နိုဝင်ဘာလ
 ၁၄ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ UMFCCI ရုံးတွင် ကျင်းပသည့် 
အီးယူ-မြန်မာ စီးပွားရေးညီလာခံ(EU-Myanmar Task Force)တွင် ဥရောပကော်မရှင် 
ဒုတိယဥက္ကဌ၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးရာအကြီးအကဲ Mrs. 
Catherine Ashton၊ ဥရောပသမဂ္ဂ ဒုတိယဥက္ကဋ္ဌ Mr. Antonio TAJANI၊ 
ဌာနအကြီးအကဲများ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌနှင့် ဥရောပပါလီမန်အဖွဲ့ဝင်များ၊ 
ဥရောပ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊ ဥရောပနိုင်ငံများမှ စီးပွားရေး 
လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ သည်။ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး 
ဦးစိုးသိန်း၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်နိုင်ဦးနှင့် 
ဦးညိုအုန်းမြင့်တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
 အစည်းအဝေး 
ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံမှာ 
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေလာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး 
လက်ရှိအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူ( ၄ ) ချက် 
ချမှတ်ပြီး ဆောင်ရွက်နေကြောင်း အဖွင့်မိန့်ခွန်းတွင် ရှင်းပြခဲ့သည်။
 
 ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ 
လုပ်ကိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် အချိန်စောနေသေးကြောင်း၊ 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီး (သို့မဟုတ်) အသစ်ပြန် လည်ရေးဆွဲခြင်း 
များ ဆောင်ရွက်ပြီးသည်အထိ ရင်းနှီးမြုပ်နှံမှုမလုပ်သေးဘဲ စောင့်ကြည့်နေ 
သင့်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ရင်းနှီးမြုပ်နှံမှုများ 
လုပ်ကိုင်စေလိုကြောင်း ဆွေးနွေးခဲ့သည်။
 
 “၂၀၁၅ ဆိုတာ 
အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ 
အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ 
စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ 
အသိအမှတ်ပြုထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ 
ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ'' ဟု ဆိုသည်။
 
 ဒါ့အပြင် 
"နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်ဖို့ 
ဖိတ်ခေါ်သူတွေဟာ အဲဒီလို ဖိတ်ခေါ်နေတဲ့ တစ်ချိန်တည်းမှာလည်း ၂၀၀၈ 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျူမရှုသင့်ဘူး" ဟု ဆိုသည်။
 
ဒါ့အပြင် ဦးစိုးသိန်း၏ မနက်ပိုင်းမိန့်ခွန်းတွင် 
ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လုံးဝမပါသေးကြောင်း၊ ဦးစိုးသိန်းအနေဖြင့် 
မရှောင်လွှဲသင့်ကြောင်းလည်း ပုတ်ခပ်ပြောဆိုခဲ့သည်။ သမ္မတရုံးဝန်ကြီး 
ဦးစိုးသိန်းမှာမူ ယင်းအတွက် အချိန်ပိုထပ်မခံနိုင်ကြောင်း၊ ပြည်သူလူထု 
ပိုမိုကောင်းစားရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန် 
ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်သာရှိကြောင်း ချေပပြောဆိုခဲ့သည်။
 
 ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် လွန်ခဲ့သောအနှစ် ၂၀ က မြန်မာနိုင်ငံအပေါ်
 စီးပွားရေး ပိတ်ဆို့ခိုင်းသည့်လေသံနှင့် တစ်ထပ် တည်းဖြစ်နေပြီး 
၎င်းသမ္မတဖြစ်မှ ဥရောပရင်းနှီးမြှုပ်နှံမှု များလာရောက် လုပ်ကိုင်ခိုင်းခြင်းသည်
 ပြည်သူထက် ကိုယ့်ကိုယ်ကို ပိုမိုဦးစားပေးသော အတ္တသမားတစ်ဦးအဖြစ် ထင်ရှား 
စေသည်။ အလားတူ စကားမျိုးကို ထိုင်းနိုင်ငံတွင်ကျင်းပသော 
ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည်။ 
လက်ရှိအချိန်သည် EU မှာ စီးပွားအကျပ်အတည်းဆိုက် ရောက်နေပြီး 
မြန်မာနိုင်ငံတွင်း စီးပွားရေးအဆောက်အဦများတည်ဆောက်ရန် 
အထူးစိတ်ဝင်စားလျက်ရှိပြီး အကောင်အထည်ဖော်ဖြစ်သွားပါက အလုပ်လက်မဲ့ 
မြန်မာပြည်သူပေါင်း သန်းနှင့်ချီကာ အလုပ်အကိုင် အခွင့်အလမ်းများ 
ရရှိလာမည်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တားမြစ်မှုကြောင့် 
ရင်းနှီးမြှုပ်နှံ မှုများ တုန့်ဆုတ်သွားနိုင်ကြောင်း ဒေါက်တာ နေဇင်လတ်က 
ဝေဖန်ခဲ့သည်။
 ပြည်သူအတွက် အလုပ်လုပ်ရမည့် 
ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပြည်သူလူထု
 ဘဝဆင်းရဲမွဲတေမှု လျှော့ချရေးရှေးရှုကာ ၎င်းကိုယ်တိုင်က အခွင့်အလမ်း များကို 
ဖိတ်ခေါ်ရမည့်အစား ယခုကဲ့သို့ တားဆီးပိတ်ဆို့နေခြင်းသည် 
နိုင်ငံရေးလုပ်ခြင်းနှင့်မတူပဲ ၎င်း၏ အကျိုးအတွက် နိုင်ငံနှင့်ပြည်သူကို 
ဒုက္ခရောက်အောင် လုပ်နေသလိုဖြစ်နေသည်။ အတ္တသမား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် 
ပြည်သူ့မျက်နှာကိုမကြည့်ဘဲ မိမိသမ္မတဖြစ်ဖို့ ပြည်သူကို ဆင်းရဲတွင်းထဲ 
တွန်းချခြင်းမှာ အာဏာမက်မောသည့်ခေါင်းဆောင် (သို့) အာဏာရှင် လက်သစ်၏ 
လုပ်ရပ်သာ ဖြစ်နေပါ တော့သည်။
 
 http://www.myanmarexpress.net/2013/11/blog-post_8309.html
 -
အစည်းအဝေး ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေလာရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူ( ၄ ) ချက် ချမှတ်ပြီး ဆောင်ရွက်နေကြောင်း အဖွင့်မိန့်ခွန်းတွင် ရှင်းပြခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်မှ ယခုကဲ့သို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခြင်းသည် အချိန်စောနေသေးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြီး (သို့မဟုတ်) အသစ်ပြန် လည်ရေးဆွဲခြင်း များ ဆောင်ရွက်ပြီးသည်အထိ ရင်းနှီးမြုပ်နှံမှုမလုပ်သေးဘဲ စောင့်ကြည့်နေ သင့်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ရင်းနှီးမြုပ်နှံမှုများ လုပ်ကိုင်စေလိုကြောင်း ဆွေးနွေးခဲ့သည်။
“၂၀၁၅ ဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ အသိအမှတ်ပြုထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ'' ဟု ဆိုသည်။
ဒါ့အပြင် "နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်ဖို့ ဖိတ်ခေါ်သူတွေဟာ အဲဒီလို ဖိတ်ခေါ်နေတဲ့ တစ်ချိန်တည်းမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လျစ်လျူမရှုသင့်ဘူး" ဟု ဆိုသည်။
ဒါ့အပြင် ဦးစိုးသိန်း၏ မနက်ပိုင်းမိန့်ခွန်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ လုံးဝမပါသေးကြောင်း၊ ဦးစိုးသိန်းအနေဖြင့် မရှောင်လွှဲသင့်ကြောင်းလည်း ပုတ်ခပ်ပြောဆိုခဲ့သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှာမူ ယင်းအတွက် အချိန်ပိုထပ်မခံနိုင်ကြောင်း၊ ပြည်သူလူထု ပိုမိုကောင်းစားရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှု စိုးရိမ်ချက်သာရှိကြောင်း ချေပပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် လွန်ခဲ့သောအနှစ် ၂၀ က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ခိုင်းသည့်လေသံနှင့် တစ်ထပ် တည်းဖြစ်နေပြီး ၎င်းသမ္မတဖြစ်မှ ဥရောပရင်းနှီးမြှုပ်နှံမှု များလာရောက် လုပ်ကိုင်ခိုင်းခြင်းသည် ပြည်သူထက် ကိုယ့်ကိုယ်ကို ပိုမိုဦးစားပေးသော အတ္တသမားတစ်ဦးအဖြစ် ထင်ရှား စေသည်။ အလားတူ စကားမျိုးကို ထိုင်းနိုင်ငံတွင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသည်။ လက်ရှိအချိန်သည် EU မှာ စီးပွားအကျပ်အတည်းဆိုက် ရောက်နေပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးအဆောက်အဦများတည်ဆောက်ရန် အထူးစိတ်ဝင်စားလျက်ရှိပြီး အကောင်အထည်ဖော်ဖြစ်သွားပါက အလုပ်လက်မဲ့ မြန်မာပြည်သူပေါင်း သန်းနှင့်ချီကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ တားမြစ်မှုကြောင့် ရင်းနှီးမြှုပ်နှံ မှုများ တုန့်ဆုတ်သွားနိုင်ကြောင်း ဒေါက်တာ နေဇင်လတ်က ဝေဖန်ခဲ့သည်။
ပြည်သူအတွက် အလုပ်လုပ်ရမည့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပြည်သူလူထု ဘဝဆင်းရဲမွဲတေမှု လျှော့ချရေးရှေးရှုကာ ၎င်းကိုယ်တိုင်က အခွင့်အလမ်း များကို ဖိတ်ခေါ်ရမည့်အစား ယခုကဲ့သို့ တားဆီးပိတ်ဆို့နေခြင်းသည် နိုင်ငံရေးလုပ်ခြင်းနှင့်မတူပဲ ၎င်း၏ အကျိုးအတွက် နိုင်ငံနှင့်ပြည်သူကို ဒုက္ခရောက်အောင် လုပ်နေသလိုဖြစ်နေသည်။ အတ္တသမား ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့မျက်နှာကိုမကြည့်ဘဲ မိမိသမ္မတဖြစ်ဖို့ ပြည်သူကို ဆင်းရဲတွင်းထဲ တွန်းချခြင်းမှာ အာဏာမက်မောသည့်ခေါင်းဆောင် (သို့) အာဏာရှင် လက်သစ်၏ လုပ်ရပ်သာ ဖြစ်နေပါ တော့သည်။
http://www.myanmarexpress.net/2013/11/blog-post_8309.html
-



0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်