
မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အော်ပရေတာများဖြင့် အင်တာနက်သုံးတဲ့သူများအတွက် အင်တာနက် setting ချိန်နည်း၊ ၀န်ဆောင်မှုစသည် ဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါတယ်။
  အိုရီဒူး ကဒ်ဆိုရင် ဘာမျှလုပ်စရာမလိုပဲ အလွယ်တကူ အင်တာနက်အသုံးပြုနိုင်ပါတယ်။ 
တယ်လီနော်ကဒ်လည်း အတူတူပါပဲ။
MPT၊ WCDMA နဲ့ GSM တွေအတွက်ကတော့ လိုအပ်လာပါပြီ။ အင်တာနက်ဖွင့်ဖို့ မလျောက်ရသေးဘူးဆိုရင် ကျပ်ငွေ(၁၀၀၀၀)ကို သွင်း sms နဲ့ 1331 ဖုန်းနံပါတ်ကို ဒီလိုလေးရေးပေးလိုက်ရမှာဖြစ်ပါတယ်။
Orderdata service ဆိုပြီးရေးကာ message ပို့လိုက်ရပါတယ်။ သူက message ပြန်ပို့လာရင် အတည်ပြုပြီးဖြစ်သွားပါတယ်။ နောက်ထပ်ကတော့
တယ်လီနော်ကဒ်လည်း အတူတူပါပဲ။
MPT၊ WCDMA နဲ့ GSM တွေအတွက်ကတော့ လိုအပ်လာပါပြီ။ အင်တာနက်ဖွင့်ဖို့ မလျောက်ရသေးဘူးဆိုရင် ကျပ်ငွေ(၁၀၀၀၀)ကို သွင်း sms နဲ့ 1331 ဖုန်းနံပါတ်ကို ဒီလိုလေးရေးပေးလိုက်ရမှာဖြစ်ပါတယ်။
Orderdata service ဆိုပြီးရေးကာ message ပို့လိုက်ရပါတယ်။ သူက message ပြန်ပို့လာရင် အတည်ပြုပြီးဖြစ်သွားပါတယ်။ နောက်ထပ်ကတော့







![တောင်ကြီးမြို့ တွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်
================
တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်း စစ်ဌာန၄ချုပ် (ရပခ)တပ်၊ အမှတ် (၂၁၂)ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရဲရုံးရှေ့တို့တွင် အောက်တိုဘာ ၄ ရက် ည ၁၀ နာရီဝန်းကျင်က ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)တပ်အနီးရှိ ကားဂိတ်တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် ကားဂိတ်အဆောက်အအုံ အမိုးများပျက်စီးသွား ခဲ့သည်။ ထိုပေါက်ကွဲအပြီး မိနစ်ပိုင်းအကြာတွင် အမှတ်(၂၁၂)ဆက်သွယ်ရေးတပ်အနီးတွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
အဆိုပါဗုံးပေါက်ကွဲမှုကြောင့်အနီးရှိ ယာဉ်ထိန်းရဲရုံးမှ ယာဉ်ထိန်းရဲများထွက်ကြည့်ချိန်တွင် တတိယမြောက်ဗုံးထပ်မံပေါက်ကွဲခဲ့ရာ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
တောင်ကြီးမြို့တွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲသောကြောင့် ဖောက်ခွဲသူများအား မြို့၏ဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ရှာဖွေနေပြီး တောင် ကြီးမြို့တွင် လုံခြုံရေးလည်းတိုးမြှင့်ထားကြောင်း တောင်ကြီးမြို့ မြို့မရဲတပ်ဖွဲ့ဒုရဲမှူးကျော်နိုင်က ပြောသည်။
‘‘ဗုံးက ဆက်တိုက်ပေါက်မှုဖြစ်သွားတာပါ။ တရားခံတွေကို ပိတ်ဆို့ရှာဖွေနေပါတယ်။ ဒဏ်ရာရတဲ့ယာဉ်ထိန်းရဲနှစ်ဦးကလည်း သာမန်ဒဏ်ရာပဲရတာပါ’’ ဟု ဒုရဲမှူးကျော်နိုင်က ပြောသည်။
သုံးလုံးဆင့် ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် မိုင်းရှင်းလင်းရေး (BE)တပ်ဖြင့် ထပ်မံစစ်ဆေးမှုပြုလုပ်ရာ ဗုံးပေါက်ကွဲမှုများဖြစ်ပွားသောအနီးတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံးထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
[(ရပခ)စစ်တပ်အနီးရှိ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော ကားမှတ်တိုင်] ဓာတ်ပုံ- ပုဂံမင်းသူ
source - 7days Journal FB](https://m.ak.fbcdn.net/sphotos-c.ak/hphotos-ak-xpa1/v/t1.0-9/s526x296/10660232_10203929586899152_7329134698955638011_n.jpg?oh=d73b1d70b9d38e04c2b7071f7ba55e9c&oe=54B0F3D2&__gda__=1421166637_66b13ceabf967bbbe5ac67fb96353c23)




