ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်နေကြရာမှ
ခေတ္တနေရပ်ပြန်သွားကြသည့် မြန်မာအလုပ် သမားများအား ဘုရားသုံးဆူနှင့်မဲဆောက်
လမ်းဂိတ်များ တွင်ငွေကြေးပေး နေရကြောင်း အလုပ်သမားများ ကပြောသည်။
ကန်ချဘူရီ ဘုရားသုံးဆူ ဘက် လမ်းတွင် ၈ ဂိတ်နှင့် ဘန်ကောက် မဲဆောက်လမ်းဂိတ်၆ဂိတ် တို့တွင် တစ်ဂိတ်လျှင် အလုပ် သမားတစ်ဦး ထံမှ ဘတ်ငွေ၁၀၀စီ အသွားရော အပြန်ပါ ပေးဆောင်နေကြရကြောင်း အလုပ်သမားများက ပြောသည်။
ဘန်ကောက်မြို့ဆူကူဗစ်လမ်း၂၀ တွင် အိမ်ဖေါ်အ လုပ်လုပ်နေသည့် မအဲဖေါ့ သည် မဲဆောက်လမ်းမှ ကရင်ပြည်နယ် ဘားအံမြို့သို့ ခေတ္တပြန်သွားခဲ့စဉ် သူကြုံတွေ့ခဲ့ရပုံကိုပြော ပြရာတွင် “သမီးတို့မှာသွေးစစ်လက်မှတ်၊ ပတ်စပို့၊ ၀တ်ပါမစ် ပါ အစုံပါပါတယ်။ ဒါပေမယ့်မရဘူး တစ်ဂိတ်ကို ဘတ်၁၀၀ စီပေးရတယ်။ သမီးလည်း မခံချင် လို့ သူဌေး ကို ပြန်ပြီး ဖုန်း ဆက်တယ်။ ပုလိပ်က ဘာပြောလဲဆိုတော့ အလှူ တဲ့။ ကားပေါ်ပါသမျှ မြန်မာ အလုပ် သမားတွေအားလုံးပေးရပါတယ်။ မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ မြန်မြန်ရပ်တန့်ဖို့ ထိုင်းအစိုးရကို အမြန် ဆုံးပြောစေချင် ပါတယ်” ဟုပြောသည်။
ထိုင်းနိုင်ငံအနှံ့အပြားမှ ပတ်စပို့ ကိုင်ဆောင် ထားကြသည့် မြန်မာ အလုပ်သမား အမြောက် အမြားနေ ရပ် ရင်းသို့နေစဉ်သွား လာနေ ကြသည်။ ၂ထပ်လိုင်းကားများအပြင် လုတု ဟု ခေါ်သည့် ပေါင် မုံ့ ကားများဖြင့်ပါ ခရီ သွားလာနေ ကြကြောင်း သိရသည်။ အချို့ကားများမှာ ပုလိပ် များနှင့်ညှိ ထား သည်ဟု