ရန်ကုန်- လယ်ယာမြေပြဿနာမှ အစပြု၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများ ပဋိပက္ခဖြစ်ပြီး ရွာသားများကဖမ်းဆီးထားသော ရဲတပ်ဖွဲ့ဝင်များကို ရဲအင်အားတစ်ရာကျော်ဖြင့် သွားရောက်ကယ်တင်ခဲ့ရသော ဖြစ်စဉ် တစ်ခု နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် စက်တင်ဘာ ၁၉ ရက် နံနက် ၂ နာရီခန့် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ၀ရမ်းထုတ်ထားသည့် ရွာသားခြောက်ဦးကို ရွှေသွင်းကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးစဉ် ရွာသားအင်အား သုံးရာခန့်က ပြန်လည်ဝိုင်းရံကာ အဆိုပါရဲတပ်ဖွဲ့ဝင် ငါးဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်
“ရွာသားတွေက အင်အားအရမ်းများပြီး မင်းတို့ကို ပြည်သူတွေဝိုင်းထားပြီ။ လက်နက်ချပါလို


