ပုံမှန်အားဖြင့် 
အဆိုတွေ၊ မေးခွန်းတွေ မြောက်မြားစွာကို မေးကြ၊ ဖြေကြနဲ့  နေ့စဉ် 
အလုပ်များနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမဆောင်ကြီးမှာ  နိုဝင်ဘာလ ၂၁
 ရက်နေ့ကတော့ အဆိုတခုတည်းနဲ့တင် လွှတ်တော်တခုလုံး အလုပ်ရှုပ်  ဗြောင်းဆန် 
သွားခဲ့ပါတယ်။   
  
စက်သုံးဆီတင်
 သင်္ဘောများ  မစစ်ဆေးရဆိုသည့် အမိန့်ကို ၂၀၀၉ က ထုတ်ပြန်ခဲ့သည့်  
ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်ချုပ်မောင်ဦးကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – 
 ဧရာဝတီ)
အကြောင်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ 
ဖွံ့ဖြိုးရေးပါတီ၊  လှိုင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
  ဒေါက်တာဝင်းမြင့်ရဲ့  “တရားမ၀င် ကုန်စည်များ ၀င်ရောက်နေမှုနှင့် တရားမ၀င် 
 ခိုးထုတ်နေမှု များအား ပြည်ထောင်စု အဆင့် ကော်မတီတရပ် ဖွဲ့စည်း၍ ဥပဒေနှင့် 
 အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးပါရန်” ဆိုတဲ့ အဆိုကို  
တင်သွင်းလိုက်လို့ ပါပဲ။    
ဒီအဆိုကို တင်သွင်းတဲ့ နေရာမှာ ဒေါက်တာ ၀င်းမြင့်က သာမန် အဆိုတင်သွင်းတဲ့  
ပုံစံမျိုး မဟုတ်ဘဲနဲ့ မှောင်ခို စက်သုံးဆီတွေ တရားမ၀င် တင်သွင်းနေတာကို  
ကိန်းဂဏန်းတွေ၊ အထောက် အထား ဓာတ်ပုံတွေနဲ့တကွ အတိအကျ ထောက်ပြ  
လိုက်တာဖြစ်လို့ အဆိုကို တာဝန်ယူ ရှင်းလင်းပေးရမယ့် အစိုးရ ၀န်ကြီးတွေ  
တော်တော် များများ အလုပ် ရှုပ်ကုန်ပါတယ်။   ၂၀၁၂ ခုနှစ် နိုဝင်ဘာလ 
အတွင်းမှာ ပြည်တွင်း ထိပ်တန်းစီးပွားရေး ကုမ္ပဏီတွေ  ဖြစ်တဲ့ ရွှေသံလွင်၊ 
ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သား၊ မြန်မာ့စည်းစိမ်  ကုမ္ပဏီကြီးတွေက 
တန်ချိန်ထောင်ချီဆံ့တဲ့ ဆီတင်သင်္ဘောကြီးတွေနဲ့  တရားမ၀င်မှောင်ခို 
စက်သုံးဆီတွေ ပြည်တွင်းကို ခိုးသွင်းနေတာကို  အထောက်အထားတွေနဲ့ 
ဒေါက်တာဝင်းမြင့်က လွှတ်တော်ကို တင်ပြလိုက်တာပါ။   လိုင်စင်အရ 
စက်သုံးဆီ တန် ၅၀၊ ၁၀၀ လောက်သာ တင်သွင်းခွင့်ပြုထားတာကို  
တန်ချိန်ထောင်နဲ့ချီပြီး အခေါက်ခေါက်အခါခါ မှောင်ခို တင်သွင်းခဲ့ကြတာကို  
သက်ဆိုင်ရာက အရေးယူမှု မရှိဘူးလို့ ဆိုပါတယ်။   အချက်အလက် အခိုင်အမာ၊
 သက်သေ အထောက်အထား အစုံအလင်နဲ့ တင်ပြလေတော့  တာဝန်ရှိသူတွေကို 
မစစ်ဆေးကြဘူးလား၊ အရေးမယူကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း  ထွက်ပေါ်လာပါတယ်။ | 
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်