မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု. Show all posts
Showing posts with label မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု. Show all posts

Saturday, 19 July 2014

မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု

မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ အမေရိကန်တုံ့ပြန်မှု ။
On  Fri, 2014-07-18 09:47Issue No.
မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင် 
ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။

သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို့ ပြောခြင်းဖြစ်ပါသည်။

‘‘ဘာဖြစ်ခဲ့တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာသိရဖို့အတွက် လိုအပ်တဲ့အကူအညီတွေကိုပေးသွားမယ်’’ဟု သမ္မတအိုဘားမားက ပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီး ဂျန်ဇာကီက မလေးရှားလေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် ယူကရိန်းရှိ အမေရိကန်သံရုံးက ယူကရိန်းအစိုးရအာဏာပိုင်များနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ဒုတိယသမ္မတဂျိုးဇက်ဗိုက်ဒင်ကလည်း ယူကရိန်းသမ္မတပက်ထရိုပိုရိုရှန်ကိုနှင့် သီးခြားစကားပြောကြားပြီး လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို သိရှိရန် အမေရိကန်ကကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ယူကရိန်းအစိုးရက ရုရှားနိုင်ငံက အထောက်အပံ့ပေးထားသည့် ခွဲထွက်ရေးသူပုန်တပ်ဖွဲ့များကို စွပ်စွဲထားသည်။ သူပုန်တပ်များကလည်း ယူကရိန်းအစိုးရကို စွပ်စွဲခဲ့သည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ စစ်သွေးကြွများကို လက်နက်ငွေကြေးထောက်ပံ့မှုအတွက် အမေရိကနှ်င့် အီးယူဥရောပသမဂ္ဂတို့က ဇူလိုင် ၁၆ ရက်က ရုရှားကို စီးပွားရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ မလေးရှားလေယာဉ်မှာ ယူကရိန်းအရှေ့ပိုင်းတွင် ပစ်ချခံရခြင်းဖြစ်သည်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ကလည်း လေယာဉ်ပျက်ကျသည့်အကြောင်း အမေရိကန်အစိုးရရုံးစိုက်ရာ ဝါရှင်တန်မြို့တော် လွှတ်တော်သို့ အတည်ပြုပေးခဲ့သည်။

‘‘အပြစ်မဲ့သူတွေ အများကြီးသေရတယ်။ တုန်လှုပ်စရာပါပဲ။ ကျွန်တော်တို့အဖြစ်အပျက်အမှန်တွေကိုသိရအောင် စောင့်နေပါတယ်။ အခုအချိန်မှာတော့ သွားလေသူတွေနဲ့ သူတို့မိသားစုတွေအတွက် ဆုတောင်းပေးရအောင်ပါ’’ဟု အိုဟိုင်းပြည်နယ်လွှတ်တော်အမတ်ဂျွန်ဘိုနာက ပြောကြားခဲ့သည်။

(ကိုးကား-  CNN, ABC, AP)

7day daily

On Fri, 2014-07-18 09:47Issue No.
မလေးရှားလေယာဉ် MH 17 ယူကရိန်းနိုင်ငံတွင်
ပစ်ချခံရသည်မှာ အလွန်ထိခိုက်ကြေကွဲစရာဖြစ်ပြီး ၎င်း၏ ပထမဆုံးဦးစားပေးလုပ်ရမည့်အလုပ်မှာ ထိုလေယာဉ်ပေါ်၌ အမေရိကန်နိုင်ငံသားများပါ၊ မပါ သိရှိရန်ဖြစ်သည်ဟု အမေရိကန်သမ္မတအိုဘားမားက ပြောကြားလိုက်သည်။ ကမ္ဘာကြီးတစ်ခု လုံးက ထိုသတင်းကို စောင့်ကြည့်နေသည်ဟုလည်း ၎င်းက ဆိုသည်။
သမ္မတအိုဘားမားသည် ဇူလိုင် ၁၇ ရက်က ဒလဲဝဲယားပြည်နယ် အခြေခံဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ရောက်ရှိနေခိုက်တွင် လေယာဉ်ပျက် သတင်းကြားရသည့်အတွက် ယခုကဲ့သို