မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label လူကုန်ကူးခံရတဲ့ ကလေးငယ် ၉၀ ကို ကယ်တင်နိုင် ၃၀၀ ကိုဖမ်းဆီး. Show all posts
Showing posts with label လူကုန်ကူးခံရတဲ့ ကလေးငယ် ၉၀ ကို ကယ်တင်နိုင် ၃၀၀ ကိုဖမ်းဆီး. Show all posts

Sunday, 29 September 2013

လူကုန်ကူးခံရတဲ့ ကလေးငယ် ၉၀ ကို ကယ်တင်နိုင် ၃၀၀ ကိုဖမ်းဆီး

လူကုန်ကူးခံရတဲ့ ကလေးငယ် ၉၀ ကို ကယ်တင်နိုင် ၃၀၀ ကိုဖမ်းဆီး
Monday, September 30, 2013

တရုတ်နိုင်ငံမှာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်အယောက်ပေါင်း ၉၀ ကျော်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု လုပ်ငန်းလုပ်ကိုင်သူလို့ ယူဆရသူ လူပေါင်း ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

ပြည်နယ်ပေါင်း ၁၁ ပြည်နယ်က ရဲတွေ စုပေါင်းပြီး လူကုန်ကူးမှု ဂိုဏ်းကို နှိမ်နင်းခဲ့ရာက ခုလို ဖမ်းဆီးတာတွေ၊ ကယ်တင်တာတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလူကုန်ကူးဂိုဏ်းတွေထဲက တချို့လူတွေက ယူနန်ပြည်နယ်နဲ့ Sichuan ပြည်နယ်မှာ ကလေးတွေ ဝယ်ယူတဲ့ အလုပ်လုပ်ကိုင်ပြီး တချို့လူတွေက ကလေးကို ကုန်ကူးတဲ့ အလုပ်လုပ်တဲ့အကြောင်း၊ တချို့ကလည်း ကလေးရောင်းစားတဲ့ လုပ်ငန်းမှာလုပ်ကိုင်နေကြတဲ့ လူဆိုးဂိုဏ်းကြီး ဖြစ်တယ်လို့ တရုတ်ရဲအရာရှိက ရှင်းပြခဲ့ပါတယ်။

လူကုန်ကူးသူတွေက ကလေးငယ်တချို့ကိုလည်း အိပ်ဆေးတွေ တိုက်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အိမ်ထောင်စုတစ်စုမှာ ကလေးတစ်ယောက်နှုန်းသာ ယူခွင့်ပေးတဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲပြဿနာနဲ့ သားယောကျာင်္းလေးတွေကို သမီးမိန်းကလေးတွေထက် ပိုမြတ်နိုးတဲ့ ဓလေ့တွေကြောင့် ခုလို လူကုန်ကူးမှု ပြဿနာ ဖြစ်ပွားနေတာလို့ သုံးသပ်နေကြပါတယ်။

ကလေးငယ်တွေသာ ကုန်ကူးခံနေရတာမဟုတ်ပဲ တရုတ်နိုင်ငံမှာ အမျိုးသမီး ရှားပါးလွန်းတဲ့အတွက် အမျိုးသမီးတွေလည်း သတို့သမီးအဖြစ် လူကုန်ကူးခံနေရပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း ကုန်ကူးခံရတဲ့ အမျိုးသမီး ၂၃၀၀၀ ကို ကယ်တင်နိုင်ခဲ့ပြီး ကလေးငယ် ၁၃၀၀၀ ကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

အခုကယ်တင်ခဲ့တဲ့ ကလေးတွေကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ စောင့်ရှောက်ထားပြီး မိဘရင်းတွေ ပြန်တွေ့တဲ့အခါ မိဘတွေရဲ့ လက်ထဲ ပြန်လည်အပ်နှင်းမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia

http://www.myanmaronlinenews.net/2013/09/blog-post_321.html

Monday, September 30, 2013

တရုတ်နိုင်ငံမှာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်အယောက်ပေါင်း ၉၀ ကျော်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု လုပ်ငန်းလုပ်ကိုင်သူလို့ ယူဆရသူ လူပေါင်း ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ပြည်နယ်ပေါင်း ၁၁ ပြည်နယ်က ရဲတွေ စုပေါင်းပြီး လူကုန်ကူးမှု ဂိုဏ်းကို နှိမ်နင်းခဲ့ရာက ခုလို ဖမ်းဆီးတာတွေ၊ ကယ်တင်တာတွေ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလူကုန်ကူးဂိုဏ်းတွေထဲက တချို့လူတွေက ယူနန်ပြည်နယ်နဲ့ Sichuan ပြည်နယ်မှာ ကလေးတွေ ဝယ်ယူတဲ့ အလုပ်လုပ်ကိုင်ပြီး တချို့လူတွေက ကလေးကို