မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ကဗျာဆရာသူရိန်လင်းဝေရဲ့"ပြုပြင်ဝန်းရံ ဒေါင်းအလံ". Show all posts
Showing posts with label ကဗျာဆရာသူရိန်လင်းဝေရဲ့"ပြုပြင်ဝန်းရံ ဒေါင်းအလံ". Show all posts

Monday, 2 February 2015

ကဗျာဆရာသူရိန်လင်းဝေရဲ့"ပြုပြင်ဝန်းရံ ဒေါင်းအလံ"

"ပြုပြင်ဝန်းရံ ဒေါင်းအလံ"

အနာဂတ်ကို ရင်ဆိုင်နိုင်ဖို့
ကျောင်းသင်ခန်းစာတွေကို
ကျွန်တော် 
ဖွင့်လိုက်တယ်.......

သမိုင်းမှာ
ကျွန်တော် မှတ်သားဖူးတဲ့
သူရဲကောင်းအာဇာနည် မပါဘူး
သူတို့တွေ 
အလောင်းဖျောက် ခံလိုက်ရတယ်.....

ပထဝီမှာ
ကျွန်တော် သိခဲ့ဖူးတဲ့
တောတောင်ရေမြေ မပါဘူး
သူတို့တွေ
ခုတ်လှဲဖြိုဖျက် ခံလိုက်ရတယ်........

သင်္ချာမှာ
ကျွန်တော် တွက်ချင်ခဲ့တဲ့
ညီမျှခြင်းပုစ္ဆာ မပါဘူး
သူတို့တွေ
ခရိုနီသိမ်းပိုက်တာ ခံလိုက်ရတယ်......

မြန်မာမှာ
ကျွန်တော် ဖတ်ချင်ခဲ့တဲ့
ပြည်ထောင်စုအလှ မပါဘူး
သူတို့တွေ
အစားထိုးလဲလှယ် ခံလိုက်ရတယ်.......

ခံလိုက်ရတယ်......
ခံလိုက်ရတယ်......
ဘိုးစဉ်ဘောင်ဆက် ခံလာရတဲ့
အမှောင်မိုက်ထဲမှာ ကျင့်သားရနေခဲ့တဲ့
ကျွန်တော်
အနာဂတ်မှာ 
လင်းလင်းချင်းချင်းနဲ့ နေဖူးချင်လို့
စာသင်ခန်းကို ဖွင့်မယ့်ဒေါင်းပျိုတွေကို
လက်ကမ်းကြိုဆိုလိုက်တယ်.......

ငရဲခွေးတွေ ဘေးကဝေးပါစေ......

                      သူရိန်လင်းဝေ
"ပြုပြင်ဝန်းရံ ဒေါင်းအလံ"
အနာဂတ်ကို ရင်ဆိုင်နိုင်ဖို့
ကျောင်းသင်ခန်းစာတွေကို
ကျွန်တော်
ဖွင့်လိုက်တယ်.......

သမိုင်းမှာ
ကျွန်တော် မှတ်သားဖူးတဲ့
သူရဲကောင်းအာဇာနည် မပါဘူး
သူတို့တွေ
အလောင်းဖျောက် ခံလိုက်ရတယ်.....
ပထဝီမှာ
ကျွန်တော် သိခဲ့ဖူးတဲ့
တောတောင်ရေမြေ