မန္တလေးတိုင်းဒေသကြီး အတွင်း လူသတ်မှု ဖြစ်ပွားမှုကို ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၃ အထိ နှိုင်းယှဉ်ပါက ဖြစ်ပွားသည့် အရေအတွက်မှာ တစ်ရှိန်ထိုး မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၀၉ ခုနှစ်က လူသတ်မှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လူသတ်မှုပေါင်း ၁၁၂ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ်အတွင်း လူသတ်မှုပေါင်း ၁၂၈ မှုဖြစ်ပွားခဲ့ရာ ငါးနှစ်အတွင်း လူသတ်မှုပေါင်း ၅၄ မှုခန့် တိုးလာကြောင်း အဆိုပါ မှတ်တမ်းများအရ ထပ်မံ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး ဖြစ်ပွားမှုသည် မုဒိမ်းမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ၇၅ မှု၊ ၂၀၁၂ ခုနှစ်တွင် ၆၀ မှုဖြစ်ပွားခဲ့ကာ တတိယအများဆုံး အမှုမှာ တိရစ္ဆာန်ခိုးမှု ဖြစ်ကြောင်း ယင်း မှတ်တမ်းများအရ သိရသည်။
လူသတ်မှုများသည် ရန်ငြိုးကြောင့် ဖြစ်ပွားမှု နည်းပါးပြီး အရက်သေစာ သောက်စားခြင်း၊ လက်နက်ပုန်းများ ကိုင်ဆောင် သွားလာခြင်းနှင့်


