မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 12 September 2015

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် ဟာ မအူပင်ကနေပြိုင်မယ့် အမတ်လောင်းဖြစ်ပါတယ်
မြန်မာတိုင်းစ် ရဲ့ ရေးသားချက်အရ သူ့မိဘနှစ်ပါးဟာ ဦးအုံဝှက် ဒေါ် ဂျင်းယင် ဖြစ်ပါတယ
သူ့ကို မွေးဖွားချိန်မှာ မိဘ နိင်ငံသား မဟုတ်လို့ သူဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညိစွန်းနေပါတယ်
တိုင်ကြားစာရသော်လည်း အချိန်နှောင်းသွားလို့ သူ့ရဲ့ရွေးကောက်ပွဲဝင်ခွင့်ကို မပယ်ချပေးနိင်တော့ဘူးတဲ့
ကာယကံရှင် ကလည်း ကိုယ်မိဘ နိင်ငံသား မဟုတ်တာ ကိုတော့ သိလောက်မှာပါ
ဒါပေမယ့်လည်း မျက်နှာပြောင်တိုက် အရှက်မရှိ ခပ်တည်တည် ဝင်ပြိုင်ရဲတယ်နော်
မအူပင် လဝက ကလည်း ဦးသိန်းညွန့် မိဘ တွေ နိင်ငံသား ဟုတ် မဟုတ် ဖြေကြားရန် ငြင်းဆိုတယ်တဲ့
အမှန်ကိုပြောလိုက်ရင် အလုပ်ထိခိုက်မှာကို ကြောက်တဲ့ ခင်ဗျား

တို့ကို နားလည်ပေးလို့ရပါတယ်
ဦးသိန်းညွန့် ကလည်းငြိမ်နေတယ်
မှိန်းနေတယ် ခေါ်မလားပဲ
မဟုတ်ဘူး ဆိုရင်လည်း ကျွန်တော်မိဘတွေက ကျွန်တော်မွေးချိန်မှာ နိင်ငံသား ပါဆိုပြီး အထောက်အထားပြပြီးဖြေရှင်း
မြန်မာတိုင်းစ် ကိုလည်းတရားစွဲ
သူကိုတိုင်တဲ့လူကိုလည်းတရားစွဲ
ခု ငြိမ်နေပုံထောက်ရင်တော့ အင်း
မိဘနှစ်ပါး နိင်ငံသားမဟုတ်ရင် NLD ဖြစ်ဖြစ် NDF ဖြစ်ဖြစ် တဆည ဖြစ်ဖြစ် ကြံ့ခိုင်ရေးဖြစ်ဖြစ် ပြတ်ပြတ်သားသား လုပ်လိုက်ပါ
ကျွန်တော်တို့ လက်ခုတ်တီးပြီး အားပေးမှာပါ
၂၀၁၀ တုန်းက ဦးရွှေမောင် အခု ၂၀၁၅ မှာ ဦးသိန်းညွန့်
ခင်ဗျားတို့ သားရေကွင်းလို အလျော့ အတင်း လုပ်လို့ရတဲ့ ဥပဒေတွေနဲ့ လုပ်ချင်သလို လုပ်နေတာတော့ ကျွန်တော် မှတ်တမ်းတင်ထားပါမယ်
ကျွန်တော်တို့လိုချင်တာ Justice နဲ့
Level Playing Field ပါ
ဦးသိန်းညွန့်လည်း နိင်အောင်ပြိုင်ပေါ့ဗျာ
ကလိန်ကကျစ်နဲ့လည်း ဝင်သေးတယ် ရှုံးလည်း ရှုံးသေးတယ် ဆိုရင်တော့ တရှက်က နှစ်ရှက်ဖြစ်သွားလိမ့်မယ်
ခုနေ သိက္ခာရှိရှိဖြေရှင်းရင် အချိန်မှီပါသေးတယ်
အစိုးရ အဖွဲ့မှာ တာဝန်ကြီးကြီး ယူထားတဲ့ လူတယောက်ဖြစ်နေလို့ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ် ဖြစ်ပြီး .. ဒီပုတ်ထဲက ဒီပဲ လို့ လူတွေက ယူဆသွားနိင်ပြီး အစိုးရ အဖွဲ့လည်း အနဲ နဲ့ အများ သိက္ခာ ကျနိင်ပါတယ်
Flight like a man လုပ်စမ်းပါဗျာ .. post by credit

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်