မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား. Show all posts
Showing posts with label ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား. Show all posts

Wednesday, 25 December 2013

ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား စောင့်ကြည့်စစ်ဆေးမှုပြုလာ

Photo: " ကုမ္ပဏီကြီးအချို့ဝန်ထမ်းတို့၏ လူမှုကွန်ရက်များ အား စောင့်ကြည့်စစ်ဆေးမှုပြုလာ"

နိုင်ငံတကာနှင့်ဆက်စပ်သည့်ကုမ္ပဏီကြီးအချို့တွင် ဝန်ထမ်းခန့်အပ်ရွေး ချယ်ရာ၌ ဝန်ထမ်းများ၏ လူမှုကွန်ရက် ဖြစ်သည့်ဖေ့စ်ဘွတ်၊ တွစ်တာအကောင့် များအားစောင့်ကြည့်စစ်ဆေး အကဲ ဖြတ်ခြင်းများပါ ပြုလုပ်လာကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးကြည့်ရှုမှုကို လူ့ စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု (HR Management) အဖြစ် ပြုလုပ်လာခြင်း ဖြစ်ပြီး အလုပ်ခန့်အပ်မှုတွင်လည်း အဓိကကျလာသည်ဟုနိုင်ငံတကာနှင့် ဆက်စပ်လုပ်ကိုင်နေသူတို့ထံမှ သိရသည်။

အီးယူနှင့်လုပ်ငန်းတွဲဖက် လုပ် ကိုင်နေပြီး လူမှုကွန်ရက်အကောင့်များ ကြည့်ရှုစစ်ဆေးခံခဲ့ရသူ ပုဂ္ဂိုလ်တစ်ဦး က''ကျွန်တော်ရေးသားတာတွေက ဘာ တွေလဲ။ စိတ်နေစိတ်ထားက ဘယ်လို လဲဆိုတာလေ့လာတယ်။ အလုပ်လုပ်ဖို့ အတွက် သူတို့က အကဲဖြတ်လာတယ်။ အဲဒါလေးအပေါ်မှာ မြန်မာပြည်က ဖေ့စ်ဘွတ်အသုံးပြုသူတွေအနေနဲ့ သတိ ထားစေချင်တယ်''ဟု သတိပေးစကား ပြောသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ ပြည်တွင်း၌ လုပ်ကိုင်ခြင်းအများအပြားမရှိသေး သော်လည်း လူမှုကွန်ရက်အသုံးပြုမှုအ ပေါ် ယခုမှစ၍စတင်သတိထားသင့်ပြီ ဟူ၍လည်း အထက်ပါပုဂ္ဂိုလ်က အသိ ပေးသည်။ ထို့အပြင် နိုင်ငံတကာသတင်းဌာန ကြီးများတွင်လည်း လူမှုကွန်ရက်အ ကောင့်များ စစ်ဆေးခြင်းမပြုသော်လည်း ၎င်းတို့၏ဝန်ထမ်းများ အသုံးပြုမည့် ကိုယ်ပိုင်နှင့် လုပ်ငန်းအမည်ပါဝင်နေ သည့်လူမှုကွန်ရက်ဟူ၍ နှစ်မျိုးခွဲခြား ထားစေပြီး လုပ်ငန်းအမည်ဖြင့် ဖွင့်ထား မည့် လူမှုကွန်ရက်ဖြင့် မှတ်ချက်ပြုရေး သားခြင်းများ မပြုလုပ်စေရန် စောင့် ကြည့်မှုများ၊ လူမှုကွန်ရက်အသုံးပြုရာ တွင် လိုက်နာရမည့် လမ်းညွှန်ချက် များပါ ချမှတ်ထားကြောင်း ဝါရင့်သ တင်းစာပညာရှင် ဦးရဲနိုင်မိုးက ပြော ကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ဖေ့စ်ဘွတ် အသုံးပြုသူ တစ်သန်းကျော်ရှိနေပြီး အမျိုးသား ဦးရေ ၆ သိန်း ကျော်နှင့် အမျိုးသမီးဦးရေ ၄ သိန်း ကျော်ရှိ ထားကြောင်း ယခုနှစ်သြဂုတ်လတွင် ဖေ့စ်ဘွတ် Ads Manager က ထုတ် ပြန်ကြေညာထားသည်။

သုတလင်း
Popular Myanmar News Journal

နိုင်ငံတကာနှင့်ဆက်စပ်သည့်ကုမ္ပဏီကြီးအချို့တွင် ဝန်ထမ်းခန့်အပ်ရွေး ချယ်ရာ၌ ဝန်ထမ်းများ၏ လူမှုကွန်ရက် ဖြစ်သည့်ဖေ့စ်ဘွတ်၊ တွစ်တာအကောင့် များအားစောင့်ကြည့်စစ်ဆေး အကဲ ဖြတ်ခြင်းများပါ ပြုလုပ်လာကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးကြည့်ရှုမှုကို လူ့ စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု (HR Management) အဖြစ် ပြုလုပ်လာခြင်း ဖြစ်ပြီး အလုပ်ခန့်အပ်မှုတွင်လည်း အဓိကကျလာသည်ဟုနိုင်ငံတကာနှင့်