မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက်. Show all posts
Showing posts with label တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက်. Show all posts

Friday, 13 December 2013

တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက်








"အရင်ကကျား အခုတော့နွား" ******************* လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု နှစ်ပတ်လည်နေ့တွင် တရုတ်သံရုံး အနီး၌ တရုတ်အလံအား မီးရှို့မှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား ဖမ်းဆီးပြီး ပုဒ်မ-၅၀၅ (ခ)ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ကျန်နှစ်ဦးဖြစ်သည့် ကိုအောင်စိုးနှင့် ကိုစည်သူတို့အား ၀ရမ်းထုတ်ထားတယ်တဲ့ . . . ဒီသတင်းကိုဖတ်ရတဲ့အချိန်မှာ မကြာသေးသော အချိန်လေးတုန်းက ကိုယ့်မြန်မာနိုင်ငံသားဖြစ်တဲ့ စိုင်းနော်ခမ်းရဲ့ တရုတ်ရဲအရာရှိတွေရှေ့မှာ ဒူးထောက်ပြီး ဆေးထိုးအသတ်ခံရခါနီး ကြိုးနဲ့တုပ်၊ ကားပေါ်တင်တဲ့ အချိန်ထိ လူ့သိက္ခာတပြားသားမှ မရှိသဖွယ် မီဒီယာတွေကနေ တင်ဆက်ပြသခံခဲ့ရပြီး ကြက်လေးငှက်လေးတစ်ကောင်လို လွယ်လွယ်ကူသတ်သွားတဲ့ ပုံရိပ်တွေဟာ မျက်စိထဲ တရစ်ဝဲဝဲ မြင်ယောင် လာတယ်ဗျာ။ တရုတ်အလံလေး မီးရှို့မှုအတွက်ကြတော့ မိမိနိုင်ငံသားကို ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပြီး ကိုယ့်နိုင်ငံသားတစ်ယောက် သူများနိုင်ငံမှာ စော်ကားမော်ကားခံရပြီး အသတ်ခံရတုန်းက ကျူပ်တို့ အစိုးရခေါင်းဆောင်တွေက ဘာသံမှ မထွက်ခဲ့တာ ဘာကြောင့်လဲ။ နော်ခမ်းမှာ အပြစ်ရှိလို့ အပြစ်ပေးခံရတာကို နားလည်လို့ရပါတယ်။ ဒါပေမယ့် တစ်ချက်လောက်စဉ်းစားကြည့်ရအောင် စိုင်းနော်ခမ်းက ကတရုတ်နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ အခုလို ပြစ်မှုကျူးလွန်ခဲ့ရင်