ဘုတ်ငှက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ
Tuesday, September 1, 2015
“လေပြေငယ် သုတ်ပါလို့ ရွှေဘုတ်ကဲ့ အိုးအီ.. နေမီအောင် တခိုလှမ်းခဲ့ရ.. ကောက်ငန်းကအပြန်မှာ” ဆိုတဲ့ ရှေးခေတ်ကဗျာကိုသတိရမိတိုင်း “ကျီးဘုတ် ရိုသေ၊ ဘုတ်ကျီး ရိုသေ” ဆိုရိုးကိုလည်း ထပ်ဆင့်သတိရလာပါတယ်။ ကျီးကို မြင်ဖူးတွေ့ဖူးသူအများအပြားရှိနိုင်ပေမယ့် ဘုတ်ငှက်ကိုတော့ တွေ့ဖူးသူနည်းပါးမယ် ထင်ပါတယ်။ အတွေ့ရနည်းတဲ့ ဘုတ်ငှက်အကြောင်းပြောပြပါ့မယ်။
ဘုတ်ငှက်ဟာ ဥဩမျိုးနဲ့အတူ ကျူကျူလီဒီး Cuculidae မျိုးရင်းတွင် ပါဝင်ပြီး သတ္တဗေဒ အမည်အားဖြင့် "စင်ထရိုပတ်ဆိုင်နင်ဆစ်" လို့ ခေါ်ပါတယ်။ ဥဩနဲ့မျိုးတူပေမယ့် ဥဩလိုတော့ အခြားငှက်တွေရဲ့ အသိုက်တွေမှာ ဥအုလေ့မရှိပါဘူး။ မိမိအသိုက် မှာ မိမိဥအုတာပါ။ တောကျီးကန်းအရွယ် အလျား ၁၈ လက်မရှိပြီး ခန္တာကိုယ်မှာတောက်ပြောင်မည်းနက်ပြီး အတောင်ဟာ


