မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label အတိတ်ကပုံရိပ်များ. Show all posts
Showing posts with label အတိတ်ကပုံရိပ်များ. Show all posts

Saturday, 18 May 2013

ဂဠုန် ဆရာစံ ရေးခဲ့တဲ့ ကဗျာ လင်္ကာ

 အတိတ်ကပုံရိပ်များ
တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ သာယာဝတီထောင်မှ တရားရုံးသို့အသွား ဓါတ်ပုံ http://honestchoose.blogspot.com/မှ

“ဂဠုန် ဆရာစံ ရေးခဲ့တဲ့ ကဗျာ လင်္ကာ ”

မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲ မှတ်ရာ
လူ့ တံထွာတည်း။

မီးတစ်ဆယ့်တစ်၊ ငြိမ်းရာ ဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။

ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့ စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။

ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။
တောင်သူ လယ်သမား အရေးတော်ပုံ ခေါင်းဆောင် ဂဠုန်ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ သာယာဝတီထောင်မှ တရားရုံးသို့အသွား ဓါတ်ပုံ “ဂဠုန် ဆရာစံ ရေးခဲ့တဲ့ ကဗျာ လင်္ကာ ”

မည်သူ မည်ဝါ ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲ မှတ်ရာ
လူ့ တံထွာတည်း။

မီးတစ်ဆယ့်တစ်၊ ငြိမ်းရာ ဖြစ်သော
စင်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက် ၊မရောက်ရသေး
လူတဝေးတို့ ၊သေဘေးတွေ့ ရ
ဖြစ်ကအမြန်၊ ပျက်မြဲ ပြန်တည်း။

ကြောက်သွေးဟူ၍ ၊နှမ်းတစ်စေ့မှ
မဝှေ့ စိတ်ထဲ၊ ရိပ်မစဲသည့်
အမြဲမတည် ၊လူသည်ဟူကား
မရှည်အသက်၊ ကြာနေ ပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါအမြင်တည်း။

ထက်အောက်မြန်မာ၊ လူတကာတို့ 
ဆရာခေါ်ဆို၊ ငါ့ဂုဏ်ကိုလျှင်
ကြူးပိုသည်ရုံး၊ ဘယ်သို့ ထုံးလည်း
အဆုံး ဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။