မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်၌ အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်း ဓားဖြင့်လှီး၍ အသတ်ခံရ
နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူများမှာ မမြမြသန်း (ခ) ချောစု အသက် (၃၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအေးဝေ အသက်ကိုးနှစ်၊ လေးတန်းကျောင်းသူတို့ ဖြစ်ပြီး မနှင်းအေးဝေမှာ နေအိမ်အိပ်ခန်းတွင်း၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေကာ မိခင်ဖြစ်သူ မမြမြသန်း (ခ) ချောစုမှာ နေအိမ်အနီး လမ်းမပေါ်၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာများဖြင့်