မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ရဲမင်းဦး၏ ရင်တွင်းစကား. Show all posts
Showing posts with label ရဲမင်းဦး၏ ရင်တွင်းစကား. Show all posts

Sunday, 19 January 2014

အထက်မြန်မာပြည် သံဃာ့ညီလာခံကြီးက အပြန် ၀ီရ ရဲမင်းဦး၏ ရင်တွင်းစကား



အထက်မြန်မာပြည် မန္တလေးမှာ အမျိုးဘာသာ ၊ သာနာစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း နှင့် သြ၀ါဒ ခံယူပွဲကြီးကို (၁၅ - ၁ - ၂၀၁၄) ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ပါတယ်။ မဟာအတုလ ဝေယံဘုံသာ ကျောင်းတိုက် ကြီးမှာ ကျင်းပသွားခဲ့တဲ့ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာစောင့်အဖွဲ့ ဖွဲ့စည်းခြင်း နှင့် သြ၀ါဒ ခံယူပွဲဟာ သံဃာတော်သုံးသောင်းကျော် တက်ရောက်ခဲ့တာဖြစ်လို့ မဟာအတုလ ဝေယံဘုံသာ ကျောင်း တော်ကြီးမှာ ကျင်းပခဲ့တဲ့ အတုမရှိ သံဃာ့ညီလာခံကြီးလို့ ကင်ပွန်းတပ်ခဲ့ရပါတယ်။ သံဃာ့ညီလာခံကြီးက ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ကြေညာချက် (၁၀)ချက်ဟာဆိုရင်လည်း ကျွန်တော်တို့ ကြားသိရတယ်ဆိုရင်ဘဲ လက်မခံနိုင်စရာ တစ်ချက်မှ မရှိတဲ့ အမျိုးသားအကျိုးစီးပွား ၊ အမျိုးဘာသာ သာသနာ ရေရှည်တည်တံ့ရေးကို မျှော်ကိုးပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ပါပဲ။ မြန်မာ့အမျိုးသားရေး ကွန်ယက်က