- Created on Sunday, 31 March 2013 10:12
တရုတ်-မြန်မာ နယ်စပ် ရွှေလီကြယ်ခေါင်တွင် တွေ့ရသော သစ်လုံးတင်ကား တစ်စီးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ကချင်စစ်ပွဲ စခဲ့သည့် အချိန်မှစ၍ တရုတ်နိုင်ငံဘက်မှ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်လာပြီး တရုတ်နယ်စပ်တစ်လျှောက် ကချင်ပြည်နယ် မိုးမိတ်မြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ထီးချိုင့်အထိ သစ်ခိုးထုတ်သော ကားများနှင့် ယာဉ်ယန္တရားများ ၀င်ရောက်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
"တရုတ်ဘက်က သစ်မှောင်ခို ကုန်ကူးတဲ့ကားတွေက ကချင်စစ်ပွဲနောက်ပိုင်း တော်တော်အရှိန်မြင့်တက်လာတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး တရုတ်က သူ့ယာဉ်ယန္တရားနဲ့ သူဝင်ပြီး ခုတ်ယူနေတာ။ အခုဆို ကချင်ပြည်နယ်

