ကဆုန် ညောင်ရေသွန်းပွဲတော်
ကဆုန် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည်။ နွေဥတု၏ အလယ်ဗဟို ကဆုန်လပြည့် နေ့၌ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအားဖြင့် ဆင်ယင် ကျင်းပသော ပွဲတော်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ သူ အမြတ်နိုးဆုံးဖြစ်သည့် သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့သည်၊ ဤအကြောင်း ကို လယ်တီဆရာတော်ဘုရားက-
“ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန် လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး၊ ဗိတာန် ထီးနှင့် စသည်ဖြင့် ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာ၌ ဆိုခဲ့ စပ်ခဲ့ ရေးခဲ့သည်။
ဤလောက၏ အလင်းရောင် စတင်ခဲ့သောနေ့လည်း ဖြစ်သည်။
ဤနေ့မှာပင် အဝိဇ္ဇာအမှောင်ထုကို အရဟတ္တမဂ် မိုးကြိုးစက်ဖြင့် ဖြိုဖျက်ခဲ့ သည်။ မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌


