETARY
EASTERN EAGLE MC (MYANMAR)

(16.12.2014 တွင်ဧည့်သည် BIKER များနှင့် EASTERN EAGLE MC အဖွဲ့ဝင်များ စုပေါင်းပြီး တာချီလိတ်မြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဂေဟာများသို့ သွားရောက်လည်ပတ်မှာဖြစ်ပြီး 17.12.2014 တွင် ကျိုင်းတုံမြို့ရှိ မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာများသို့ အတူတကွသွားရောက် လှူဒါန်း ကြရန်စီစဉ်ထားပါသည်။ ပြီးလျှင် တရုတ်နယ်စပ် မိုင်းလားမြို့သို့ သွားရောက်လည်ပတ်ပြီး 18 ရက်နေ့တွင် တာချီလိတ်မြို့ ပြန်ရောက်ကာ ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ကြမှာ ဖြစ်ပါသည်။)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: tachileik@tachileik.net
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲအကြောင်း (TACHILEIK BIKE WEEK )

သတင်းဆောင်းပါးရှင်။ ။ Iron Eagle
BIKE WEEK ပွဲဆိုသည်မှာ မော်တော်ဆိုင်ကယ်ကလပ်များ တွေ့ဆုံပွဲဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာလ 14 -15ရက်နေ့များတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖြစ်သော BIKE WEEK ပွဲကို တာချီလိတ်မြို့တွင် ကျင်းပနိုင်ရန် တာချီလိတ်မြို့ အခြေစိုက် EASTERN EAGLE မော်တော်ဆိုင်ကယ်ကလပ်မှ စီစဉ် ဆောင်ရွက်လျှက်ရှိပါသည်။
ပွဲကျင်းပရေးအတွက် ဒေသအုပ်ချုပ်ရေးများထံမှခွင့်ပြုချက် ရရှိပြီးဖြစ်ရာ နိုင်ငံတကာမှ မော်တော် ဆိုင်ကယ်ကလပ်များအား ဖိတ်ခေါ်ရေး၊ တေးဂီတ အစီအစဉ်ဖြင့် ဧည့်ခံရေးနှင့် ပွဲခင်း အပြင်အဆင်နှင့် အခြား လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
EMPEROR နှင့် CARABAO တို့ တွေ့ဆုံမည့်ပွဲ
.............................
.နိုင်ငံတကာမှ လာရောက်သော ဆိုင်ကယ်စီးသမား BIKER များ၊ ဒေသခံ ဆိုင်ကယ်ဝါသနာရှင်များ နှင့် စိတ်ပါဝင်စားသူ ပြည်သူများအား