ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာရှိတဲ့ အစိုးရနဲ့
ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး
ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့
မူးယစ်ဆေးဝါးတွေနဲ့အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃
ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအိမ်ကို တစ်လလောက်
ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ
ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။
"သတင်းရတာတော့ကြာပြီပေါ့
ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁
လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို
အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့