မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက်. Show all posts
Showing posts with label သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက်. Show all posts

Thursday, 23 July 2015

သစ်ခိုးထုတ်မှုနဲ့ လူ ၁၅၃ ဦး ထောင်ဒဏ်တသက် စီရင်ခံရမှု တရုတ်သံရုံးတုံ့ပြန်


မြန်မာနိုင်ငံမှာ သစ်ခိုးထုတ်လုပ်မှုနဲ့ ဒီနှစ်စောစောပိုင်းက မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅၃ ယောက်ကို မနေ့က ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်တာဟာ ပြင်းထန်လွန်းကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ တည်ဆဲဥပဒေနှင့် ကိုက်ညီတယ်လို့ ထောက်ပြကြသလို မြန်မာ့နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိ တရုတ်-မြန်မာ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက်ကို မြစ်ကြီးနားခရိုင်တရားရုံးကနေ ဇူလိုင်လ ၂၂ ရက်နေ့က ထောင်ဒဏ် တသက် ပြစ်ဒဏ် စီရင်လိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ် တသက်တကျွန်း ဆိုတာကို မြန်မာနိုင်ငံ