မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 5 October 2014

ပြည်ထောင်စု လွှတ်တော်ကနေ ဆွေးနွေးအတည်ပြုခဲ့တဲ့အမျိုးသားပညာရေး

တက္ကသိုလ်ကျောင်းသားတွေ၊ ကျောင်းဆရာတွေနဲ့ အရပ်ဖက် ပညာရေး အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေခဲ့ပေမယ့် ပြည်ထောင်စု လွှတ်တော်ကနေ ၂ကြိမ်တိုင်တိုင် ဆွေးနွေးအတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါပြီ။ 

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်၃၁ရက်နေ့မှာ ပထမတကြိမ် ဒီဥပဒေကို ဆွေးနွေးအတည်ပြုပြီး သမ္မတဆီကို ပေးပို့ခဲ့ဖူးပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ပြန်လည်ပြင်ဆင်ဖို့ မှတ်ချက်(၂၅)ခုနဲ့ လွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့ပေမယ့် အချက်(၆)ချက်ကိုပဲ သမ္မတ သဘောထားအတိုင်း အတည်ပြုပြီး ၁၉ ချက်ကို ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ကာ ဥပဒေကို စက်တင်ဘာ (၂၆)ရက်နေ့က ဒုတိယအကြိမ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။  

အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကို ကန့်ကွက်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER) က သြဂုတ် ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပြီး နိုင်ငံတ၀န်းက တက္ကသိုလ်ကျောင်းသားတွေကလည်း  ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဆိုတာတွေဟာ ဗဟိုချုပ်ကိုင်သလို ဖြစ်နေပြီး ဒီမိုကရေစီနည်းလမ်း မကျလို့ ကန့်ကွက်ကြောင်း ကွန်ရက်ပြောခွင့်ရ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ဒါ့အပြင် ကျောင်းဆရာတွေ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်ချေရောက်မှ ဗဟိုချုပ်ကိုင်မှု လျော့ချမယ်ဆိုတဲ့အချက်၊ ကျောင်းသားတွေ လွတ်လပ်စွာအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်လိုအချက်တွေ ဥပဒေမှာ မပါတာ စတဲ့ အချက်ပေါင်း ၉ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ 

ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ကနေ စက်တင်ဘာ (၂၆)ရက်နေ့က ဒုတိယအကြိမ် ထပ်မံ အတည်ပြု လိုက်တာမို့ အခုတခါမှာ သမ္မတ လက်မှတ်ရေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဖွဲ့စည်းပုံအရ အောက်တိုဘာ(၁၀)ရက်နေ့မှာ အသက်ဝင်လာမှာလဲ ဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ၊ ကျောင်းဆရာတွေနဲ့ အရပ်ဖက် ပညာရေး အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေ ရှိနေခဲ့ပေမယ့်၂ကြိမ်တိုင်တိုင် ဆွေးနွေးအတည်ပြုခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ အမျိုးသားပညာရေး ဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါပြီ။
ပြည်ထောင်စုလွှတ်တော်က ဇူလိုင်၃၁ရက်နေ့မှာ ပထမတကြိမ် ဒီဥပဒေကို ဆွေးနွေးအတည်ပြုပြီး သမ္မတဆီကို ပေးပို့ခဲ့ဖူးပါတယ်။ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ပြန်လည်ပြင်ဆင်ဖို့ မှတ်ချက်(၂၅)ခုနဲ့ လွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့ပေမယ့် အချက်(၆)ချက်ကိုပဲ သမ္မတ သဘောထားအတိုင်း အတည်ပြုပြီး ၁၉ ချက်ကို ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ကာ ဥပဒေကို စက်တင်ဘာ (၂၆)ရက်နေ့က ဒုတိယအကြိမ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် တချို့ကို
ကန့်ကွက်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်
(NNER) က သြဂုတ် ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပြီး နိုင်ငံတ၀န်းက တက္ကသိုလ်ကျောင်းသားတွေကလည်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဆိုတာတွေဟာ ဗဟိုချုပ်ကိုင်သလို ဖြစ်နေပြီး ဒီမိုကရေစီနည်းလမ်း မကျလို့ ကန့်ကွက်ကြောင်း ကွန်ရက်ပြောခွင့်ရ ဒေါက်တာသိန်းလွင်က ပြောပါတယ်။ ဒါ့အပြင် ကျောင်းဆရာတွေ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်ချေရောက်မှ ဗဟိုချုပ်ကိုင်မှု လျော့ချမယ်ဆိုတဲ့အချက်၊ ကျောင်းသားတွေ လွတ်လပ်စွာအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်လိုအချက်တွေ ဥပဒေမှာ မပါတာ စတဲ့ အချက်ပေါင်း ၉ ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေ ရှိခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ပြည်ထောင်စု လွှတ်တော်ကနေ စက်တင်ဘာ (၂၆)ရက်နေ့က ဒုတိယအကြိမ် ထပ်မံ အတည်ပြု လိုက်တာမို့ အခုတခါမှာ သမ္မတ လက်မှတ်ရေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဖွဲ့စည်းပုံအရ အောက်တိုဘာ(၁၀)ရက်နေ့မှာ အသက်ဝင်လာမှာလဲ ဖြစ်ပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်