မင်းထင်ကိုကိုကြီး ၏  OPEN SKY  အမိုးမရှိသည့် ကောင်းကင် ဇာတ်လမ်းမှာ 
မြန်မာများ စဉ်တိုက် သတ်ဖြတ် ခံနေ ရကြောင်း၊ မိတ္ထီလာ အရေး အခင်းတွင် ဗလီ 
အတွင်း မြန်မာ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး တစ်ပါးအား လည်လှီး သတ်ဖြတ်၍ 
စတင်ဖြစ်ပွားခဲ့ရသည့် ဖြစ်စဉ် ကို ချန် လှပ် ၍ မြန်မာ များ ဒေါသတကြီး 
အစ္စလာမ်ဘာသာဝင်များအား ရန်ရှာ နေပုံ ကို တစ်ဖက်သတ်ရိုက်ကူးဖေါ်ပြခဲ့သည့် 
Documentory ဇာတ်လမ်းဖြစ်ခြင်းကြောင့် အစ္စလာမ် ဘာသာဝင် များအား 
ဒေါသဖြစ်ပွားစေခဲ့ကြောင်း သိရသည်။
မင်းထင်ကိုကိုကြီးမှာ OIC အဖွဲ့ ထံ မှ ငွေကြေးများ ရယူ၍ OPEN SKY 
ဇာတ်လမ်းကို ဖန်တီးရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး မြန်မာ ရုပ်ရှင်လောကမှ 
ဒါရိုက်တာ ကြည်ဖြူ သျှင် မှ မင်းထင်ကိုကိုကြီး ၏ ဇာတ်လမ်းကို လူ 
့အခွင့်အရေး ရုပ်ရှင်ပြပွဲတွင် ပြသရန် စာရင်းပေးသွင်းခဲ့ကြောင်းသိရသည်။  
ဒါရိုက်တာ ကြည်ဖြူ သျှင် နှင့် မင်းထင် ကို ကို ကြီးတို့ မှာ 
ဒေါ်အောင်ဆန်းစုကြည် ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် 
ပါတီဝင်များဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် LOBBY 
လုပ်ပေးနေသူများဖြစ်ကြောင်း သိရသည်။ 
မြန်မာပြည်တွင်း ရှိနေ သော နိုင်ငံခြားသတင်းထောက် တစ်ဦး ဆိုသူ ကမူ 
ဒေါ်အောင်ဆန်းစုကြည် အတွက် LOBBY လုပ်ပေးစရာမလို ဟုဆိုသော်လည်း ၂၀၁၂ ခုနှစ် 
ရွေးကောက်ပွဲနောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည်၏ လုပ်ဆောင်ချက်အမှားများနှင့်
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ၏ ဗျူ ဟာအလွဲများကြောင့် 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီမှာ အနုပညာရှင်သမားများ၏ LOBBY လုပ်ရန်
 အလိုအပ်ဆုံးပါတီဖြစ် ခဲ့ကြောင်း သိရသည်။
မြန်မာ သံရုံးထုတ်ပြန်ချက်တွင် လုံခြုံရေးအတွက် ဆက်သွယ်ရမည့် 
တယ်လီဖုန်းနံပါတ် များ ထည့်သွင်းဖေါ်ပြထားခြင်း မရှိသည် မလေးရှားရောက် 
မြန်မာသံရုံးတာဝန်ခံများအနေဖြင့် မလေးရှားနိုင်ငံ တွင်အလုပ် လုပ် ကိုင် 
နေသည့် မြန် မာနိုင်ငံသားများ၏ လုံခြုံ  ရေးကို လစ်လျူ  ရှု ရာ 
ရောက်နေကြောင်း  မလေး ရှားနိုင်ငံရောက် မြန်မာလုပ်သားများ ကပြောကြားသည်။
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်