မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label မေတ္တာစစ်သည်တော်. Show all posts
Showing posts with label မေတ္တာစစ်သည်တော်. Show all posts

Sunday, 17 March 2013

မေတ္တာစစ်သည်တော်


အရှင်ဆန္ဒာဓိက (နတ်မှီတောရ)
မတ်လ ၁၇၊ ၂၀၁၃


တစ်ချိန်က ဂျပန်စစ်တပ်ရဲ့ တပ်ဖွဲ့တစ်ခု စစ်လေ့ကျင့်ခန်းလုပ်ဖို့ နေရာရှာလိုက်တဲ့အခါ  ဆရာတော် “ဂတ်ဆန်” ရဲ့ ကျောင်းကို ရွေးချယ်လိုက်ကြတယ်လို့ ဆိုတယ်။
အများအားဖြင့်တော့ “ဇင်” ဘုန်းတော်ကြီးတွေဆိုတာ အသားစား ရှောင်ကြဉ်ကြတာဖြစ်လို့  ကျောင်းထဲ ရောက်လာတဲ့ စစ်ဗိုလ်၊ စစ်သားတွေ အသားဟင်းချက်စားမှာကို လိုလားဟန် မတူပါဘူး။ ဒါကြောင့်လည်း ဆရာတော်  “ဂတ်ဆန်”က သူ့စားဖို ချောင်သမားကို စစ်ဗိုလ်စစ်သားတွေ ကျောင်းထဲမှာ စခန်းချခိုက် စားမယ့် အစားအစာအဖြစ် အသားမပါတဲ့ သက်သတ်လွတ် ချက်စားကြဖို့ အပြောခိုင်းလိုက်ပါတယ်။
ဒီတော့ စစ်သားတွေက အသားစုံစားကြသူများဖြစ်လို့ ဆရာတော်အပေါ် မကျေမနပ် ဖြစ်လာကြတယ်။ ဆရာတော် စကားကို နားမထောင်နိုင်ကြောင်း ပြောကြဆိုကြရင်း စစ်ဗိုလ်တစ်ယောက် ဆရာတော်ထံ ရောက်လာပြီး “ကိုယ်တော် တပည့်တော်တို့ကို