မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ဒေါ်အောင်ဆန်းစုကြည် ပြောကြား. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည် ပြောကြား. Show all posts

Saturday, 31 August 2013

ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား ။

နေပြည်တော်၊ သြဂုတ် ၃၀

ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် မည်သို့သော အပြောင်းအလဲ ဖြစ်နိုင်သည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲများ ရှိခြင်း မရှိခြင်းကို မစဉ်းစားဘဲ အမြန်ဆုံးပြန်လည် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် နိုင်ငံရေး မတည်ငြိမ်မှုကို ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော စွပ်စွဲပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှု မရှိသဖြင့် မှန်ကန်သည်ဟုဆို၍ မရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို ဘာသာရေး ခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုသည်။

ပဋိပက္ခများ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား၊ အထောက်အကူပြု ပစ္စည်းနှင့် ပဋိပက္ခ ထိန်းချုပ်နိုင်သော စွမ်းရည်များ လိုအပ်နေသေးကြောင်း၊ အစိုးရက အမြန်ဆုံး ဖြည့်ပေးရန် တာဝန်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအသွင်ကူးပြောင်းမှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးကော်မရှင်က သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

နေပြည်တော်၊ သြဂုတ် ၃၀

ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။
“အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ