ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

(ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။)
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။
၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး

