Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု)
သစ်ခိုးထုတ်မှုဖြင့် တစ် သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရ သော တရုတ်နိုင်ငံသားများ၏ အပြစ်ကို အချက်အလက်ပေါင်း စုံထည့်သွင်းစဉ်းစား၍ မျှမျှတတ ကိုင်တွယ်ပေးရန်နှင့် တရုတ်နိုင်ငံ သားများကို လွှဲပြောင်းပေးရန် မြန်မာအစိုးရထံ တရုတ်အစိုးရက တောင်းဆိုလိုက်သည်။ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ စီရင်ဆုံးဖြတ်ချက်အပေါ် လွန် စွာစိုးရိမ်ပူပန်လျက်ရှိခြင်းကို အ ကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရ၏ စိုးရိမ်ပူပန်မှုကို လေး လေးနက်နက်စဉ်းစားပေးရန်နှင့် အချက်အလက်ပေါင်းစုံကို ထည့် သွင်း၍ မျှမျှတတ ကိုင်တွယ်ဆုံး ဖြတ်ပေးရန် ထပ်မံအကြောင်း ကြားထားကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ မစ္စတာလုခမ်း(Lu Kang) က ပြောကြားသည်။သစ်ခိုးထုတ်သည့် တရုတ် နိုင်ငံသားများကို မြန်မာအစိုးရက ဖမ်းဆီး ထိန်းသိမ်းထားစဉ်က လည်း ယင်းတောင်းဆိုချက် တစ်ကြိမ်တောင်းဆိုခဲ့ဖူးသည်။
မြန်မာအစိုးရက တရုတ် နိုင်ငံသားများကို

