ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းကနေ အင်းစိန်စည်ပင်သာယာရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ကိုဇော်လင်းက သားသမီးတွေ ကျောင်းတက်နေတဲ့အချိန်ဖြစ်တာကြောင့်


