မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်. Show all posts
Showing posts with label လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်. Show all posts

Monday, 27 May 2013

လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေး

- လားဟူတိုင်းရင်းသားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ရှမ်းပြည်တစ်ပြည်လုံးရှိ လားဟူတိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်များ၊ဘာသာရေးခေါင်းဆောင်များ၊ လားဟူတိုင်းရင်းသားခေါင်းဆောင်များ၊ မြို့နယ်အသီးသီးမှ လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ နှင့် ကျေးရွာဒေသ အုပ်ချုပ်ရေးခေါင်းဆောင်များက မေလ(၂၄)ရက်မှ (၂၅)ရက်နေ့အထိ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)အတွင်းရှိ လားဟူဘော်ဒါဆောင်မှာ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ကြသည်။

ပထမအကြိမ် လားဟူတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲအား ဖွင့်ပွဲအဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလှရှဲန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် လားဟူတိုင်းရင်းသားများကိုယ်စား တာချီလိတ်ခရိုင် လားဟူစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ( အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ) ဦးဝီလ်ဆင်မိုး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်မှုအပြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့