တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို လက်နက်တင်ပို့တဲ့အထဲမှာ ထိပ်ဆုံးမှာ
ရှိနေတဲ့ကြောင်း ဆွီဒင်နိုင်ငံ အခြေ စိုက် စတော့ဟုမ်း နိုင်ငံတကာ
ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကမ္ဘာ့လက်နက် တင်ပို့ရောင်းချတဲ့
ဈေးကွက်မှာ အဆင့် ၅ နေရာ ကို ရောက်ရှိလာပါတယ်။ အဲဒီအရင်ကတော့ ကမ္ဘာ့လက်နက်
တင်ပို့မှုအများဆုံး အဆင့် ၈ နိုင်ငံ ဖြစ်ခဲ့ တာပါ။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မြန်မာနိုင်ငံကို လက်နက်
ထောက်ပံ့နေတဲ့ နိုင်ငံထဲမှာ တရုတ်နိုင်ငံက နံပါတ် ၁ ဖြစ်နေ ရာမှာ
ရေယာဉ်ပေါ်ကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် လက်နက်မျိုးပါဝင်ကြောင်းသိရပြီး
လက်နက်နဲ့ ပက် သက်တဲ့ အပိုပစ္စည်းကို


