မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့်. Show all posts
Showing posts with label ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့်. Show all posts

Monday, 20 July 2015

ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့် အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်းတစ်သိန်း နစ်နာဟု သူရဦးအောင်ကို ဆို


Aung Than Tun's photo.
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်နေကြသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကျပ် သိန်းပေါင်းတစ်သိန်းနစ်နာခဲ့သည်ဟု ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စက်မှုဇုန်က နောက်ပိုင်းထုတ် - အပ်စနစ်နဲ့ စုစုပေါင်းအရေအတွက် ၂၀၀၀ ကျော် အတွက်ဆိုရင် စလစ်တစ်စောင်အတွက် သိန်း ၅၀ နစ်နာ ခဲ့လို့ ကားအစီးရေ ၂၀၀၀ အတွက် နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းတစ်သိန်း နစ်နာခဲ့ပါတယ်” ဟု သူရဦးအောင်ကိုက