မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label စင်္ကာပူ တပ်မတော်သားများ. Show all posts
Showing posts with label စင်္ကာပူ တပ်မတော်သားများ. Show all posts

Monday, 18 March 2013

အင်တာနက်ကို အကျိုးရှိရှိ

အင်တာနက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြသည့် စင်္ကာပူ တပ်မတော်သားများ

စစ်မှုထမ်းတစ်ဦး ကိုယ်ပိုင် အကောင့်တစ်ခုဖြင့် ၀င်နိုင်သော စင်္ကာပူ စစ်မှုထမ်း web portal
အရှေ့တောင်အာရှ နိုင်ငံများရှိ စစ်တပ်များထဲတွင် အင်တာနက် အသုံးပြုမှု အတွင်ကျယ်ဆုံး နိုင်ငံမှာ စင်္ကာပူ ဖြစ်သည်။ စင်္ကာပူနိုင်ငံမှ စစ်မှုထမ်း တစ်ဦးနှင့် ပတ်သက်သည့် မည်သည့် အချက်ကို သိလိုသည် ဖြစ်စေ၊ အင်တာနက်ရှိ စင်္ကာပူ စစ်တပ် ၀က်ဆိုဒ်များမှ တစ်ဆင့် အလွယ်တကူ ရှာဖွေနိုင်လေသည်။ ကျန် သည့် နိုင်ငံ များတွင်တော့ အသေးစိတ် ဖော်ပြထားသည်များ မရှိသဖြင့် စင်္ကာပူ နိုင်ငံမှ တပ်မတော် သား များ ၏ အင်တာ နက်ကို အကျိုးရှိရှိ တွင်ကျယ်စွာ အသုံးပြုကြပုံအား လေ့လာမိတော့သည်။
အွန်လိုင်းပေါ်တွင် ရှိသော လေ့ကျင့်စခန်းမှ စစ်မှုထမ်းများ 
စင်္ကာပူ နိုင်ငံသည်ကား စစ်မှုမထမ်း မနေရ ကျင့်သုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကာ ကွယ်ရေးအတွက် စစ်မှုထမ်းရမည်ဟု ယုံကြည်ပြီး စင်္ကာပူနိုင်ငံသားတို့ကလည်း စစ်သားဖြစ်ရခြင်း အ တွက် ဂုဏ်ယူကျေနပ်ကြသည်။ ဤတွင် မြန်မာနိုင်ငံမှ ကျောင်းသွားတက်ရင်း PR( အမြဲတမ်းနေထိုင်ခွင့်) ရထား သူ များလည်း စင်္ကာပူ စစ်မှုထမ်း စနစ်တွင် အကျုံးဝင်ပြီး စစ်မှုထမ်းရသည် ဖြစ်သည်။ ( မြန်မာနိုင်ငံ တွင် စစ်မှုမထမ်းမနေရ ကျင့်သုံးပါက PR ရထားသည့် စင်္ကာပူရောက် မြန်မာများ ထိုနိုင်ငံတွင် တစ်လှည့်၊ မြန်မာ နိုင်ငံတွင် တစ်လှည့် နှစ်နိုင်ငံ စစ်မှုထမ်းရနိုင်လေသည်။)
ကျောပိုးအိတ် သယ်ခိုင်းသည်ဟု ဆိုကာ ဝေဖန်သံများ ဆူညံစေခဲ့သော စင်္ကာပူ စစ်သား
စင်္ကာပူနိုင်ငံသားတို့သည် ၁၈ နှစ် မတိုင်ခင် ကာလတွင်