ခင်ဗျားတို့ ကျွန်တော်တို့တွေ တိုင်းပြည်မှာ ပြသနာတစ်ခုခုဖြစ်တိုင်း ဒေါ်စု ဒီကိစ္စဘာပြောမလဲ ဘာထင်မြင်ချက်ပေးမလဲ ဘာတွေများ ညွှန်ကြားမလဲဆိုပြီး အမြဲမျှော်နေတတ်ကြပါတယ်။
ဒါပေမယ့်လည်း ဘယ်လောက်ဘဲ မျှော်မျှော် ဒေါ်စုဟာ အမြဲလိုလို ဝင်ပါခြင်းမလုပ်ဘဲ နှုတ်ဆိတ်နေတာ များပါတယ်။ အဲလိုလုပ်တာများတော့ ကျွန်တော်ကိုယ်တိုင် သူ့အပေါ်အရင်လောက် အားမရတော့တာ အမှန်ပါဘဲ။
ဒါပေမယ့် တချက်ပြန်စဉ်းစားကြည့်တော့ သူမ အနေအထားဟာ အရင်လိုမဟုတ်တော့ဘူးဆိုတာ တွေ့ရပါတယ်။ အရင်က ပါတီရဲ့ အကြီးအကဲဖြစ်ပြီး သူ့အထက်မှာ ဘယ်သူမှရှိမနေတော့ မြန်မာပြည် ပြသနာဖြစ်တိုင်း

