အာရှနိုင်ငံတွေဟာ အိပ်ပျော်နေတဲ့ လူသန်ကြီး နိုးထလာမှာ
သိပ်ကြောက်နေကြရှာတယ်။ ဘာကြောင့်လဲဆိုတော့ ပထ၀ီဝင် နိုင်ငံရေးတွေ နဲ့
ဆက်နွယ်တော့ အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ်။ဒီဆီးဂိမ်းမှာမျက်နှာဖုံးတွေက
ကွာကျတယ်။ ၁၆ ရက်နေ့ ပွဲ ၊ ဒီနေ့ ပွဲတွေကြည့်လိုက်ရင် ဒိုင်တွေဟာ မြန်မာ
ကို Focus ထားပြီး သမ နေတယ်ဆိုတာ သံသယ တောင် ရှိစရာမလိုဘူး
။ဘာကြောင့်လဲဆိုတော့ အတိတ်မှာ မညီညွတ် ခဲ့ကြတဲ့ ၊ မစည်းလုံး ခဲ့ကြတဲ့ အတွက်
ကျွန်တော်တို့ဟာ အရာရာ နောက်ကျနေပြီး သူများနိုင်ငံ ရဲ့ မထီမဲ့မြင်
လုပ်တာကို ခံရတာပဲ ။
ကိုယ့်အိမ်ရှင် ဘောလုံးကွင်းထဲမှာ ကိုယ့်လူမျိုးကို ပါးရိုက်သွားတာလဲ ဖန်သားပြင်မှာ အရှင်းကြီး
မြင်ရဲ့သားနဲ့ ဒိုင်ကို ဆဲယုံနဲ့ စိတ်ဖြေခဲ့ရတယ်။ကိုယ့်ဂိုးက အာပလာ ဖြစ်ပြီး ၊ သူ့ ဂိုး မှ အသက်ဝင်သွားတဲ့ အဖြစ် ၊ ဒိုင်က လည်း ပရိတ်သတ်ကို ဆွတယ် ၊ ကစားသမားတွေကလည်းမြန်မာ အသင်းကို