ကိုရီးယား နိုင်ငံ ဆမ်ဆောင်းကုမ္ပဏီက မြန်မာ နိုင်ငံတွင် တယ်လီဖုန်းထုတ်လုပ် သည့်စက်ရုံ လာရောက်တည် ထောင်ရန် ကမ်းလှမ်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ပြောသည်။ ဩဂုတ်၂၃ရက်က နေပြည် တော်သမ္မတရုံး၌ ပြုလုပ်သော ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံး ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ဆမ်ဆောင်းကုမ္ပဏီက ကန်ဒေါ်လာ ၁ဝဘီလီယံ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ထားတယ်။ သူတို့က ဒီမှာ ဖုန်း စက်ရုံထောင်ဖို့အတွက် လျှပ်စစ် စီစဉ်ပေးရမယ်။ လျှပ်စစ်မပေးနိုင် သေးတဲ့အတွက် လာဖို့စောင့်နေ ကြတာဖြစ်ပါတယ်''ဟု ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက


