* တချိန်က ဆယ်လန့်မြို့တော်ဟောင်းနေရာ
သျှမ်းလူမျိုးတို့မှာ နန်ကျောက်၊ နန်ချောင်၊ (နန်ကျောင်းဟုလည်း အရေးအသားရှိသည်) မွန်ဂိုရိုက် အနွယ်ဝင် (သျှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်း ဆက်၏ တန်းခိုးထွား လာမှု အောက်တွင် “နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ)” ပြိုလဲပြီး အင်အားနည်းပါ သွားခဲ့ရသည်။ သို့သော် အလုံးစုံပျက်စီး သွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေ နိုင်ခဲ့သေးသည်။
တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁-ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း “သျှမ်း-တိုင်း” တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့ မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ သျှမ်းလူမျိုးအဖြစ် ပေါ်ထွက် လာကြသည်။ မြန်မာနိုင်ငံတွင် မြန်မာပြည်မြောက်ပိုင်းနှင့်


