မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့. Show all posts
Showing posts with label ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့. Show all posts

Monday, 27 January 2014

ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေဖြစ်နေ


 
ရှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့၌ စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဖျက်ဆီးနေစဉ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ် ပွားကြောင်း သိရသည်။ 


TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင် တချို့ကိုရှေ့တန်း စစ်မြေပြင်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

နမ့်ဆမ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ ဘိန်းခင်းများကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီး နေစဉ် အစိုးရ တပ်မတော် တပ်ရင်း ၅၀၆ တပ်၏ စစ်ကြောင်းမှ ထိုးစစ် ဆင်လာသည့်အတွက် ဇန်န၀ါရီလ ၂၅ ရက်နေ့က နှစ်ဘက် အကြား ထိပ်တိုက်တွေ့၍ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA က ဆို သည်။ 

“ဘိန်းခင်းတွေ ဖျက်ဆီးတဲ့ ရာသီဆိုတော့ ကျနော်တို့ တပ်ဖွဲ့က အဲဒီနယ်မြေထဲက