မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Showing posts with label ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်. Show all posts
Showing posts with label ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်. Show all posts

Saturday, 1 August 2015

အရေးပေါ် အခြေအနေ ကြေညာဖို့ နောက်ကျသွားပြီ ဆိုတဲ့ ဦးထွန်းလွင်

ရာသီဥတု, မုန်တိုင်း, ရေကြီးရေလျှံ
ဦးထွန်းလွင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့် နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။ အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့